Sunday, May 17, 2009

ဗန္ဓုလတပ်ခွဲကြွေးကြော်သံ

Bandoola Brings the Best
Bandoola Brings the Best
Bandoola Brings the Best

ဗန္ဓုလတပ်ခွဲဟာ အားကစားပြိုင်ပွဲတွေမှာပဲဖြစ်ဖြစ် တစ်ခုခု သံပြိုင်အောင်ဖို့ ကိုယ့်တပ်ခွဲကို ဂုဏ်ပြုဖို့ အကြောင်းရှိတဲ့အခါမှာ ဒီဆောင်ပုဒ်ကို သံပြိုင်ကြွေးကြော်လေ့ ရှိပါတယ်။ ဒီဆောင်ပုဒ် ပေါ်လာတဲ့အကြောင်းက ဒီလိုပါ။ ၁၉၉၇ ကနေ ၂၀၀၁ အထိ အပတ်စဉ်လေးခု သက်တမ်းရှိတဲ့ ဒီခရမ်းရောင်တပ်ခွဲ ပေါ်ကာစမှာ ဗန္ဓုလကုမ္ပဏီက LUX ကိုယ်တိုက်ဆပ်ပြာကို ကြော်ငြာရာမှာ ဒီ Bandoola Brings the Best ဆိုတဲ့ ဆောင်ပုဒ်ကို သုံးပါတယ်။ ဒီကြော်ငြာက မင်းသမီးလှလှ လေးယောက်နဲ့ ကိုယ်တိုက်ဆပ်ပြာ လေးမျိုးကို ကြော်ငြာတာ သူ့ခေတ်သူ့အခါ အောင်မြင်တဲ့ ကြော်ငြာတစ်ခုပါ။ ဒီကြော်ငြာက စာသားလေးကို ယူပြီး ဗန္ဓုလတပ်ခွဲက ကြွေးကြော်ခြင်းဖြစ်ပါတယ်။

Bandoola Brings the Best
Bandoola Brings the Best
Bandoola Brings the Best

Friday, April 24, 2009

ဗမာတို့ရဲ့တပ်မတော်


ဗမာ ဗမာ ကမ္ဘာပေါ်မှာ ကြွားနိုင်စေဖို့ရာ
ဗျူဟာပညာ တို့အမျိုးသားတို့ နားလည်စေချင်တာ
ဗျူဟာပညာ သင်ကြားကြဖို့ ကြိုးစားတို့မြန်မာ
တို့အမျိုးငဲ့ အကျိုးတွက်တာ သယ်ပိုးစေဖို့ရာ
သေနင်္ဂမှာ ထိပ်တန်းကသာ
လူငယ် တစ်တွေဟာ ဗမာတို့ရဲ့တပ်မတော် ၀င်ရန်အချိန်သင့်တော်
ဗမာအောင်လံ ဗမာထောင်ရန် တို့တာဝန်ကြီးပါ
အာဇာနည်တွေ တို့သွေးချွေးနဲ့ ရင်းနိုင်စေပြန်တာ
အာဇာနည်တွေ လွတ်လပ်ရေးအတွက် စွမ်းဆောင်ခဲ့ပေတာ
တို့အမျိုးနဲ့ တို့တိုင်းတွက်တာ သယ်ပိုးစေဖို့ရာ
အောင်လံထွန်းပြောင် ကြယ်ပေါင်းခကာ
ဗမာ အောင်လံပါ
ဆောင်ရန်ကျင်းတော့ အလင်းရောင်ပေါ်
မြန်မာတို့ရဲ့ တပ်မတော်

လက်ရုံးစစ်ချီသီချင်း

ရဲရဲတောက် တို့မြန်မာတွေ သတ္တိခဲတွေ
ရာဇ၀င်ထိုးလောက်အောင်စွန့်ပေ
ကိုယ်လက်အင်္ဂါ ကျန်းမာချမ်းသာ
အာဇာနည်သွေးတွေ အရိုးကျေကျေ တို့ပြည်တို့မြေ
ခေတ်ဆွေးကို ပြောင်းပြန် ခေတ်သစ်သို့စီမံ လွတ်လပ်ဖို့စိတ်အကြံ
ညီစေနော် တို့ရဲဘော် ချီတက်ကြစို့တူပျော်ပျော်
ဘယ်ညာ ဘယ်ညာ မြန်မာပြည် ငါတို့ပြည် မြန်မာပြည်ငါတို့ပြည်
ခင်ခင်မင်မင် အမျိုးကို စောင့်ကြ ဘယ်ညာဘယ်ညာ
ဇာနည်တွေ လာပြီလေ ဒီအချိန်ခါ ညီညာစေ
မြန်မာဆိုဓားကို ဆွဲလို့ ထွက်ဖို့တော်ပြီလေ
တေးရေး-၀ိုင်အမ်ဘီ ဆရာတင်


အာရှသူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း


ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်
ငါတို့ဗမာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည် မိဘအပေါင်းတို့ကကွယ် အာဇာနည် အစစ်တွေကို ရှိဖို့မွေးရမယ်
သြော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်
ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတဲ့
မကြောက်တမ်း မရွံတမ်း ဗမာတွေအောင်ပန်း ဆွတ်ကြလေပြီကွယ်
ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်းထိုးလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်
တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ မျိုးဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို နွံတွင်းမှကယ်
တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
အာရှနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
နေမျိုးသာကီ ဗမာပြည်လက်ရုံး ကမ္ဘာ့နိုင်ငံအလုံး ထင်ပေါ်စေမယ်
စိတ်အားသန်သန် မာန်ကို မလျှော့တယ်
ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ ဂုဏ်ရည်ရယ်
တကယ်ပင် သတိုးမဟာ ဗန္ဓုလနှယ် စွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်
သားကောင်းများလို့ ခေါ်ရလောက်ပေတယ်
ဥဒါန်းတွင်စေဖွယ် ဗမာသူရဲကောင်း အပေါင်းတွေရယ်
တေးရေး-သဟာယ ဆရာတင်

ဖန်နေ၀န်း


ဖန်နေ၀န်းသို့ညီ ထွန်းလင်းပြောင်ပေသည်
ဒါတို့တိုင်းတို့ပြည် တို့ကာကွယ်မည်
ထူးမြတ်တဲ့ တို့တိုင်းပြည် တိုင်းရင်းသား ငါတို့လူမျိုးပိုင်ရမည်
လွတ်လပ်တဲ့ တို့တိုင်းပြည် ငါတို့ရဲ့ ခြင်္သေ့စိတ်ထား တည်ရမည်
အာဇာနည် ရဲမက်တွေသည် ဇွဲနဲ့တိုက်မည်
ဗမာတွေ နိုးကြားလာပြီ အမျိုးသားစစ်သည်
သေပေစီ ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည် ခိုက်မည်
တပ်မတော်ကြီးလည်း ချီလာပါပြီ
အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ
ဗမာအာဇာနည် ကမ္ဘာမှာတာရှည် ခိုင်မာအောင်သာငါတို့ကြံဆောင်မည် အောင်ပြီ
အဖတိုင်းပြည် တို့ကိုင်းညွတ်မည်
စည်းလုံးပြီးဆောင်ရွက်ကာတို့ ကာကွယ်မည်
ခွန်အားနဲ့ညီ စွန့်စားခဲ့သည်
ရဲသွေးနဲ့ သေမင်းကို သစ္စာနှံမည်
ဗမာမှန်လျှင် သတ္တှိရှိသည်
အသက်နဲ့လဲမယ့် ရဲဘော်ဖြစ်သည်
မျိုးရိုးအာဇာနည် စစ်ကိုလဲ အမြဲတိုက်ရမည်
ဗမာပြည်ကို တို့စောင့်ရှောက်မည်
အသက်နဲ့လဲမယ့် ရဲဘော်ဖြစ်သည်
တေးရေး-ရွှေတိုင်ညွန့်

မျိုးမြန်မာပြည့်ရွာ



မျိုးမြန်မာပြည်ရွာ တို့စောင့်ရှောက်ဖို့ပါ
ညီအစ်ကိုတို့များ ပေါင်းစုကာ ရင်မြေကတုတ်ပမာ
စစ်သွေး စစ်ရေးမွေးလို့သာ ဇာနည်စိတ်ထားတာ ငါတို့ဗမာ
ဒေါင်းလံတလူလူ ထူလို့သာ မြင်ရဦးတော့မှာ
ဗမာပြည်တိုင်းတခွင် အောင်ပွဲဆင်
တူယှဉ်ကာလဲ တိုက်ခဲ့တယ် ဇာမဏီ စိတ်ထားရယ်
ဟေ ရဲဘော် ရဲဘော် စစ်သည်တော်
တူယှဉ်ကာတိုက်မနော် တူပျော်ပျော်
နောင်ဥဒါန်းတွင်ရစ်အောင် စွန့်စားကြစို့နော်



မြန်မာအာဇာနည်


တို့ဗမာတွေ ရဲစွမ်းပြမည် အာဇာနည်ပီပီ
တို့ရဲဘော်များ အားလုံးညီညီ အသက်စွန့်ကာ တိုက်မည်
မျိုးရိုးနဲ့ ရာဇ၀င်မော်ကွန်းတည် သူရဲကောင်းများ ထွန်းကားသည်
မင်းရဲကျော်စွာ တပင်ရွှေထီးပုံညီ
ဘုရင့်နောင်ပါ အလောင်းဘုရားတို့သည်
ဗမာရဲသွေး မွေးခဲ့သည်
ရဲဇာနည် အောင်တပ်တော်ချီ
ဇွဲနဲ့ တို့များ တိုက်ခိုက်မည်

တေးရေး-ရွှေတိုင်ညွန့်