မခွဲမခြား ခိုဝင်ငြားသော
သားလှများကို အချစ်ပို၍
မလျှိုပညာ သင်ပေးပါသည်
မေတ္တာကြီးသော မိခင်ပျို။
လက်ရုံးရည်အား ဆတိုးပွားပြီး
သားတို့ဖြစ်တည် နှလုံးရည်နှင့်
ရွှင်ကြည်စိတ်ထား ပြည်သူ့သားဟု
ထင်ရှားကျော်ကြား သားကောင်းများကို
မွေးဖွားပေးသော မိခင်ပျို။
အမေမွေးဖွား အမေ့သားတို့
အားထုတ်ကြိုးစား ဂုဏ်မြင့်မားအောင်
ကြွားကြွားဝင့်ဝင့် မာန်ဟုန်ဆင့်၍
မြှင့်တင်ပေးလျက် ပြည်သူ့တွက်။
ဩော် . . .
စစ်တက္ကသိုလ် မိခင်ပျိုသည်
ရွှန်းစိုလန်းဆန်း ချယ်ရီပန်းနှင့်
စမ်းရေပမာ မေ့မေတ္တာတို့
ပွင့်ဖြာလန်းဝေ အေးမြစေလျက်
အမေ၏သား ပြည်သူ့သားဟု
အားသစ်မာန်သစ် နုပျိုမျစ်သော
မျိုးချစ်ဇာနည် အောင်စစ်သည်တို့
စိတ်ညီဆပွား စဉ်မွေးဖွားကာ
ငွားငွားစွင့်စွင့် ပွဲလယ်တင့်အောင်
လွှင့်ထူတက်လှမ်း အမေစွမ်းသည်
အေးချမ်းမြင်းမိုရ် မိခင်ပျို။
သားကောင်းကွန်းခို စစ်တက္ကသိုလ်။ ။
နေထွဋ်အောင်(ပေါက်ခေါင်း)
ဗလအမှတ် ၂၅၄၂၂ ဗလနေထွဋ်အောင်
အီလက်ထရောနစ် အထူးပြု
စတစ (၅၃)
နရထ (၅)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )
ဗလအမှတ် ၂၅၄၂၂ ဗလနေထွဋ်အောင်
အီလက်ထရောနစ် အထူးပြု
စတစ (၅၃)
နရထ (၅)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )
No comments:
Post a Comment