Sunday, February 26, 2017

အလံမှား အမှားပြင်

ဒီဘလော့ စထောင်ထောင်ချင်းတုန်းက တင်ထားတဲ့ အလံပုံတွေကို ၂၀၀၈ ခုနှစ်လောက်မှာ လုပ်ခဲ့တာပါ။ ကျွန်တော်လုပ်ခဲ့တဲ့ စစ်တက္ကသိုလ်အလံမှာ အရောင်သုံးရောင် ရှိတဲ့အနက် အ၀ါရောင်နဲ့ အပြာရောင်ကို ဘယ်ညာမှားထားခဲ့မိပါတယ်။ အဲဒါကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမှတ်စဉ် ၄၅ က ညီလေးတစ်ယောက်ပြောလို့ အလံပုံလည်း တင်ပေးလို့ အမှန်ကို ပြန်ပြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ် Google Search မှာ ရှာတဲ့အခါ အလံမှားကြီးပဲ ပေါ်နေတုန်းပါ။ နောင်အခါ အလံလိုချင်လို့ ရှာယူကြတဲ့သူတွေ အမှတ်မှားမှာ စိုးမိပါတယ်။ တပ်ခွဲအလံရောင်စုံပုံတွေ ဖန်တီးပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဗိုလ်ကြီးတစ်ဖြစ်လဲ တပ်ကြပ်ကြီးစာရေး သန်းဌေးအောင်နဲ့ အလံအမှန်ပြင်ပေးတဲ့ ညီလေး (ဗိုလ်----------)မြတ်ငြိမ်းမိုးတို့ကို ကျေးဇူးပါတယ်။

လက်ရှိတင်ထားတဲ့ အောင်စစ်သည် ဒေါင်းအလံကလည်း စကေးအမှန်မဟုတ်ပါဘူး။ အရင်တုန်းက မြန်မာနိုင်ငံအလံမှာပါတဲ့ ဒေါင်းပုံကို ဖြတ်ညှပ်ကပ် လုပ်ထားတာပါ။ အဲဒါလေးလည်း စကေးမှန် ဆိုက်မှန်လေး ရရင် လိုချင်ပါတယ်။ လောလောဆယ် စစ်တက္ကသိုလ်အလံ အမှန် မရသေးတာနဲ့ အမှားကြီးကို ဖြုတ်ချထားပါတယ်။ အမှန်ရမှ တင်ပါတော့မယ်။


No comments: