Friday, April 20, 2012

စစ်တက္ကသိုလ် အမှတ်စဉ် (၄၃) ဗိုလ်လောင်းသင်တန်းကျောင်းဆင်းပွဲ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစီအစဉ်


အပိုင်း (၁)
ဘွဲ့အပ်နှင်းရန် ပညာရေးအဖွဲ့ ပြဌာန်းခြင်း
၁။    စစ်တက္ကသိုလ်၏ ဘွဲ့များ အပ်နှင်းကြောင်း ကြေငြာပြဌာန်းရန် အလို့ငှာ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော စစ်တ္ကသိုလ် ပညာရေး အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ဝတ်စုံများကို ဝတ်ဆင်လျက် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမရှိ အစည်းအဝေးခန်း (Council Chamber) သို့ ဆောလျင်စွာ စုရုံး ရောက်ရှိနေကြရမည်။
၂။    ဘွဲ့များကို အပ်နှင်းရန် စစ်တက္ကသိုလ် ပညာရေးအဖွဲက  ပြဌာန်းကြေငြာမည့် အကြောင်းကို ဘွဲ့ယူသူများ ကိုယ်စား စာပေညွှန်ကြားရေးမှူးက အောက်ပါအတိုင်း ပန်ကြားပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ် ခင်ဗျား စစ်တက္ကသိုလ် စာစစ်ပုဂ္ဂိုလ်များ၏ အစီရင်ခံချက်များအရ စစ်တက္ကသိုလ် ပညာရေးအဖွဲ့က စစ်တက္ကသိုလ် ဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု ကြေညာပြီး ဖြစ်သော ပုဂ္ဂိုလ်တို့အား ယင်းဘွဲ့များကို ခံယူစေကြောင်း ပြဌာန်းပါရန် ကျွန်တော်က အဆိုပြုပါသည်"
ပါမောက္ခချုပ်
"ဤသို့ ပြဌာန်းရန် သဘောတူပါ၏လော"
ပညာရေးအဖွဲ့ဝင်များ
"သဘောတူပါသည်"
ပါမောက္ခချုပ်
"အဆိုပြုချက်အတိုင်း ပြဌာန်းသည်"
၃။    ပြဌာန်းချက်များ ပြီးဆုံးသောအခါ-
စာပေညွှန်ကြားရေးမှူး
"ပါမောက္ခချုပ်ခင်ဗျား- ပါမောက္ခချုပ်၏ ဘွဲ့နှင်းသဘင် မိန့်ခွန်းကို စက်တင်ပုံနှိပ်၍ ဤစစ်တက္ကသိုလ် မော်ကွန်းတိုက်၌ ထိန်းသိမ်းထားရန် စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ဆုံးဖြတ်ပြီး ဖြစ်ကြောင်း မော်ကွန်းထိန်းအား ဘွဲ့နှင်းသဘင် ပရိသတ်သို့ ကြေညာရန် အဆိုပြုပါသည်"
ပါမောက္ခချုပ်
"ဤသို့ ကြေညာရန် သဘောတူပါ၏လော"
ပညာရေးအဖွဲ့ဝင်များ
"သဘောတူပါသည်"
ပါမောက္ခချုပ်
"အဆိုပြုချက်ကို လက်ခံ အတည်ပြုပါသည်။"

အပိုင်း (၂)
ပညာရေးအဖွဲ့ဝင်များ နေရာယူခြင်း

၎။    ဆိုင်ရာ ဝတ်စုံများကို ဝတ်ဆင်ထားသော ဘွဲ့ယူမည့် သူများနှင့် ဧည့်သည်များသည် မိမိတို့၏ နေရာများတွင် အသင့်ရှိနေကြရမည်။ ဘွဲ့ယူမည့် သူများသည် ဘွဲ့ဝတ်စုံ ဦးထုပ်ပေါ်ရှိ ပန်းဖွားကို ဦးထုပ်၏ ဘယ်ဘက်တွင် ချထားရပါမည်။
၅။    ထို့နောက် စစ်တက္ကသိုလ် ပါမောက္ခချုပ် အမှူးပြုသော ပညာရေးအဖွဲ့ဝင်များသည် စင်မြင့်ပေါ်သို့ အစီအစဉ်အတိုင်း ကြွရောက် လာကြပါမည်။
၆။    ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ အစည်းအဝေး ခန်းမဆောင်မှ ထွက်ခွာ၍ ဘွဲ့နှင်းသဘင် ခန်းမဆောင်သို့ စတင် ဝင်ရောက်သည်မှ ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်သို့ ရောက်သည်အထိ စစ်တီးဝိုင်းက အနှေးလျှောက်တီးလုံးကို တီးမှုတ်မည်။ စင်မြင့်ပေါ်သို့ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ တက်ရောက်လာကြကာ မိမိတို့အတွက် သတ်မှတ်သည့် နေရာများတွင် နေရာယူ ကြရမည်။
၇။    ထို့နောက် စစ်တီးဝိုင်းက နိုင်ငံတော် သီချင်းကို တီးမှုတ်၍ ဘွဲ့နှင်းသဘင် အခမ်းအနား ဖွင့်လှစ်မည်။ တီးမှုတ်စဉ် ပရိသတ် ငြိမ်သက်စွာ မတ်တပ်ရပ် နေကြရမည်။ တီးမှုတ်ခြင်း ပြီးဆုံးသောအခါ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ထိုင်ပြီးနောက် ပရိသတ်များ ထိုင်ကြရမည်။

အပိုင်း (၃)
သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခြင်း

၈။    ထို့နောက် မော်ကွန်းထိန်းက အောက်ပါအတိုင်း ပန်ကြားပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ် ခင်ဗျား- စစ်တက္ကသိုလ်၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပေးပါရန် ပန်ကြားအပ်ပါသည်"
၉။    ထိုအခါ ပါမောက္ခချုပ်က ဤသို့ အမိန့်ရှိမည်-
" ဆိုင်ရာ စာမေးပွဲများကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာခြင်း ခံရသူများကို ဘွဲ့များ အပ်နှင်း လက်မှတ်ပေးရန် ဤ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကို ကျင်းပသည် "
" စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု ကြေငြာခြင်း ခံရသူများ မတ်တပ်ရပ်ကြစေ "
၁၀။    ထို့နောက် ဘွဲ့ယူမည့်သူများ မတ်တပ်ရပ်နေခိုက် ပါမောက္ခချုပ်က အောက်ပါ မေးခွန်းများကို မေးမည်-
" စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ထောက်ခံချက် ပေးပြီးသော ဘွဲ့များကို အသင်တို့အား အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆို လုပ်ဆောင်မှု၌ စစ်တက္ကသိုလ် ဘွဲ့ရများပီပီ လျော်ကန် ထိုက်တန်စွာ နေထိုင် ပြောဆို ကြပါမည်ဟု ရိုးသား ဖြောင့်မတ်စွာ ကတိပြုကြမည်လော "
ဘွဲ့ယူမည့်သူများ
" ကတိပြုပါသည်။ "
ပါမောက္ခချုပ်
" ကိုယ်ကျင့်တရား မြင့်မြတ်မှုနှင့် ကောင်းမွန်သော ပညာရှာမှီးမှုတို့ကို အခွင့်အရေး အစွမ်းသတ္တိ ရှိသမျှ ချီးမြှင့် ဆောင်ရွက် ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ကတိပြုကြမည်လော "
ဘွဲ့ယူမည့်သူများ
" ကတိပြုပါသည် "
ပါမောက္ခချုပ်
" ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းသာယာ ဝပြောရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အစွမ်းရှိသမျှ ဆောင်ရွက် ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ကတိပြုကြမည်လော။ "
ဘွဲ့ယူမည့်သူများ
" ကတိပြုပါသည် "
၁၁။    ထို့နောက် ဘွဲ့ယူမည့်သူများ ထိုင်ကြရမည်။
၁၂။    ထို့နောက် ပါမောက္ခချုပ်က ဤသို့ အမိန့်ရှိမည်-
" သက်ဆိုင်ရာ စာမေးပွဲများကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာခြင်း ခံရသူများအား ကျွန်ုပ်က ဘွဲ့များ အပ်နှင်းပါမည်။ "
၁၃။    ထိုအခါ မော်ကွန်းထိန်းက ဘွဲ့ယူမည့် သူများကို ပါမောက္ခချုပ်ထံမှောက်သို့ ပို့ဆောင်ရန် အောက်ပါအတိုင်း အစီရင်ခံပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား မဟာဝိဇ္ဇာဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( မဟာဝိဇ္ဇာဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား မဟာသိပ္ပံဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို

ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( မဟာသိပ္ပံဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား မဟာဒဿနဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော

သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( မဟာဒဿနဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား ဝိဇ္ဇာဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို

ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( ဝိဇ္ဇာဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား သိပ္ပံဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို

ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( သိပ္ပံဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား ကွန်ပျူတာသိပ္ပံဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော

သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( ကွန်ပျူတာသိပ္ပံဘွဲ့များ အပ်နှင်းခြင်း )

၁၄။    ဘွဲ့များ လက်ခံ ရယူပြီးနောက် ဘွဲ့ယူပြီးများ အားလုံး မတ်တပ်ရပ် ကြရမည်။
၁၅။    ထိုအခါ စစ်တက္ကသိုလ် ပါမောက္ခချုပ်က ဤသို့ အမိန့်ရှိမည်-
" ဤ စစ်တက္ကသိုလ်၏ ဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု ကြေညာပြီး ဖြစ်သော သင်တို့အား သက်ဆိုင်ရာဘွဲ့များကို စစ်တက္ကသိုလ်ပါမောက္ခချုပ် အနေဖြင့် ကျွန်ုပ်တွင် အပ်နှင်းထားသော အခွင့်အာဏာအရ ကျွန်ုပ်က ပေးအပ်သည်။ သင်တို့အား သက်ဆိုင်ရာ ဘွဲ့လက်မှတ်များ ပေးအပ်ပြီးဖြစ်၍ သင်တို့၏ ဘွဲ့များနှင့် လျော်ညီသော အမှတ်လက္ခဏာများ ဖြစ်သည့် ၀တ်ရုံများကို ၀တ်ဆင်ခွင့် ပြုသည်။"
၁၆။    ထိုသို့ အမိန့်ရှိသောအခါ ဘွဲ့ယူပြီးသူများအားလုံး မိမိတို့၏ ဦးထုပ်ပန်းဖွားကို ဘယ်ဘက်မှ ညာဘက်သို့ ပြောင်းရွှေ့ရမည်။ ထို့နောက် ညီညာစွာ ထိုင်ရမည်။
၁၇။    ထို့နောက် စစ်တက္ကသိုလ် မော်ကွန်းထိန်းက ဤသို့ အစီရင်ခံရမည် -
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား - အပ်နှင်းပြီးသော ဘွဲ့ရစာရင်းကို လက်မှတ်ရေးထိုးရန်အတွက် ပါမောက္ခချုပ်ထံ တင်ပြခွင့် ပြုပါရန် ပန်ကြားအပ်ပါသည်။ "
၁၈။    ထို့နောက် မော်ကွန်းထိန်းက အပ်နှင်းပြီးသော ဘွဲ့စာရင်းကို  ပါမောက္ခချုပ်ထံ လက်မှတ်ရေးထိုးရန် တင်ပြမည်။ ပါမောက္ခချုပ်က လက်မှတ် ရေးထိုးမည်။

အပိုင်း (၄)
ဘွဲ့နှင်းသဘင် မိန့်ခွန်း မြွက်ကြားခြင်း

၁၉။    ထို့နောက် ပါမောက္ခချုပ်အား ဘွဲ့နှင်းသဘင် မိန့်ခွန်းကို မြွက်ကြားပါရန် မော်ကွန်းထိန်းက ဤသို့ ပန်ကြားမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား- ဤ စစ်တက္ကသိုလ်၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အတွက် ဘွဲ့နှင်းသဘင် မိန့်ခွန်းကို မြွက်ကြားပါရန် ပန်ကြားအပ်ပါသည် "
၂၀။    ထို့နောက် စစ်တက္ကသိုလ် ပါမောက္ခချုပ်က မိန့်ခွန်း မြွက်ကြားမည်။
၂၁။    ထို့နောက် မော်ကွန်းထိန်းက ဤသို့ အစီရင် ခံပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား- ပါမောက္ခချုပ် မိန့်ခွန်းကို စက်တင် ပုံနှိပ်၍ ဤ စစ်တက္ကသိုလ် မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားရှိရန် စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ဆုံးဖြတ်ပြီးကြောင်း အစီရင်ခံအပ်ပါသည်။ "

အပိုင်း (၅)
ဘွဲ့နှင်းသဘင်ကို ရုပ်သိမ်းခြင်း

၂၂။    ထို့နောက် မော်ကွန်းထိန်းက ဤသို့ အစီရင်ခံပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား- စစ်တက္ကသိုလ် ၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ရုပ်သိမ်းပေးပါရန် ပန်ကြားအပ်ပါသည်။ "
၂၃။    ထိုအခါ စစ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် မတ်တပ်ရပ်ကြရမည်။ ဘွဲ့ယူပြီးသူများနှင့် ပရိသတ်များ ငြိမ်သက်စွာ မတ်တပ်ရပ်နေကြရမည်။
၂၄။    ပါမောက္ခချုပ်က- " ဘွဲ့နှင်းသဘင် ရုပ်သိမ်းပြီ " ဟု အမိန့်ရှိမည်။
၂၅။    ထို့နောက် စစ်တီးဝိုင်းက နိုင်ငံတော် သီချင်းကို တီးမှုတ်မည်။
၂၆။    စစ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့များသည် အစီအစဉ်အတိုင်း စင်မြင့်မှ ထွက်ခွာမည်။ စစ်တီးဝိုင်းက အနှေးလျှောက်တီးလုံးကို တီးမှုတ်မည်။
၂၇။    စစ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့များ နောက်မှ ဘွဲ့ယူပြီးသူများ (၂) ယောက်စီ ယှဉ်တွဲ၍ လိုက်ပါ ထွက်ခွာ ကြရမည်။
၂၈။    ဘွဲ့ယူပြီးသူများ ထွက်ခွာခြင်း ပြီးဆုံးမှ  ဘွဲ့နှင်းသဘင်ပရိသတ်များ မိမိတို့ နေရာအသီးသီးမှ ထွက်ခွာသွားကြရပါမည်။

No comments: