နေရောင်ဖြိုးဖျ အလင်းရစဉ်
ဝင်းပမထင် ပတ်ဝန်းကျင်ဝယ်
မင်းလွင်မစဲ နှင်းမကွဲသေး
ဝေ့ဝဲအနှံ့ ပန်းရနံ့တို့
မွှေးပျံ့နေစွ သမယသည်
အေးမြသယောင် မွှေးသယောင် . . . ။
ဝိဇယ ဟု
နာမခေါင်ကျူး ဘွဲ့ဂုဏ်ထူးရ
ထွတ်ဦးစေတီ မွေသရီသည်
ရွှေရည်သင်းထုံ အဆင်းဂုဏ်နှင့်
နှင်းမှုန်ကြားဝယ် ကြည်ညိုဖွယ် . . . ။
စိန်ပန်းပင် ပေါ်
ရွှင်ပျော်ပြယုဂ် ငှက်တစ်အုပ်လည်း
လှုပ်ရှားရုန်းကန် လေကိုဆန်လျက်
ပျံကာဝဲကာ အစာရှာပြီ
သာယာခွန်းဆက် တေးဆိုလျက် . . . ။
ရဲသုံးဘော် ကား
ပေါ်လွင်ထင်ရှား ဝံ့ဝံ့ကြွားလျက်
စွမ်းအားသတ္တိ မပြတ်ရှိလျက်
အမိမြေတွက် သွေးအသက်တို့
ပေးဆက်မည့်ဟန် သွင်သဏ္ဌာန်။
နောင်တစ်ခေတ်၏ အောင်စစ်သည် လျှင်
စွမ်းရည်ဂုဏ်မြောက် အားကိုးလောက်သည့်
ဖြိုးမောက်တည်ကြည် ရဲသွေးနီသော
ပြည်ချစ်သားကောင်း ဖြစ်စေကြောင်းတွက်
နှစ်ထောင်းလေ့ကျင့် ရွက်ကုန်ဖွင့်သော်
ကျူးရင့်အားမာန် အောင်ဓိဌာန်သည်
မိုးယံပဲ့တင် ထပ်သတည်း . . . ။ ။
လွမ်းစစ်နိုင်(ပုလော)
ဒုတိယဗိုလ်သက်နိုင်
စတသ(၅၂)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )
ဒုတိယဗိုလ်သက်နိုင်
စတသ(၅၂)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )
No comments:
Post a Comment