အများသူငါတွင် မိမိတို့ နေထိုင်ခဲ့ရာ ကျင်လည်ခဲ့ရာ အစွဲလေးများ ရှိတတ်ကြသလိုပင် ကျွန်တော်တို့ စစ်တက္ကသိုလ် ကျောင်းဆင်းများတွင်လည်း ကျောင်းစွဲလေးတော့ အနည်းနှင့် အများဆိုသလို ရှိတတ်ကြပါသည်။ လိုလားအပ်သည် မလိုလားအပ်သည်ဟု အငြင်းမပွားလိုသော်လည်း ဖြစ်လေ့ဖြစ်ထ လူ့သဘာဝတစ်ခုဖြစ်၍ လက်ခံသင့်သည့်ကိစ္စဟု ယူဆပါသည်။ ကျွန်တော်တို့က "ကျောင်းဆင်းစိတ်ဓာတ်" ဟု သညာပြုထားသော ထိုသဘောမျိုးကို သိုးဆောင်းတို့၏ ဘာသာဗေ ဝေါဟာရနယ်ပယ်တွင်လည်း တွေ့ရှိရပါသည်။ သူတို့က Alma mater ဟု ခေါ်ကြပြီး အဓိပ္ပာယ်မှာ မိမိတို့ ပညာရည်နို့ သောက်စို့ခဲ့ရာ စာသင်ကျောင်း၊ ဘွဲ့ရခဲ့သော တက္ကသိုလ် တို့ကို ရည်ညွှန်းသော သဘောကို တွေ့ရပါသည်။ ထို့ပြင် မိမိတို့ တက်ရောက်ခဲ့ကြသော ကျောင်း တက္ကသိုလ်တို့၏ မူပိုင်သီချင်း ကိုလည်း Alma mater ဟုပင် သညာပြုကြောင်း မှတ်သားရပါသည်။ စစ်တက္ကသိုလ်တွင်လည်း စစ်တက္ကသိုလ် သီချင်း ရှိပါသည်။ ကျောင်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ဗိုလ်လောင်းတပ်ခွဲများသည် စစ်တက္ကသိုလ်သီချင်း ကို သီဆိုဟစ်ကြွေးပြီး စစ်ရေးပြကွင်းအတွင်းသို့ ချီတက်နေရာယူသည့် အစဉ်အလာရှိပါသည်။
အသင့်အတင့် နှလုံးသွင်းအပ်သော ကျောင်းဆင်းစိတ်ဓာတ် သို့မဟုတ် Alma mater သည် မိမိ ပညာရည်နို့ သောက်စို့ခဲ့ရာ မိခင် ကျောင်းတော်ကြီး၏ ဂုဏ်ကို ဆောင်ယူ မြှင့်တင်လိုစိတ်၊ မိမိကျောင်းနှင့် ပတ်သက်သော ဂုဏ်ယူဝင့်ကြွားစိတ်၊ ကျောင်းဆင်းအချင်းချင်း စည်းလုံးညီညွတ်ခြင်းနှင့် အချင်းချင်း ရိုင်းပင်းကူညီသော ရဲဘော်ရဲဘက်စိတ် တို့ကို ပွားများစေသည် ဖြစ်သကဲ့သို့ တစ်ဖက်စွန်းသော ကျောင်းဆင်းစိတ်သည် တို့ကျောင်းမှ တို့ကျောင်း၊ တို့ကျောင်းဆင်းမှ တို့ကျောင်းဆင်း ဆိုသော အစွဲကြီးစွဲထားခြင်း၊ ကျောင်းဆင်းအချင်းချင်းကိုသာ ဦးစားပေး ပစားပေးသောစိတ်၊ မိမိကျောင်းဆင်းများကိုသာ အထင်ကြီးပြီး မိမိကျောင်းဆင်း မဟုတ်သူများကို လေးစားစိတ်မရှိခြင်း စသည့် တလွဲဆံပင်ကောင်းသော သဘောကိုလည်း ဆောင်တတ်ပါသေးသည်။
ထို့ကြောင့် ကျွန်တော်တို့၏ ကျောင်းဆင်းစိတ်ဓာတ် ခေါ် Alma mater ကို မိမိ လူမှုအဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်း စည်းလုံးညီညွတ် ရိုင်းပင်းကြောင်း ကောင်းမြတ်သော သဘောထားများဖြင့်သာ မွေးမြူသင့်ပြီး အစွဲကြီး အတ္တကြီးသော သဘောအယူမျိုးကို ပယ်ခွာသင့်ပါကြောင်းတင်ပြရင်း သိုးဆောင်း ဝေါဟာရ Alma mater နှင့်ပတ်သက်ပြီး မိမိသိသမျှ ဝေမျှလိုက်ရပါသည်။
Alma mater (Latin: "nourishing mother"), pronounced UK: /ˈælmə ˈmeɪtər/, US: /ˈɑːlmə ˈmɑːtər/), was used in ancient Rome as a title for various mother goddesses, especially Ceres or Cybele,[1] and in Christianity for the Virgin Mary. In modern times, it is often any school, college, or university at which one has studied and, usually, from which one has graduated.[2] The term may also refer to a song or hymn associated with a school.
Tuesday, April 3, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment