Sunday, December 21, 2014

We were soldiers

ှူSoldier's Eyes

တပ်မတော်နေ့မှတ်တမ်း

ငွေသော်တာရောင်ခြည်

စစ်သားတစ်ယောက်ရဲ့ အချစ်

ဆီမလူးတဲ့ပေဖူးလွှာ

အမြဲအသင့်ရှိတဲ့ တပ်မတော် (ရေ)

ကျန်ရှိသေးသောတာဝန်တစ်ရပ်

စံပြတို့တပ်မတော်

တပ်မ ၈၈

တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်

တို့စစ်သည်

တို့တပ်မတော်သား

ထာဝစဉ်နုပျိုနေတဲ့တို့တပ်မတော်

ဘာမထီတို့ရဲဘော်

Saturday, December 20, 2014

ဘာမထီအာဇာနည်

ပြည်သူ့သားစစ်သည်

မြန်မာပြည်ကာကွယ်မည်

ရဲစိတ်ရဲမာန်

ရဲသွေးရဲမာန်

ရဲသော်မသေ သေသော်ငရဲမလား

သစ္စာလေးချက်သံမှိုနှက်

အောင်လံလွှင့်မယ့်တို့တပ်မတော်

အောင်လံဝင့်ဝင့်သမိုင်းအဆင့်ဆင့်

အိုဘဲ့တံချူရှင်

စစ်သည်မှတေးလက်ဆောင်

ဂုဏ်ယူအလွမ်း

အချစ်နဲ့စစ်သား

တောင်ပြာတန်းကသိတယ်

စစ်သည်မှတေးတစ်ချိုး

Monday, December 15, 2014

Sunday, December 7, 2014

၅၃ ဂုဏ်ပြုသီချင်း

https://www.facebook.com/video.php?v=369647549876253

Thursday, September 25, 2014

Once Upon a Time in DSA

https://www.facebook.com/photo.php?fbid=10203411446944889&set=a.1634138651365.2084024.1173634984&type=1

Once upon a time in DSA.

Credit : https://www.facebook.com/photo.php?fbid=1634259814394&set=a.1634138651365.2084024.1173634984&type=1

Friday, August 8, 2014

နာမည်စာရင်း

တခါတခါ နာမည်ရင်းတွေတောင် မေ့ကုန်တယ်.. Common nicknames of DSA လို့ခေါ်မလား.. မွေးမိခင် ဒေါ်စိန်အေး အသက် ၆၀ ပြည့် မွေးနေ့ တခြားရောက်နေလို့ ခုမှ Birthday Wish လုပ်ရင်း အမှတ်တရပါ..
Happy Belated Birthday to DSA.. !!!
With Love..
ဂွတို (ခေတ္တ မော်စကို) နှင့်အတူ
..
ထုံကြီး
ဗျိုင်းမည်း
နေကျောက်ခဲ
ပေကြောင်
ကောက်ကြီး
ကုလားမ
ကိုပဲ
ဆယ်ပြားလို
ဆယ်ပြားပို
ကြောင်ချေး
တာတေ
ကတုံး
ငှက်ကျား
ဆိုက်ပိ
ဗြုတ်ကြီး
ပုလင်း
ဆိုက်ကား
ဆိတ်မ
ချွန်ကြီး
ဆိုက်ကို
ဗျော့ကြီး
ကြက်ဖ
ဝက်ဖင်
ဂနိုလိပ်
မျောက်ညို
နတ်ကတော်
ပဲကိတ်
တခြမ်းပိန်
နှံကောင်
မျောက်ကြီး
မျောက်ညို
မှိုကလေး
မှိုကြီး
မော်ကြီး
အထွန်း
ဝက်မဲ
ငရှိုင်း
ဖြိုးလေး
ကချင်
ကြူကြီး
တောပုန်းကြီး
တာတေ
ကုလားကြီး
တောက်တဲ့
မျောက်မ
ရေမြင်း
ဆင်ကြီး
တောခွေး
ခွေကြီး
ဘက်ရှိစ်
အပေတေ
တောသားကြီး
ဖောကြီး
အောင်စစ်သည်
ဗျော့ကြီး
သုံးချောင်းထောက်
ချီးပေ
မင်းကြီး
ရေမြင်း
ဘူးသီး
ရှဉ့်ငပေါ
အပျိုကြီး
နွားကြီး
ကျွဲကြီး
ကုလားကြီး
ခွေးပု
ဖင်ကြီး
လိပ်
မဖာ
ကျီးကန်း
ဖင်လိမ်
ခွေးကြီး
ငကြောင်
ပေါင်ချိန်
ကျောက်လုံး
မယ်တော်ကြီး
ကြောင်မ
ကရင်မ
ထော်ကြီး
ကြက်ဖ
ဂျိုသား
ခွေးထီး
ဗိုက်ကြီးသည်
ကြေးဘုရား
ချီးပေ
ကျီးကန်း
ကရင်မ
ထော်ကြီး
ခွေးထီး
ဂေါက်ကြီး
ဖင်ကောက်
ဂျိုသား
တောခွေး
ထေကြီး
ခေါင်းဖြူ
အဖိုးကြီး
ခွေးသန်း
ထောပတ်သီး
တွတ်ပီ
ဂေါက်ထေ
လိပ်ပု
ခွေးအိုကြီး
တောဘဲ
ဖာဝိုင်း
ခွေပေါ
ဘောကြီး
မှန်ကြောင်
ပြောင်ကြီး
ကြက်ကုလား
တာယာပွကြီး
ဘရာဇို
လိပ်ဖင်
မျှောကြီး
အစ်ရှုး
မျောက်ခေါင်း
ဖွတ်ကြီး
တောက်တဲ့
ဂျိုင့်ကြီး
ဝဲထု
ကုလားဒိန်
မွှေးကျဲ
ကီဝီ
ကြွကြီး
စကယ်လီတန်
အိုးလ်ဘစ်ဒေါ့
ပလပ်ကျွတ်
Note2
ကီးကြောင်
ရှိုင်းကိုကို
စောင်ကြား
အတိုလေး
ဂဏန်း
စလစ်ပါ
ကြက်ဖင်
ပုတ်သင်ညို
ဂေါဏ
တောကြီး
ဆေးပေါ့
ဈေးခွေး
သောက်ဖုတ်ကြီး
ချီထုတ်
ဂေါ်ကြီး
အသည်းလေး..
(https://www.facebook.com/nyi79may?fref=nf)

Friday, August 1, 2014

အမေ


 
အမေ.....

ဒီအချိန် အမေ့ခေါင်းပေါ်မှာ စိန်ပန်းတွေ ဝေနေပီပေါ့နော်...
ချယ်ရီတွေရော ကြွေနေပြီလား အမေ......

သူငယ်ချင်းတွေက.....

ကံ့ကော်ပန်းနဲ့ အဓိပတိလမ်းကို လွမ်းတယ်တဲ့ အမေ...
ကျွန်တော်တို့လည်း ချယ်ရီပန်းနဲ့ သက်လုံလမ်း မှန်းမျှော်မိတယ် အမေ...

သူငယ်ချင်းတွေက....
ဂျက်ဆင်နဲ့ သစ်ပုတ်ပင် စိတ်ထဲအမြဲ စွဲထင်တယ်တဲ့ အမေ...
ကျွန်တော်တို့လည်း အောင်ဆန်းခန်းမနဲ့ရဲသုံးဘော်ရုပ် တွဲသရုပ်ဖော်မိတယ် အမေ...

သူငယ်ချင်းတွေက....
မာလာနဲ့အင်းလျား ရင်ကြားထဲက ထိုနေရာတဲ့ အမေ...
ကျွန်တော်တို့လည်း စာပေဝန်းနဲ့အုတ်နီဆောင် သေတောင် မမေ့ဘူး အမေ...

သူငယ်ချင်းတွေက....
ဦးချစ်ဆိုင်နဲ့အင်လျားကန်ဘောင် အပြုံးကိုယ်စီနဲ့ လျှောက်ရအောင်တဲ့ အမေ...
ကျွန်တော်တို့လည်း အိမ်မဲကြီးနဲ့ချေမှုန်းရေးလမ်း လှမ်းခဲ့ပါလို့ ခေါ်လိုက်တယ် အမေ..

သူငယ်ချင်းတွေက....
အဆောင်ရှေ့မှာ ဂစ်တာတီး အချစ်သီချင်း ညဉ်းကြတယ်တဲ့ အမေ...
ကျွန်တော်တို့လည်း ဘင်ထုနဲ့လက်ပြည့်လွှဲ စစ်သီချင်းကို ဟဲခဲ့ဘူးတယ် အမေ...

သူတို့မှာ သူတို့သံယောဇဉ် ရှိသလို...
ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ နှလုံးသား ရှိတယ် အမေ...

ခေတ်တွေဘယ်လိုပင်ပြောင်းပြောင်း...
စနစ်တွေဘယ်လိုပင်ဟောင်းဟောင်း...

အမေ့သား...ကျွန်တော်တို့လေ...
အမေ့ဂုဏ်ကို မြှင့်တင်ရင်း...အမေ့သားဖြစ်ရတာကို ဂုဏ်ယူရင်း
ကျရာတာဝန်..ကြုံရာဇာတ်ရုပ်...ဖြစ်လေရာဘဝတိုင်းမှာ
"ဝေလည်းမွှေး..ကြွေလည်းမွှေး..သေလည်းအေး" နဲ့
အမေ့ဂုဏ်ကို ထုဆစ်ပေးနေမယ်.....

ဂုဏ်ယူပေးပါ...အမေ...ဂုဏ်ယူပေးပါ....

အမေ့သားဖိုးဥာဏ်
(နှစ် ၆၀ ပြည့် အမှတ်တရ)

ချယ်ရီရိပ်နန်း

ချယ်ရီရိပ်နန်း
ထင်းရှူးတန်း
ဖြောင့်ဖြူးသော လမ်း
ကောက်ကွေ့ သော တောင်သွယ်သွယ်
စေတီပုထိုး ဦးထိပ်ထားလို့  ပေပေါင်းများစွာထက်က
ကျွှန်တော် တို့  အားလုံး ရဲ့  စစ်တက္ကသိုလ် နစ် ပေါင်း ၆၀ မွေးနေ့  သို့ ....

နစ် ၆၀ ပြည့်တဲ့
စစ်တက္ကသိုလ် ( သို့  ) ဒေါ်စိန်အေး
အိုမသွားဘူး အမြဲတမ်း ဆန်းသစ်စွာ
လှလှလာသလို နုပျိုခြင်းတွေ လွမ်းမောစရာတွေ
ထိန်းချုပ် ထားနိုင်တယ် သားတွေကိုလည်း အမေ့ ဆိုသည်ကို
အောင်းမေ့ဖွယ် ဖြစ်အောင် ပြုစားထားနိုင်တဲ့ အမွေ ပေးနိုင်ခဲ့တယ် ။

နစ် ၆၀ ပြည့်တဲ့
စစ်တက္ကသိုလ် ( သို့  ) ဒေါ်စိန်အေး
နုရွတာတွေ မသင်ပေးဘူး ယောင်္ကျားပီသတဲ့
ကြမ်းတမ်းခက်ထန်မှုတွေ စစ်သားတို့ တက်သင့်တဲ့
စစ်နည်းဗျူဟာ တွေကို ပိုင်နိုင်စွာ သင်ကြားပေးရင်း
စာပေပညာကိုပါ အမေ့သားတွေ အတွက် အမွေပေးနိုင်ခဲ့တယ် ။

နစ် ၆၀ ပြည့်တဲ့
စစ်တက္ကသိုလ် ( သို့  ) ဒေါ်စိန်အေး
အမေ့ ကျောင်းမှ မွေးထုတ်ပေးလိုက်တဲ့
သားတွေ အတွက် ဘယ်နေရာဘယ်ဒေသရောက်ရောက်
အဆင်ပြေချောမွေစွာ နိုင်ငံ အကျိုး ပြည်သူ အကျိုးသယ်ပိုးနိုင်ဖို့ 
လေ့ကျင့်ပေးထားကာ စိတ်ဓာတ်ကောင်းမွန်အောင် အမွေပေးနိုင်ခဲ့တယ် ။

နစ် ၆၀ ပြည့်တဲ့
စစ်တက္ကသိုလ် ( သို့ ) ဒေါ်စိန်အေး
အမေ့ရင်ခွင် စရောက်လာတည်းက ပညာအမျိုးမျိုးပြ
လေ့ကျင့်မှု အမျိုးမျိုးပေးကာ မာကြောနေတဲ့ စိတ်ဓာတ် ခက်ထန်
နေတဲ့ အပြုအမူတွေ ပင်ပန်းဆင်းရဲမှုတွေကို ခံနိုင်တဲ့ ခန္ဓာကိုယ်ကို
ပုံစံတကျ အမွေ ပေးနိုင်ခဲ့တယ် ။

နစ် ၆၀ ပြည့်တဲ့..
စစ်တက္ကသိုလ် ( သို့  ) ဒေါ်စိန်အေး.
တက်သင့်တက်အပ် သင်သင့်သင်အပ်သည်များကို
ဆရာစားမချိန် တပည့်ရယ်လို့  မထား မိခင်ရင်းချာ သားသမီးများကဲ့သို့ 
လောက အလယ် ကြုံတွေ့ ရမည့် အတားအဆီးအခက်အခဲများစွာကို ကြိုတင်
မျော်တွေးကာ သားတွေကို အမွေပေးနိုင်ခဲ့တယ် ။

နစ် ၆၀ ပြည့်တဲ့..
စစ်တက္ကသိုလ် ( သို့ ) ဒေါ်စိန်အေး
သားတွေကို ချမ်းသာအောင် မလုပ်ပေးနိုင်ဘူး
သို့ ပေမယ့် ယောင်္ကျားချင်း မြင်ရင် အမေ့သားတွေကို အားကျစေဖို့ 
စစ်သားပီပီ ဟန်ချီချီနဲ့  သွားဟန် လာဟန် နေထိုင်မှု စရိုက်တွေကို
အမွေပေးနိုင်ခဲ့တယ် ။

နစ် ၆၀ ပြည့်တဲ့..
စစ်တက္ကသိုလ် ( သို့ ) ဒေါ်စိန်အေး
သားတွေကို မိန်းမ ပိုးတက်အောင် မသင်ပေးဘူး..
မိန်းကလေးတွေ မြင်ရင် သဘောကျစေဖို့ အတွက် စမတ်ကျအောင်
ဝတ်စားဆင်ယင်မှုတွေကို သင်ကြားပေးခဲ့တယ် ။ပြောဆိုမှု ဟန်ပန်တွေကို
စွဲလမ်းတက်စေဖို့  အမွေပေးနိုင်ခဲ့တယ် ။

သြော်..
နစ် ၆၀ ပြည့်တဲ့..
စစ်တက္ကသိုလ် ( သို့ ) ဒေါ်စိန်အေး..
တစ်နစ်ပြီးတစ်နစ် သားတွေက စွန့် ခွာသွားပေမယ့်..
တစ်ယောက်ထွက်သွားရင် တစ်ယောက်ရောက်လာ တစ်ထောင်ထွက်သွားရင်
တစ်ထောင်ရောက်လာနဲ့  အမြဲတမ်း နွေးထွေးမှုတွေ ဆိတ်သုန်းပျောက်ကွယ်မသွား
ပဲ တစ်နစ်ပတ်လုံး ချယ်ရီဝေသလို အမေ့ရင်ခွင်မှာလည်း သားတွေ ထာဝရ
ခိုဝင်နေကြတာပါလား ။

နစ် ၆၀ တိုင်ခဲ့ပြီ..
မိုးရွာမရှောင် နေပူမမှု နင်းစိုစွတ်ပါစေ
ဘယ်ညာဘယ်ညာသံတွေ နဲ့  ရက်တိုင်း လတိုင်း နစ်တိုင်း
စည်ကားသိုက်မြိုက်ခဲ့တဲ့ အမေ့ ကျောင်းတော်ကြီး ထာဝရ တည်တံ့နိုင်ပါစေ ။

ဟိုးး
တစ်ချိန် တစ်ခါက
အမေ့  ရင်ခွင်မှ ထွက်ခွာသွားကာ
နိုင်ငံတော် အတွက် ပြည်သူအတွက် အသက်ကို ပေးအပ်ကာ
အမိန့်  နင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အမေ့  မွေးနေ့ ကို ဂုဏ်ပြုလိုက်
ပါ၏ ။

ခြေလျင်စစ်သည်

စစ်နောင်
https://www.facebook.com/tawtar.lay.7927?hc_location=timeline

ကျောင်း


အတွေးအခေါ်တွေ မဟောင်းအောင်အထပ်ထပ်
သင်ပေခဲ့တဲ့ကျောင်း
သေတ္တာတစ်လုံးနဲ့လာ သေတ္တာတစ်လုံးနဲ့
ပြန်ပေမယ့် တာဝန်တွေ ထည့်ပေးလိုက်တဲ့ကျောင်း

နုပျိုခြင်းကို စတေး လွပ်လပ်မှု့ကိုစတေး
စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့ကျောင်း
လူငယ်တစ်ချို့ လက်ဘက်ရည်ဆိုင်ထိုင်
ဂစ်တာခေါက်တဲ့အချိန်တွေမှာ
လူသတ်လက်နက်အကြောင်းနဲ့ တိုင်ပြည်အကြောင်း သင်ပေးနေတဲ့ကျောင်း

ချစ်သူ ခင်သူကို ခွဲခွာ အလွမ်းတွေရာထောင်ချီ
မြှပ်နှံရတဲ့ကျောင်း
အဲ့ကျောင်းမှာ
ပျော်ရွှင်ခြင်းထက် မာကျောမှု့ကိုဦးစားပေး
လူရာဝင်စေတဲ့ကျောင်း

ဒီကျောင်းမှာ စစ်သားကောင်းတွေ
မွေးထုတ်ခဲ့တယ် သူရဲကောင်းတွေ
ဖြစ်ထွန်းစေတဲ့ အိမ်နီချင်းနိင်ငံတွေကတောင်
နာမည်ကြာရင် သတိဆွဲ အလေပြုတဲ့ကျောင်း

လူမိုက်တွေလာခဲ့ရင်တောင် လူလိမ်မာအဖြစ်နဲ့
ပြန်သွားရတဲ့ကျောင်း
မသိဘူးတဲ့လူတွေစု
ညီအကိုတွေဖြစ်သွားတဲ့ကျောင်း
ရှိတာလေးကို ဝေခွဲစား သံယောဇဉ်တွေကြီးစေတဲ့ ကျောင်း
အထက်အောက် စီနီယာ ဂျုနီယာစနစ်
လေးစားမှု့မှာ ဘယ်သူမှ မမှီတဲ့ကျောင်း
ပြန်ပြောကြရင် မျက်ရည်ဝဲ
သတိရစေတဲ့ကျောင်း

အဲ့ဒီကျောင်း မှာ
ကျွန်တော်တို့ တွေ တက်ခဲ့ကြတယ်
သင်ယူကြတယ် လေ့လာကြတယ်
တချို့ကတော့ မရှိတော့ပါဘူ
တချို့ကလည်း ကိုယ်လက်တွေစွန့်လို့ 
တချို့က အရပ်ဘက်တာဝန်တွေ
တချို့ကတော့ နိင်ငံခေါင်းဆောင်တွေ

ဘယ်လိုတွေဖြစ်နေပါစေ
အခုချိန်ထိ အဲ့ကျောင်းအကြောင်းကို
ပြောရင် သူတို့  မျက်နှာ ပြုံးတဝက် ငိုတဝက်ကို
တွေ့ရလိမ်မည့် အဲ့တုန်းကပေါ့ကွာလို့ အစပြု
လွမ်းဆွေးစွားနဲ့ မမောမပန်းပြောပြကြလိမ်မယ့်
ဒီကျောင်းကြီးအကြောင်းကိုပေါ့
နိင်ငံခေါင်းဆောင်ကြီးတွေကိုယ်တိုင်
ဗိုလ်လောင်းတွေကို ဖြစ်လို့ 
အဲဒီလိုမျိုး ရာထူးမရွေး အလွမ်းတွေဖြစ်စေတဲ့
ကျောင်း

Never Surrender ဆိုတဲ့ ဆောင်ပုဒ်နဲ့
သူရဲကောင်းများထွန်းကားတဲ့ကျောင်း
ဟုတ်ကဲ့ ကျွန်တော်တို့ တွေ ဒီကျောင်းကို
ခုထိ လွမ်းနေကြပါတယ်

စစ်တက္ကသိုလ် နှစ် (၆၀).ပြည့်မွေးနေ့အား ဒီစာစုဖြင့် ဂုဏ်ပြုလိုက်ပါသည်။

လေးစားစွာဖြင့် မင်းဒင်


(https://www.facebook.com/myint.mg.39)

Tuesday, July 15, 2014

ဝန့်စ် အပွန်း အေ တိုင်းမ် အင် ပင်းတလဲ

ဝန့်စ် အပွန်း အေ တိုင်းမ် အင် ပင်းတလဲ ( Once Upon A Time In Pinn Ta Lae )

ထိုဓါတ်ပုံလေး ရိုက်ခဲ့တဲ့ အချိန်ကာလသည် ၂၀၀၀ ပြည့်နှစ်တုန်းကဖြစ်၏။ လွန်ခဲ့သော (၁၄)နှစ်က ဆိုလျှင်လဲ မမှား။ ကျုပ်တို့ ကျောင်းသားဘ၀ နောက်ဆုံးနှစ်ပေါ့။ ရိုက်ခဲ့တဲ့ နေရာဒေသကတော့ မြန်မာပြည်အလယ်ပိုင်း ၀မ်းတွမ်းမြို့နယ် ပင်းတလဲကျေးရွာတွင်ဖြစ်၏။ သွားရောက်ခဲ့တဲ့ အကြောင်းကိစ္စကတော့ နောက်ဆုံးနှစ် သင်တန်းသားတွေရဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့ ပြည်သူ့ဘ၀လေ့လာရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင် ဖြစ်ပါသည်။ ဒီနေရာမှာ ကြားဖြတ်ပြီး တင်ပြချင်တာကတော့ ဒီကနေ့ လူသုံးများနေတဲ့ ပြည်သူအကျိုးဆိုတဲ့ ကိစ္စကြီးကို ကျုပ်တို့တစ်တွေ လွန်ခဲ့သော (၁၄) နှစ်ကျော်ကာလ ကတည်းက ဆောင်ရွက်ပြီးဖြစ်ကြောင်း ကြော်ငြာ ၀င်လိုက်ရပါသည်။
ပင်းတလဲရွာအ၀င်ကို မော်တော်ယာဉ်တန်းကြီး ၀င်လိုက်ပြီဆိုကတည်းက ယူနီဖောင်းမှာပေကျံနေသော ဖုန်တွေကို ခါတဲ့လူကခါ၊ ဘယ်ရီကပ်ပျောက်လို့ ရှာတဲ့လူကရှာ ( ပုံထဲမှာ ဘယ်ရီကပ်မပါသူများသည် ပျောက်သွားသောသူတွေဟု ယူဆရ ) တစ်ချို့ကလဲ စနိုးတာဝါနဲ့ မျက်နှာကို အပီအပြင် ပွတ်သက်ပြီး ရူပါတင်ခြင်း စသည်တို့ကို အသီးသီးဆောင်ရွက်ပြီးသကာလ ကားပေါ်မှ ဆင်းကြလေသည်။ ရွာအ၀င်တွင် ကျုပ်တို့ကို ကြိုဆိုနေသောရွာသူ/ရွာသားများကစောင့်ဆိုင်းနေကြသောကြောင့် ကားပေါ်မှဆင်းရခြင်းဖြစ်၏။ ပထမဆုံးစတွေ့လိုက်ရတာကတော့ အစိမ်းရောင်ပိတ်သားအောက်ခံမှာ အဖြူရောင်စာလုံးနဲ့ ကပ်ထားတဲ့စာသားတစ်ချို့ ”အမှတ်စဉ်(၄၃) နောက်ဆုံးနှစ်ဗိုလ်လောင်းများအား ပင်းတလဲရွာမှကြိုဆိုပါ၏” တဲ့။ နောက် .. သီချင်းသံကိုကြားလိုက်ရသည်။ ~~ အမှတ်စဉ် (၄၃) နောက်ဆုံးနှစ်ရဲ့ ဗိုလ်လောင်းတွေပါ ~~ အစရှိတဲ့ ဒိုးပတ် သံစဉ်နှင့်အတူ ဖျော်ဖြေနေတဲ့ ရွာသူရွာသားများရဲ့ ကြိုတင်ဇာတ်တိုက်ရေးသားသီဆိုထားတဲ့ ဂုဏ်ပြုကြိုဆိုတဲ့သီချင်းလေးကို ဒီကနေ့ထိ ကြားယောင်မိသည်။ ရွာသူရွာသားများ ကလေးများက ပန်းစည်းများကမ်းကာ ကြိုဆိုကြသည်။ နောက်ထပ်ကြိုဆိုနေကြတာကတော့ ရွာအ၀င်လမ်းတစ်လျှောက် ခန့်ညားထည်ဝါစွာ ဘယ်ညာရပ်ပြီးစောင့်ကြိုနေတဲ့ ထန်းတောကြီး။

ကျုပ်တို့ တည်းခိုနေထိုင်မည့် စာသင်ကျောင်းအထိ ရွာအတွင်းကို လမ်းလျှောက်၍၀င်ကြသည်။ ကြိုဆိုနေကြသော ရွာသူရွာသားများနှင့် ကလေးများလဲ ကျုပ်တို့နှင့်အတူ စာသင်ကျောင်းအထိ လမ်းလျှောက်၍လိုက်လာကြသည်။ လမ်းတစ်လျှောက်တွင် အများစုမှာ တော်ကီပွားလာကြသည်။ သူငယ်ချင်း အချင်းချင်းတော့မဟုတ် ရွာမှ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်များဟု ယူဆရသော မိန်းကလေးငယ်တစ်ချို့နှင့်သာဖြစ်၏။ ညီမငေး နာမည်ဘယ်လိုခေါ်လဲ၊ ကျောင်းတက်နေလား ဘယ်အတန်းတက်နေတာလဲ၊ အိမ်လာလည်မယ်နော်၊ ဒို့ကိုခင်ရင် အိမ်မှာမွေးထားတဲ့ ကြက်လေးရိုက်ချက်ကျွေးပါလား၊ ညလေးက ဆရာအတက်သင် တက်နေတယ်ဆိုတော့ ဆာမဂျီးလုပ်မှာပေါ့ စသည်ဖြင့် စကားများကိုရေပါတ်မ၀င်အောင် ပြောလာခဲ့ကြသည်။ (အမှန်တော့ စားအိမ်သောက်အိမ်ရရှိရေး အတွက် အလေးထားလိုက်နာဆောင်ရွက်ခြင်းဖြစ်၏) အန်ကယ်-ဖိုက် (ဦး၅) ဟုခေါ်သော နည်းဗျူဟာကို လက်မလွတ်စတမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း နောင်တစ်ချိန်မှသိမြင်ခဲ့၏။

ဓါတ်ပုံပါ ပုဂ္ဂိုလ်များနှင့်လဲ ကြားဖြတ်ပြီး မိတ်ဆက်ပေးချင်ပါသေးသည်။ သုံးယောက်တန်းအလယ်တွင် ခန့်ခန့်ညားညား ပန်းစည်းကိုကိုင်ကာ ဟန်ပါပါလမ်းလျှောက်လာသူကတော့ ကျွန်ုပ်ပဲဖြစ်၏။ လက်မောင်းတွင် အဖြူရောင်သုံးရစ်တပ်ဆင်ထား၏။ တစ်ခြားတော့မဟုတ် တပ်စုတပ်ကြပ်ကြီးရာထူးဖြစ်၏။ မည်သူမှခန့်အပ်သလဲဆိုတော့ ခင်ဗျားတို့ကျုပ်တို့ပါစပ်ဖျားမှာ ခုချိန်ထိရေပန်းစားဆဲ အဲဒီတုန်းက ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မျိုးမင်းဖြစ်သည်။ ( ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှ ချီးမြှင့်သော ရာထူးမျိုးကို ကျုပ်အနေဖြင့် ဂုဏ်ယူစွာတပ်ဆင်ထားခြင်းကို လွန်အံ့မထင် .. ဟီးဟီး )။ အဲ.. ကျုပ်ရဲ့ ဘယ်ဘက်မှာတော့ အရပ်ရှည်ရှည် ပြူးကြောင်ကြောင် သုန်မှုန်စွာနဲ့ ကြည့်နေသူကတော့ ကျုပ်ရဲ့ ဘယ်လက်ရုံးတာဝန် ထမ်းဆောင်နေတဲ့ ဇော်မင်းသိန်း ( လိပ်ကြီး၊ ဖိုးပါကြီး၊ ရန်အောင်ကြီး ) ပဲဖြစ်၏။ အဲဒီအချိန်မှာ သူ့ကို မစရဲ ဗိုက်စာပြီးစိတ်တိုနေသောကြောင့်ဖြစ်၏။ ကျုပ်ရဲ့ညာဘက်မှာကတော့ ညာလက်ရုံးတော်ကြီး ချမ်းနေ၀င်း ( ဆေးဘော ) ကျုပ်ရဲ့ ညာလက်ရုံးဖြစ်ရသည်ကို ဂုဏ်ယူသည့် အပြုံးမျိုးဖြင့် ကင်မရာမင်းကို ပြုံးပြီး ဟန်ပါပါကြည့်နေသူပေါ့။ သူ့ပခုံးပေါ်မှာကတော့ ကျုပ်လိုဘဲ ဦးအောင်မျိုးမင်း ချီးမြှင့်ထားတဲ့ အပွိုင့်မန့်ဒေါက်။ ကျုပ်တို့ ဘယ်ဘက်မှာ ဦးထုပ်မပါတဲ့ နှစ်ယောက်ထဲ လမ်းလျှောက်ရင်း တော်ကီပွားပြီး သွားဖြီးနေသူကို တွေ့ပါလိမ့်မည်။ သူကတော့ အောင်ဆန်းသူရိယ လှသောင်းကျောင်းသားကွဟု မကြာခဏ ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိသော၊ သူ့နှာခေါင်းကြီးခြင်းကို ( ပြည့်ဝတဲ့ အနမ်းပိုင်ရှင်ကွ ) ဟု အကာအကွယ်ပြုပြောလေ့ရှိသော ရေမကူ လေမရှူတမ်း ပွားလေ့ရှိသော စိုးမင်းသိမ်း ဖြစ်၏။ ကျုပ်တို့သုံးယောက်ရဲ့ နောက်တွင် နှစ်ယောက်ရှိ၏။ ဘယ်ဘက်က လူကောင်သေးသေး ဒေါက်အနီရောင်တပ်ထားသော၊ ရင်ဘက်မှာ နံပါတ် ၁၇၄ ကို တပ်ဆင်ထားသော၊ ကိုယ်အလေးချိန် ပေါင် ၁၀၀ ပြည့်မှီရန် ငှက်ပျောသီး၊ ရေသန့်ဘူးတို့ကို အားမနာတမ်း မှီဝဲခဲ့ရသော ( အရင်တုန်းကဖြစ်သည် ခုတော့မသိ ) သူရသိန်း ဖြစ်၏။ အဲ… သူ့ရဲ့ ညာဘက်မှာကတော့ ခါးမှာချိတ်ထားသော ကင်မရာကို ( ဗိုလ်အောင်ဒင် ဇာတ်လမ်းထဲက ကိုဘချစ် ခါးက ခြောက်လုံးပြူးဆွဲထုတ်သလို) ဟန်ပါပါဆွဲထုတ်ပြီး ကင်မရာရိုက်ပေးသူကို ငါတို့လဲတစ်ပုံလောက်ရိုက်ပေးပါအုံးဟု အကူအညီတောင်းသည့် အမူအရာပိုင်ရှင်ကတော့ နောင်တော်ကြီး ကိုနန္ဒအေး သူ့ကို ကျုပ်တို့က ချစ်စနိုးနဲ့ ယူစီ လို့ခေါ်ကြတယ် ( ယူစီ - ယူ= ယူဂျီအယ်လ်ဝိုင် အားဂလီး စီ=စီအေတီ ကတ် ) အားဂလီး ကတ် = ကြောင်ရုပ်ဆိုး။
မော်ဒယ်ဘွိုင်းတွေအကြောင်းပြောရင်းနဲ့ စာကရှည်သွားသည်။ အတိုချုပ်ပြီးတင်ပြပါတော့မည်။

စစ်ကြောင်းမှူး ဦးဖုန်းမြင့် ( အီးဖုန်း ဟုလဲ သူ့ကွယ်ရာတွင်ခေါ်ကြသည် အကြောင်းမူ အီးမေဂျာ ဌာနမှူး ဖြစ်၏) ခန်းမသွင်းစကားပြော .. ***************** .. ရွာတွင်းသို့ မသွားရဲအောင်ပြောခြင်းဖြစ်ကြောင်း ဆိုက်ဝါး သာဖြစ်ကြောင်း နောင်တစ်ချိန်တွင်သိရှိရ-

ရွာဘုန်းကြီးကျောင်းရေကန်ဆည်ခြင်းလုပ်အားပေးလုပ်ကြသည်။ ရာသီဥတုအလွန်ပူသည် ပင်ပန်းကြသည်။ သို့သော် ပျော်ခဲ့ကြသည်။

ရွာလက်ရွေးစင်အသင်းများဖြင့် ဘော်လုံးကန်သည်။ နွားလှည်းပေါ်တက် မိုက်ကိုင်ပြီး လော်စပီကာနဲ့ မြန်မာ့အသံ ဦးလှဝင်း လေသံဖြင့် ပွဲအစီအစဉ်တင်ဆက်သူကတော့ သီဟထွန်း ( ဆင်ဖြူရှင် ) ဖြစ်၏။ ပထမနေ့ ပင်းတလဲရွာ အသင်းရှုံးသည်။ ဂိုးပြတ်ဖြင့် ကျုပ်တို့အသင်းနိုင်သည်။ ကျေးရွာအသင်း နည်းစနစ် ဒါရိုက်တာ ဖြစ်သော ရွာဦးကျောင်းဘုန်းကြီးမှ သူ့အသင်းသားများကို ဂိုးပြတ်ဖြင့်ရှုံးရကောင်းလားဟုဆိုကာ ကြိမ်လုံးဖြင့် ခေါ်သမကြောင်း နောက်ပိုင်းသတင်းများအရ သိရှိရသည်။ စစ်ကြောင်းမှူးမှပြော၏ မင်းတို့ရွာထဲသွားရင် ဘယ်အိမ်ကမှ ခေါ်မှာမဟုတ်တော့ဘူးဟုဆို၏ ( ဘော်လုံးအနိုင်ကန်ထားသောကြောင့် ဆိုလိုခြင်းဖြစ်သည်)။

ရွာတွင် စီဒီအိုကေဆိုင် နှစ်ဆိုင်ရှိ၏။ ယနေ့ခေတ် ကေတီဗွီများလို အလုံပိတ်အခန်း၊ အဲယားကွန်း၊ ဆိုဖာထိုင်ခုံ၊ ကူညီသီဆိုပေးသူ အမျိုးသမီးများနှင့် မီးရောင်စုံများ မရှိ။ ထန်းရွက်မိုးတဲတွင် ထန်းလက်ကုလားထိုင် တစ်ရွာလုံးကြားနိုင်လောက်သော လော်စပီကာ ပဲကြီးလှော်နဲ့ ထန်းရည် သာရှိ၏။ သူ့ခေတ်သူ့အခါနှင့် ယှဉ်လျှင် ခေတ်မီသောရွာဟု ဆိုနိုင်ပေသည်။ သုမောင်ရဲ့ နဂါးနီ သီချင်းကို ရတ်ပိ (Repeat) လုပ်ပြီးဆိုကြသည် ( ထိုသီချင်းကရှည်သည် ဆိုရတာတန်သည်။ သီချင်း ပုဒ်အရေအတွက်ဖြင့် ငွေပေးရသောကြောင့်ဖြစ်၏။ သီချင်ကလည်း ဆိုရလွယ်သည်) မိမိအသံကောင်းခြင်းကို တစ်ရွာလုံးသိပါစေခြင်းအလို့ငှာ သီဆိုရန်အတွက် သီချင်းရွေးပြီး တန်းစီ၍စောင့်ဆိုင်းနေသူများလည်းရှိ၏။ တစ်ချို့ဆို ဆိုင်ပိတ်သွား၍ မဆိုလိုက်ရ ဆိုင်ရှင်မှ တောင်ပန်ပြီးပြန်လွှတ်လိုက်ရသည်။

ထိုကာလကတည်းက စစ်ရပ်ပါ ( Army Rapper) များလည်း ပေါ်ထွန်းခဲ့ဖူးသည်။ ရွာလယ်ခေါင် နေပူထဲတွင် ဂျင်းဘောင်းဘီကို ဟန်ပါပါ ၀တ်ဆင်ပြီ ဝေါ့မန်း ( WalkMen ) နားကြပ်ဖြင့်နားထောင်ရသော ကက်စက် ကိုခါးမှာချိတ် နားကြပ်ကို ခေါင်းမှာတပ် ရပ်ပါစည်းချက်နဲ့အညီ ခေါင်းတညိတ်ညိတ်ဖြင့် မည်သူခေါ်ခေါ် မကြား၊ သီချင်းထဲက နားမလည်နိုင်သောစာသားများကို တစ်တွတ်တွတ်ရွတ်ဖတ်သရဇာယ်ရင်း တစ်ကိုယ်တော် ရွာရိုးကိုးပေါက်လျှောက်လည်သူကတော့ ပြည်သူချစ်သော အာကာ(BDL)။ နိုင်ငံကျော် ရပ်ပါအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အက်ဆစ် ( ACID ) အဖွဲ့ရဲ့ ”စတင်ခြင်း” တေးစီးရီးသီချင်းတိပ်ခွေကို ပင်းတလဲဒေသတ၀ိုက် ကိုယ့်အားကိုကိုး အခမဲ့ ထုတ်လုပ်ဖြန့်ချီ ကြော်ငြာပေးခဲ့သူလည်းဖြစ်၏။ အက်ဆစ်အဖွဲ့၏ ကျေးဇူးရှင် မည်ထိုက်ပေစွ။ ( ထိုအချိန်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီ သီချင်းသာပေါ်ခဲ့လျှင် အနှီပုဂ္ဂိုလ်နှင့် ကွတ်တိဖြစ်၏ )။

ပင်းတလဲဒေသတွင် အိမ်တွင်းမှုလုပ်ငန်းအနေဖြင့် လက်/စက် ယက်ကန်းလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြသည်။ အညာစောင်၊ မျက်နှာသုပ်ပ၀ါ၊ ပုဆိုး၊ လွယ်အိတ် အစရှိသော အ၀တ်အထည်ပစ္စည်းများကို အဓိကထားထုတ်လုပ်ကြသည်။ ကျုပ်တို့သူငယ်ချင်းများထဲတွင် ယက်ကန်းလုပ်ငန်းကို အင်မတန် စိတ်ဝင်စားသော ပုဂ္ဂိုလ်များလည်း ပေါ်ထွန်းခဲ့ပေသည်။ နေ့စဉ် ယက်ကန်းရုံရှိရာသို့ သွားရောက်သတင်းပို့ခြင်း၊ ကိုယ်တိုင် ယက်ကန်းဝင်ယက်ခြင်း၊ ယက်ကန်းပညာရပ်ကို အူမချီးခါးမကျန်သိရှိလို၍မေးမြန်းခြင်း၊ ပင်းတလဲနှင့် အုပ်စုတူ ကျေးရွာဖြစ်သော လေးမျက်နှာကျေးရွာအထိ ခြေဆန့်၍ ယက်ကန်းပညာကို အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း စသည်တို့သည် နောင်တစ်ချိန်တွင် မြန်မာ့ရိုးရာ ယက်ကန်းလုပ်ငန်းကို အဆင့်မြင့်တင်ပြီး ကုမ္မဏီတစ်ခုထူထောင်ရန်အလို့ငှာ လေ့လာလိုက်စားခဲ့ခြင်းဖြစ်ကြောင်း နောင်တစ်ချိန်မှ သိရှိခဲ့ရပေသည်။ ( ယက်ကန်းယက်လုပ်သူများမှာ အမျိုးသမီးငယ်များသာဖြစ်သောကြောင့် ထိုကဲ့သို့ ကြိုးစားအားထုတ် လေ့လာခဲ့ကြကြောင်း အင်တာနက်သတင်းများအရ သိရှိရသည်။ )

အညာဒေသ၏ ဒေသထုတ်ကုန်တစ်ခုဖြစ်သော ထန်းလျှက်သည်လည်း ကျုပ်တို့အတွက် လေ့လာစရာ ကုန်ပစ္စည်းတစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။ ညနေစောင်း နေညိုချိန်ရောက်ပြီဆိုလျှင် ထန်းလျှက် ထုတ်လုပ်သော ထန်းတောစက်မှုဇုံသို့ စီးတော်ယာဉ် နွားလှည်းများဖြင့် သွားရောက်လေ့လာခဲ့ကြသည်။ ထန်းလျှက်စက်မှုဇုံအတွင်းသို့ ၀င်လိုက်သည်နှင့် ထန်းလျှက်ချက်သောနေရာမှ ထွက်ပေါ်လာသောရနံ့သည် ကျုပ်တို့ နှာခေါင်းကို လာရောက်သတင်းပို့ကြသည်။ မွှေးလိုက်တဲ့အနံ့။ သွားရည်တောင်ကျမိ၏။ ပိန်ပိန်ရှည်ရှည် ထန်းပင်များပေါ်မှ ဆင်းလာသော ထန်းတက်လုပ်သားကြီးများခါးမှချိတ်ထားသော ထန်းရည်မြူအိုကို အလုအယက်ဖြင့် လေ့လာကြည့်ရှု မြည်းစမ်း၍ သောက်သုံးကြသည်။ အော် ဒီအပင်ပေါ်ကကျတဲ့ အရည်ဟာ ထန်းလျှက်ဖြစ်လာပါလားဟု အံ့သြကြီးစွာဖြင့် လေ့လာမြည်းစမ်းကြသည်။ ခါးတွင်းမချဉ်စေရန် ပဲကြီးလှော်၊ လယ်ကြွက်ကြော်၊ လက်ဖက်သုပ်၊ ကြက်ကြော်စသည့် စားသောက်ဖွယ်ရာများသည်လည်း ထန်းလျှက်ဖြစ်လာမည့်အရည်များဖြင့် နေနှင့်လ ရွှေနှင့်မြလို အတွဲညီစွာလိုက်ဖက်လှပေသည်။ သည်လိုနှင့် ကျုပ်တို့ သူငယ်ချင်းတစ်တွေ အားသွန်ခွန်စိုက် လေ့လာလိုက်ကြတာ ထန်းတောစက်မှုဇုံကအပြန် နွားလှည်း ပေါ်တွင် မှောက်သူကမှောက် နောက်ဆုံးပေါ် မြန်နှုန်းမြှင့်နွားလှည်း၏ အရှိန်ကြောင့် မူးဝေအော့အန်သူများလဲ ရှိကြကုန်၏။ ( ကျုပ်တို့ လေ့လာရေးခရီးကာလအတွင်း ပင်းတလဲဒေသ ထန်းတောစက်မှုဇုံတွင် ထန်းလျှက် ထုတ်ကုန် ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း အင်တာနက်သတင်းများအရ သိရှိရသည်။ )

သည်လိုနဲ့ ပြည်သူ့အကျိုးဆောင်ရွက်ရင်း ပြည်သူလူထုဘ၀လေ့လာရင်းနဲ့ တစ်ပတ်မျှသောအချိန် ကုန်ဆုံးသွားလေသည်။ လေ့လာရေးခရီးကာလ ပြီးဆုံးပြီဖြစ်သဖြင့် သင်တန်းကျောင်းသို့ပြန်ရတော့မည်။ မော်တော်ယာဉ်တန်းကြီး ပင်းတလဲရွာမှထွက်ခွာဖို့အသင့်ပြင်ထားသည်။ အလာတုန်းကပျော်သလောက် အပြန်တွင် မှိုင်တွေငေးမောရင်းဖြင့် ကားပေါ်တက်ကြသည်။ ကားဘေးဘယ်ညာတွင် ရွာမှ မိမိတို့နှင့် ခင်တွယ်ခဲ့ကြသော ကလေး၊လူကြီး၊လူရွယ် ကျားမ အရွယ်စုံတို့မှ လိုက်လံနှုတ်ဆက်ကြသည်။ ဒေသထွက်ပစ္စည်းများကို လက်ဆောင်အဖြစ်ပေးအပ်ကြသည်။ သူငယ်ချင်းတစ်ချို့မှလည်း ပြန်ပေးစရာ မရှိသဖြင့် နီးစပ်ရာ ဦးထုပ်တံဆိပ်၊ ကော်လံတံဆိပ် စသည်တို့ကို လက်ဆောင်အဖြစ် ဖြုတ်ပေးကြသည်။ ( နောင်တစ်ချိန်တွင် ယူနီဖောင်းပြည့်စုံမှုမရှိသဖြင့် ဒုက္ခရောက်မည်ကို ထိုအချိန်က သတိမရခဲ့လေသလား ) ကားနှင့် မလှမ်းမကမ်းတွင် တရှုံ့ရှုံ့ဖြင့် ငိုသံကြားမိလို့လှမ်းကြည့်မိသည်။ ပုဆိုးကို ထဘီလို ၀တ်ဆင်ထားသည်။ ရှပ်အင်္ကျီကို ပုဆိုးအပြင်ထုတ်ဝတ်ထားသည်။ မျက်ရည်စီးကြောင်းနှင့်အတူ ပျက်လုစဲစဲ သနပ်ခါး ပါးကွပ်ကြား၊ နှုတ်ခမ်းနီခပ်ပါးပါးဆိုးထားသောမျက်နှာနှင့် ကျားမဟုတ် မမဟုတ်တစ်ယောက် ရှိုက်ကြီး တငင်ငိုနေတာတွေ့မိသည်။ ကျုပ်တို့ ယာဉ်တန်းကြီးထွက်သွားတော့ တစ်ရွာလုံး လက်ပြနှုတ်ဆက်ရင် ကျန်ခဲ့ကြလေသည်။ ငိုတဲ့လူတွေလဲ ငိုပြီးကျန်ခဲ့လေသည်။ အန်ကန်ဖိုက် ခေါ် ဦး၅ ကို အောင်မြင်စွာကျင့်သုံးနိုင်ခဲ့လျှင် ၎င်းအရာသည် လူတန်းစားပေါင်းစုံတို့ကို စွဲကိုင် လှုပ်နှိုးနိုင်သော အရာဖြစ်ပေတော့သည်။ ( ထို မိန်းမလျှာလေး မည်သူ့အတွက် ငိုသည်ကို ကျွန်ုပ် မဖော်ထုတ်လိုပါ၊ နောင်တစ်ချိန်တွင် သင်တန်းကျောင်းအထိ လိုက်လံတွေ့ဆုံသည့်သူများလည်းရှိကြောင်း၊ ထိုဒေသခံ အမျိုးသမီးများဖြင့် အိမ်ထောင်ပြုသူတွေလဲ ရှိခဲ့ကြောင်း အင်တာနက်သတင်းများအရ သိရှိရသည်။ )

လွန်ခဲ့သော (၁၄) နှစ်တာကာလက အဖြစ်အပျက်များကို သူငယ်ခြင်းအပေါင်းအား သတိရစရာ အမှတ်တရအဖြစ် အပျော်သက်သက် ရေးသားခြင်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ပါစေခြင်း အလျင်းမရှိကြောင်း ၀န်ခံပါသည်။ ( လွန်တာရှိလဲ သည်းခံပေရော့ … ဟီး ဟီး )

ကျုပ်ရဲ့ အားနည်းလှသော စာအရေးအသား ၊ ရှည်လျှားသောစာတို့ကို သည်းခံဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း-

ပြည်သူ့မေတ္တာခံယူလျှက်
မေဂျာ ယွန်းထဉ်

Sunday, June 22, 2014

Tuesday, May 20, 2014

Tuesday, May 6, 2014

"ဘာ.. အရာရှိစားရိပ်သာ ကိုင်ရမယ်...ဟုတ်လား.."

"ဘာ.. အရာရှိစားရိပ်သာ ကိုင်ရမယ်...ဟုတ်လား.."
"ငါးဟင်းချက်ကျွေးတဲ့နေ.ဆို မင်းတို.မျက်နှာတွေက ငါ့ကိုပဲ မကြည်သလိုလို၊
ကြည့်မရသလိုလိုကြည့်ကြမယ်။ ပြီးရင် ကျွန်တော်တို.တွေ ငါးတွေစားရလွန်းလို.
ပါးဟပ်တွေထွက်လာပါပြီ ဆိုပြီး အာချောင်ကြမယ်"
"ကြက်ဥကျွေးတဲ့နေ.ဆို ဒီရွှေခေါင်းပြောင်တွေချည်းကျွေးနေတာပဲ။ လူတွေလည်း ကြက်ဥစားရလွန်းလို.အိမ်သာတက်ရင်တောင် ကြက်ဥတွေများ ပြန်ထွက်လာမလားဆိုပြီး ကိုယ့်ဘာသာ ပြန်ငုံ.ကြည့်နေရတယ် ဆိုပြီး လျောက်ပြောမယ်"
"ကြက်သားကျွေးတဲ့နေ.ကျပြန်တော့ ကြက်သားဟင်းလား၊ ကြက်ရိုးဟင်းလား.. ဒီကြက်က
သီပေါမင်းလေးဘက်ထောက်တုန်းက ကြက်ဖြစ်မယ်.. အလေးပြုပြီးစားရမယ့်ပုံပဲ။ အသားကမာပြီး ရင့်နေတော့ ဇွန်း/ခရင်းတွေလည်း ကွေးကုန်ပြီဆိုပြီး ဗရီးဗရားပြောကြမယ်"
"၀က်သားကျွေးတဲ့နေ.ကျပြန်တော့ ဒီလောက်အဆီများတဲ့ဝက် သေတာတောင် နောက်ကျသေးတယ်ဆိုပြီးဝက်ကိုပြောသလိုလိုနဲ. ငါ့ကို စောင်းပြီးပြောမယ်"
"အမဲသားကျွေးတဲ့နေ.ဆို အမဲမစားဘူး၊ ကျန်တာလုပ်ပေးပါ ၊ မြန်မြန်လုပ်ပါဆိုပြီး အသံသေးအသံကြောင်နဲ. ကုလားသိုက် ကျားဝိုင်းသလို အော်ကြမယ်"
"ဆိတ်သားနဲ.ဘဲသား ဘယ်တော့ကျွေးမှာလည်းဆိုပြီး မသိသလိုနဲ. လာမေးကြမယ်။ တပ်မတော်ကပေးတဲ့ စိုငွေမဖြစ်စလောက်နဲ. ဘဲသား၊ ဆိတ်သား ကောင်းကောင်းဝယ်စားချင်ရင်တော့ မင်းတို.တွေမိန်းမရမှသာ မိန်းမကို စိုငွေအပ်ပြီး အဲသည်အသားတွေ ချက်ခိုင်းတောဟေ့"
"ရိပ်သာတာဝန်ခံဆိုတာ ကိုယ့်ဘာသာ ရိပ်သာမှာထမင်းစားတာတောင် နောက်ကျောမလုံဘူး။
ဟင်းမကောင်းတဲ့နေ.များဆို ရုတ်တရက် ဘာများထအာချောင်ကြမလည်းဆိုပြီး
ထိတ်ထိတ်လန်.လန်.နဲ. နေရတဲ့ဘ၀။ ကိုယ့်ပိုက်ဆံနဲ.ကိုယ်အပြင်မှာ ထွက်ဝယ်စားရင်တောင်
"ရိပ်သာတာဝန်ခံကိုယ်တိုင်က ရိပ်သာမှာမစားမှတော့ ဒီရိပ်သာမှာ ဘယ်လိုလုပ် ဟင်းကောင်းတော့မလဲ" ဆိုတဲ့ မင်းတို.ရဲ့ စကားသံတွေကို ကြိုသိနေတယ်ကွ။ တပ်ထဲမှာနေသ၍ စစ်သည်ရိပ်သာတာဝန်ခံသာလုပ်ချင်လုပ်မယ်။ ဗိုလ်တွေစုနေပြီး ဗိုလ်လိုပဲစားချင်တဲ့ မင်းတို. ဗိုလ်ရိပ်သာတော့ တာဝန်ခံဗိုလ်မလုပ်ဘူးဟေ့။"
(သတင်းလေးကြားရုံရှိသေးး ညည်းလှချေလား အစ်ကိုကြီးရယ်)
(https://www.facebook.com/htike.thu.14 မှ ကူးယူဖော်ပြပါသည်)

Saturday, May 3, 2014

နှင်းပန်းလေးများ

ပြင်ဦးလွင်မှာ နွေအကုန် မိုးအကူး မိုးတစ်ပြိုက် နှစ်ပြိုက် ရွာလိုက်တာနဲ့ ဒီနှင်းပန်းလေးတွေ ကို တွေ့ရပြီ။

စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀တုန်းကတော့ ဒီပန်းလေးတွေပွင့်တဲ့အချိန် ၊ ချယ်ရီတွေ ပွင့်တဲ့ အချိန်က အိမ်ပြန်ချင်တယ် အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ် ဆိုတဲ့အချိန် ပေါ့။





(ဦးရဲထွဋ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

Sunday, April 20, 2014

ဒိုးပင်မှနေ.စွဲများ

ပံသုမဟာ ဤမြေလွှာကို
သမုဒ္ဒရာ ရေထုလွှာဟုစိတ်တွင်မှတ်ထား
လက်ပစ်သွားပြီး ကိုယ်စီများနှင့်
ပေတူးရှုပ်ပွ ညစ်ထေလှအောင်
ငါတို.ခန္ဓာ ဇွဲမာန်ဝါနှင့်
ဒိုးပင်စခန်း ဤနယ်ဆန်းမှာ
လာဟေ့တိုင်းထွာ စည်းလုံးစွာနှင့်
ပစ်ထောက်မှောက်လှိမ့် လုပ်ခဲ့ဖူးပြီ။

စစ်သားဘဝ ဤမှာစပြီ
တောင်စောင်းတဲထိုး မြေခင်းမိုးနဲ.
စခန်းတည်ဆောက် သည်တောင်ကြောတစ်လျှောက်မှာ
ခံစစ်စခန်း ငါတို.နန်းကို
ဗျူဟာလေးယိုင်တိုင်တိုင် လွတ်လပ်ခြင်းတွေတစ်ပိုင်တစ်နိုင်နဲ.
ဖက်စ်ရီးယားဘဝ ကိုးဆယ့်ရှစ်ခုနှစ်မှာ
ကတုတ်ကျင်းတွေကိုယ်စီနဲ.
စိန်ရောင်ခြည်မီိးထိန်ထိန်ညီးပြီး ငါတို.တစ်တွေတည်ဆာက်ခဲ့ပြီ။

သစ်ဥရှာဖွေ တောထဲနေဖို.
ဟင်းစားကိုရှာ ချက်ပြုတ်စရာနဲ.
ပြောင်းဖူးတွေချိုး ဈေးတန်းတိုးပြီး
ဟန်းကောတွေပြင် ဆန်တွေချင်လို.
အဟုတ်အတည် ရုပ်တည်တည်နဲ.
ချက်ပြုတ်ကြော်လှော် စခန်းကုန်းပေါ်မှာ
စစ်သားဘဝ အဌာရသဖြစ်တဲ့
တောတွင်းနေထိုင်စားသောက်ခြင်းတွေကို ငါတို.တစ်တွေလေ့လာခဲ့ပြီ။

ဗျူဟာကာလ ဤအခါသမယမှာ
စမိုင်၊ ဂျုံယို၊ မုန်.ချိုစုံကို သာသာစည်းစည်းအဝတီးပြီး
စစ်မှုးစွမ်းရည် လေးအမြူတေကို
မြတ်ဆရာဂုဏ် မှုးဝင်းဗိုလ်အထုံကြောင့်
ဘုန်းကြီးကျောင်းပြင် ထိုကွင်းပြင်တွင်
ချီ၊တိုက်၊ခံ၊ခွာ နည်းဗျူဟာတွေနဲ.
အခြေပိုင်ပိုင် နည်းမယိုင်ဘဲ
ငါတို.တစ်စခန်းလှမ်းခဲ့ကြပြီ။

အချိန်တန်လို.အိမ်ပြန်ကြဖို.
ကျောပိုးအိတ်တွေပြင် မာန်တွေတင်ပြီး
အေရိုးလက်စ် တွေအပေါ်မှာ ငါတို.တစ်တွေအတွေးကိုယ်စီနဲ. မျက်နှာမကြည်ဘဲ
အမိကျောင်းတော် ဗိုလ်လောင်းကုန်းပေါ်ကို
ဒိုးပင်အပြန်ခရီး လှမ်းခဲ့ကြသည်
ကျောင်းကြီးကိုဝင် တန်းပေါင်းစီပေါ်တင်တာ့
စီနီယာများနောင်တော်များမှ အော်ဟစ်ကြွေးကြော်
သောင်းသောင်းကျော်ကို ငါတို.စိတ်တွေလှုပ်ရှားဖူးပြီ။
" ဖက်စ်ရီးယားတွေပြန်လာပြီဟေ့ !!! "

©AZY6844 (Neverland)
Remembrance of Dobin Outdoor of first year life of DSA 43rd Intake
— with Than Htike and 40 others.

Sunday, April 6, 2014

နုတ်ဆက်လိုက်ပါတယ် သူငယ်ချင်း




စစ်ဆိုတာ
လူကြီးတွေက စကားပြောပြီး
လူငယ်တွေက သေကြရတာတဲ့
ဘယ်သူပြောခဲ့မှန်း မသိပေမယ့်
ခုတော့
လူကြီးတွေ စကားပြောနေတုန်းမှာပဲ
လူငယ်တစ်ယောက်
ကြွေလွင့်ခဲ့ရပြန်ပြီ
.

နှစ်ဘက်စလုံးဟာ
အမိန့်နဲ့တာဝန်ကို ဦးထိပ်ပန်ဆင်ရင်း
ပစ်ကြခတ်ကြ
တိုက်ကြခိုက်ကြ
သေကြကျေကြ
.

မြန်မာပြည်ထဲမှာ
တိုင်းရင်းသားချင်းဖြစ်တဲ့စစ်
ဘယ်ဘက်ကပဲ နိုင်နိုင်
မြန်မာပြည်ရဲ့ အောင်နိုင်မှု မဖြစ်ပေမယ့်
ဘယ်ဘက်ကပဲ ရှုံးရှုံး
မြန်မာပြည်ရဲ့ ဆုံးရှုံးမှုဆိုတာ
စကာပြောနေတဲ့ လူကြီးတွေ
ကောင်းကောင်းကြီး သိကြပေမယ့်
မြန်မာပြည်ကြီးကတော့
ဆုံးရှုံးနေရတုန်းပါပဲ
.

နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းတာဟာ
ကျောင်းဆရာအလုပ်ပြီးရင် အမြင့်မြတ်ဆုံး....တဲ့
နိုင်ငံတော်ကို ပြည်ပရန်က ကာကွယ်ပါရစေ
ညီအစ်ကိုချင်းတွေ
မသတ်ပါရစေနဲ့တော့
.

သူငယ်ချင်းရေ
သွေးသားရင်းချာ
တိုက်ကြတဲ့စစ်ပွဲတွေမှာ
စတေးခံရတာ
မင်း နောက်ဆုံးဖြစ်ပါစေကွာ
.

မင်း . . အသက်စွန့်ခဲ့ရတဲ့
တိုက်ပွဲဟာ
မြန်မာ့မြေပေါ်က
ညီကိုချင်းတိုက်ကြတဲ့
နောက်ဆုံးတိုက်ပွဲ
ဖြစ်ပါစေကွာ
.

သွေးသားရင်းချာ
တိုက်ကြတဲ့ စစ်ပွဲတွေမှာ
လင်သားဆုံး အဖေဆုံးရတာ
မင်းမိသားစု နောက်ဆုံးဖြစ်ပါစေကွာ
.

သူငယ်ချင်းတစ်ယောက်
ရဲဘော်ရဲဘက်တစ်ယောက်
ဆုံးရှုံးလို့
ငါတို့တွေ
အခုလို ၀မ်းနည်းရတာလည်း
နောက်ဆုံး ၀မ်းနည်းရတာ
ဖြစ်ပါရစေကွာ
.

မင်းလည်း
မင်းပေးခဲ့တဲ့ အသက်ကုသိုလ်အတွက်
ရောက်ရာဘုံဘ၀ကနေ
အမျှ အမျှ ဝေလိုက်စမ်းပါ့
.

မျက်ရည်တွေ ကြားထဲက
ငါတို့
သာဓု ခေါ်ပါ့မယ်
. . .

-----------------------------------------------------------------------------------------


DSA 43 မှ
သူငယ်ချင်း မျိုးညွန့်စိုး
ဒုတိယတပ်ရင်းမှူး သည် ၄-၄-၂၀၁၄၊ ၁၆၃၀ချိန်ခန့်တွင်
နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူ သွားခဲ့ပါသည်။
သူငယ်ချင်း နိုင်ငံတော်အပေါ် မြင့်မြတ်သောဆောင်ရွက်ချက်များ နှင့် အကောင်းဆုံးပေးဆပ်မှုကို ငါ့တို့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မှတ်တမ်းတင်ထားရှိပါမည်။
သူငယ်ချင်း ကောင်းရာသုဂတိလားပါစေ။
အမှတ်စဉ် ၄၃ မှသူငယ်ချင်းများ
 ----------------------------------------------------------------

သူ့မိန်းမကိုရည်းစားစကားမပြောရဲလို့..အရက်တိုက်ပြီးပြောခိုင်းခဲ့ရတဲ့သူငယ်ချင်း...
သူ့မင်္ဂလာဆောင်ကိုကျနော်မရောက်နိုင်ပေမယ့်..ကျနော်မိန်းမသွားတောင်းသည်မှုအစ..
မင်္ဂလာဆောင်ပြီးသည်အထိကူညီပေးခဲ့တဲ့သူငယ်ချင်း...
စီးပွားရေးအမြင်..ကောင်းတဲ့သူငယ်ချင်း...
ဂေါက်သီးကစားရင်..ငါဘယ်လောက်ကြိုးစားကြိုးစားမင်းကိုတော့ရှုံးတယ်..
မင်းကကြေးခေါ်တက်တာကိုးလို့အမြဲပြောတဲ့သူငယ်ချင်း...
ငါတပ်မတော်ကအနားယူဖို့..နှုတ်ထွက်ခွင့်တင်ထားတယ်ကွာ..
အပြင်မှာမိသားစုနဲ့အတူနေပြီးလုပ်ကိုင်စားသောက်တော့မယ်လို့မကြာခင်ကမှပြောသွားခဲ့တဲ့သူငယ်ချင်း..
ငါတို့နိုင်ငံကြီးငြိမ်းချမ်းတော့မယ်..ငါတို့စစ်တိုက်စရာမလိုတော့ဘူးလို့
မျှော်လင့်ချက်တွေထားနေတဲ့သူငယ်ချင်း...
.......
အခုတော့...
အခုတော့...
မင်းမိန်းမနဲ့ကလေး..တွေ..
မင်းဆွေမျိုး..သူငယ်ချင်းတွေ..
မင်းချစ်တဲ့..မင်းကိုချစ်တဲ့သူတွေကို..ထားသွားခဲ့ပြီ..
နိုင်ငံအတွက်အရေးကြီးတဲ့သန်းခေါင်စာရင်းကောက်ခံမှုကိုအောင်မြင်အောင်ကာကွယ်ပေးနေရင်း..
.မျှော်လင့်နေတဲ့ငြိမ်းချမ်းမှုကိုမခံစားလိုက်ရပဲ...
.......
သူငယ်ချင်း...ရေ...
ဘာပဲပြောပြော..
မင်းလွတ်လပ်ပါစေကွာ...
ငြိမ်းချမ်းပါစေကွာ...
မင်း..သွားလိုရာသွားနိုင်ပါပြီ...
မင်းကို..တပ်မတော်ကလည်းအနားယူခွင့်ပေးလိုက်ပါပြီ...
ေေ်ျေေေေ ကောင်းရာဘုံဘဝ..ရောက်ပါစေကွာ...
......
မင်းရဲ့သူငယ်ချင်း..
(Zarni Mg Mg)

-----------------------------------------------------------


သူငယ်ချင်းရေ.......
သွားနှင့်တော့....သွားနှင့်လေအုံး...
မင်းကတော့ ငါတို့ရဲ့ အဓိဌါန်အတိုင်း နိုင်ငံအတွက် အသက်ပေးစတေးပြီး
ဂုဏ်သရေ ရှိရှိနဲ့ တာဝန်ကျေခဲ့ပြီကွာ..
ဒါပေမယ့် သူငယ်ချင်းရာ...
မင်းပေးခဲ့တဲ့ အသက်နဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်
တည်ဆောက်နိုင်မယ်လို့ ဆုတောင်းပါတယ်ကွာ..
အဲ့ဒီ..ကချင်မြေမှာပဲ....
ငါတို့..သူငယ်ချင်းတစ်ယောက်ရဲ့ အသက်တစ်ခုနဲ့စခဲ့ပြီး..
ခု..မင်းရဲ့ အသက်နဲ့ အဆုံးသတ်နိုင်ပါစေကွာ....
ဒီနေ့ဟာ ငါတို့ရဲ့ ...လက်တွေ့ဘ၀ကို စတင်ချေချတဲ့နေ့
အဲ့ဒီနေ့မှာပဲ....
သူငယ်ချင်းက ငြိမ်းချမ်းရာနေရာကို ငြိမ်းချမ်းရေးဆိုတဲ့ စကားတစ်ခုဖြစ်တည်ဖို့
မင်းရဲ့ သားငယ်လေးနဲ့ မိသားစုကို ထားခဲ့ပြီး ... ငါတို့ကိုပါ ချန်ခဲ့ပြီပေါ့ကွာ...
စိတ်ချ သူငယ်ချင်း... မင်းပေးခဲ့တဲ့ အသက်နဲ့ အဲ့ဒီငြိမ်းချမ်းရေးဆိုတာကြီးကို
ငါတို့နိုင်ငံမှာ ပေါ်ထွန်းလာစေရမယ်...
တာဝန်ကျေပွန်မှုနဲ့ သွားနှင့်လေတော့...ကောင်းရာသုခတိမှာ
နားခိုလေတော့...သူငယ်ချင်းရေ............။
(ဂျာကြီး)

 ကြွေပြန်ပြီ
xxxxxxxxx

ကျဆုံးစစ်သည် ရှေ့တန်းစစ်မြေပြင်မှာမို့
သရဏဂုံ ဘုန်းကြီး ဘဂဝါ စုံလင်စွာနဲ့ မတင်နိုင်ဘူး
အလံအုပ်လွှမ်း ခရာမှုတ်စမ်းပြီး ဂုဏ်မပြုနိုင်ဘူး
သင်၏မိသားစုံစုံငြားလည်း ခေါ်၍ဘေးနား နောက်ဆုံးခရီးနှုတ်မဆတ်နိုင်ဘူး
အခေါင်းမပါ ဤမြေလွှာမှာ သင့်အားထာဝရ မြှေးစက်နားဟု ပြန်တမ်းပြီးဝယ်
သေနတ်ကိုင်မြှောက် မပစ်ဖောက်ဘဲ အလေးပြုမယ်
ရာထူးကြီးငယ် ရွယ်တူမကျန်
သင်၏နောက်ဆုံး ထိုတောင်ကုန်းကို
ဝမ်းနည်းမျက်နှာ ဖြေမဆည်နိုင်စွာနဲ့ အလေးပြုနှုတ်ဆတ်
သင်၏သူငယ်ချင်း မျက်ပေါက်တွင်းက လှိမ့်ဆင်းအပူလုံး
ရှိုက်သံမကြား လိမ့်ဆင်းငြားလည်း ဂရုမစိုက်လေနှင့်
အမောင်စစ်သား လွတ်လပ်ရာသို့ သွားပါကွာဟု
ပြန်တမ်းထုတ်လေ ကောင်းမွန်ရာသို့ ရောက်ပါစေ။
(သူငယ်ချင်း မျိုးညွန့်စိုး ...ကောင်းရာသုဂတိလားပါစေကွာ...)

(ဂျာကြီး)
----------------------------------------------------------------------------------
----------------------------------------------------------------------------

တိုက်တိုက်ဆိုင်ဆိုင်....
၆-၄-၂၀၁၄ မှာ လိုက်ပို့ကြမတဲ့
ဒီနေ့မှာ ငါတို့အတူ ဘဝတစ်ခု စခဲ့ကြတယ်
အခုတော့ မင်းတစ်ယောက်တည်း
ဘဝတစ်ခုကို စနှင့်ပြီပေါ့.. သူငယ်ချင်းရယ်
တွေ့.ဆုံ.ကြုံ.ကွဲ ကြတာ မဆန်းပေမယ့်..
မင်း..ခွဲခွာသွားပုံက တိုက်ဆိုင်မှုတွေ များလွန်းတော့
ပိုနှမြော ကြေကွဲမိတယ် သူငယ်ချင်း...
ဘာပဲပြောပြော မင်းအတွက် ဂုဏ်ယူနေမှာပါ....

(ငှက်ကျား)
---------------------------------------------------------------------------------------

အရမ်းကို စိတ်မကောင်းဖြစ်မိတယ်ဗျာ...စားလို့လဲမဝင်ဘူး
အိပ်လို့လဲ မပျော်ဘူး...အတူတူတာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်း တစ်ယောက်ကျသွားတယ် ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ....
ကျနော့် သူငယ်ချင်းကို လွမ်းမိပါတယ်
မောင်မောင်လွင်ရယ်...ကျနော်ရယ်....မျိုးညွန့်စိုးရယ်...
သူငယ်ချင်း သုံးယောက်ရှိတယ်...
ဒါပေမယ့် အခု မျိုးညွန့်စိုးမရှိတော့ဘူး....
(သူငယ်ချင်း မျိုးညွန့်စိုး ကောင်းရာသုဂတိလားပါစေကွာ)...
wta

(Cho Too Lay)
--------------------------------------------------------------------------------------------
"There is no death for the brave; even should he die no hell" (nayrintzera)
(Kyaw Zeya) 

--------------------------------------------------------------------------------------------
မိဘကို ရိုသေကိုင်းရှိုင်းပြီး ကိုယ်ချင်စာတရား အမြဲလက်ကိုင်ထားတဲ့ ငါ့အကိုမှ
ဖြစ်ရတယ်လို့.. စိတ်မကောင်းပါဘူး အကိုရယ်.. ဒီတခေါက်ပြီးရင် အကို့မိန်းမနဲ့ ကလေးအတွက် အချိန်ပေးရမယ်လို့ ပြောခဲ့တယ်...
အခုအကို့မှာ အချိန်တွေ အရမ်းပေါသွားပြီလေ...
ဒါပေမယ့် အကို့မိသားစုအတွက်ဘာမှ လုပ်ပေးလို့ မရတော့ပါလား... အိမ်ထောင်ကျကတည်းက တာဝန်တွေ ထမ်းဆောင်နေရလို့ မိသားစုနဲ့ အတူမနေရတဲ့ အကို့ဘဝကို သနားမိပါတယ်...
အခုလည်း ၇ နှစ်မြောက် မင်္ဂလာဦး နှစ်ပတ်လည်ပဲ ရှိသေးတယ်.. မိန်းမနဲ့ ကလေးကို ထားခဲ့ပြီး အဝေးကြီးကို ရာသက်ပန် ထွက်သွားရပြီ...
အဲဒီ အတွက်
တစ်ချို့တွေက ပျော်နေကြတယ်... စစ်ခွေးတစ်ကောင် ကြဆုံးသွားလို့တဲ့...
မီဒီယာတွေကတော့ထုံးစံ အတိုင်းပေါ့ အကိုရယ်... အကိုမှားလို့ အပစ်ခံရသလိုလို နဲ့ လက်မောင်းကို မှန်ပြီး သေတယ်လို့တောင် ရေးထားကြတဲ့ ငနုံငအ မီဒီယာတွေက ရှိသေးတယ်...
တပ်မတော်ကလား တပ်မတော်ကလည်း အရေးတယူ လုပ်ပေးတယ်လေ...
အမှတ် ( ၁၆ ) စစ်ဆင်ရေးကွပ်ကဲမှု ဋ္ဌာနချုပ်... နည်းဗျူဟာ (၁) လက်အောက်ခံ... အမှတ် ( ၅၆၇ ) ခြေမြန်တပ်ရင်း မှ... ဒုတပ်ရင်းမှူး ဗိုလ်မှူး မျိုးညွှန့် စိုး ဦးစီး စစ်ကြောင်း သည် ....
ရှမ်းပြည်မြောက်ပိုင်း မန်ဝိန်းကြီး ဒေသ.... သန်းခေါင်စာရင်း ကောက်ခံနေသည့် အဖွဲ့ များ ၏... လုံခြုံရေး ဆောင်ရွက်နေစဉ်...
၎.၄.၂၀၁၄ ရက်နေ့  ၁၅ ၃၀ ချိန် ခန့် နမ့်ခမ်းပါ ကျေးရွာအနီး တွင်... ရန်သူ၏ ချောင်းမြောင်း ပစ်ခတ်မှု ခံရပြီး.... တိုင်းပြည်အတွက် အသက်ပေးလှူ သွားပါသဖြင့် ....
ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ... ၀မ်းနည်းကြေကွဲကြောင်း ဖော်ပြအပ်ပါသည် ..
ဗိုလ်မှူး မျိုးညွှန်စိုး ကောင်းရာ သုဂတိလားပါစေတဲ့...
ဒီ စကားလုံးလေးတွေကို ပိုက်ပြီး အကို့ရဲ့ ချစ်လှစွာသော ဇနီးက မုဆိုးမ ဖြစ်ပြီး အကို့ရဲ့ ကလေးက အဖေမဲ့သွားခဲ့ပြီလေ...
အဲဒီလို အကို့ကို တန်ဖိုးထားကြတဲ့ သူတွေဆီ ပြန်မလာပါနဲ့တော့... လုံခြုံရေး ယူပြီး ကာကွယ် ပေးချင်မနေပါနဲ့တော့ အကိုရယ် မြန်မာပြည်နဲ့ အဝေးဆုံးကိုသာ ထွက်သွားပါတော့... ညီတို့လဲ တစ်ချိန်ချိန်မှာ အကို့လိုပဲ နောက်ကနေ လိုက်ခဲ့ရမှာပါ...
ဝေးသထက်... အဝေးဆုံးကိုသာ ထွက်သွားပါတော့ အကိုရာ... အကို့ဘ၀လေး ငြိမ်းချမ်းသွားပါပြီ...
(Thway Thit Sar)
-------------------------------------------------------------------------------------------
ပြည်တွင်းစစ်ကြောင့် ပေးဆပ်ရတဲ့
အသက်နဲ့ လာမယ်ကြာမယ်ဆိုတဲ့
ငြိမ်းချမ်းရေးကိုလဲလိုက်ရတာ မတန်ပါဘူး စားပွဲပေါ်မှာ လုပ်နေကြတုန်း မြေပြင်ပေါ်မှာတော့
အတုန်းအရုန်းတွေဖြစ်ကုန်ကြပြီ....
မတွေ့တဲ့နှစ်တွေဘယ်လောက်ပဲ
ကြာကြာ အသားဖြူဖြူ အကောင်သေးသေးနဲ့အကိုကြီးကို
ခုထိမှတ်မိနေတုန်းပါဗျာ .....

(Chan Myae)
------------------------------------------------------------------------------------------------
 
ငြိမ်းချမ်းရေးဆိုတာ ဘာလဲ ... ?
စားပွဲပေါ်က လက်မှတ်က ၊ လက်နက်ကိုင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ၁ ဦးတည်း သဘောထားလား ?
စစ် ဆိုတဲ့ ဝေါဟာရမှာ တရားတယ် မတရားဘူး ၊
မရှိဘူး .... ။
ဟုတ်ပါတယ် ၊ ဒါပေမဲ့ သိက္ခာရှိဖို့တော့ လိုတယ် ။

ယောင်္ကျားမလို့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တယ် ၊ ရန်သူအပေါ်မှာ လေးစားမှုထားရတယ် ။
ဒါဟာ စစ်သား စစ်စစ်တွေရဲ့ သိက္ခာပဲ ။
သေနက်ကိုင်တိုင်း စစ်သား မဟုတ်တော့ ၊ မိန်းမကျင့် မိန်းမကြံ လုပ်ဖို့ အတွက် ၀န်မလေးဘူးပေါ့ဗျာ ။
သွားလေဦးတော့ ကိုကြီးရေ ...... ။
ကျွန်တော်တို့ရဲ့ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး မပျက်စီးဖို့ တာဝန်ထမ်းဆောင်ရင်း ၊ သိက္ခာ မရှိတဲ့ ရန်သူ့ကြောင့် ပေးဆပ်ခဲ့ရတယ် ။
ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲရပါတယ် ။
တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်းကျဆုံး စစ်သည်တွေကို ထာဝရ အလေးပြုလျှက်
(Phay Sit Gyi)
----------------------------------------------------------------------------------------
သစ္စာရှိသော တာဝန်ကျေသော အဘလေးအား လေးစားသောအားဖြင့်
-----------------------------------------------------------
သစ္စာရှိသော တပ်မတော်သား တစ်ဦး အဖို့ သစ္စာ စောင့်သိနေခြင်းသည်ပင် အဖိုးသိန်းသန်းကုဋေထိုက်တန်သည့် လည်ဆွဲရတနာကို ဆင်မြန်းထားရဘိသကဲ့သို့ တင့်တယ်လှပ ကျက်သရေရှလှပေ၏။
နိုင်ငံတော်၏ လွတ်လပ်ရေး နှင့် နိုင်ငံသားတို့၏ အသက်အိုးအိမ် တို့ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်ပေးသော တပ်မတော်သားသည် စင်စစ် နိုင်ငံ၏ မျက်ရှုကြေးမုံသဖွယ် ဖြစ်နေတော့သည်။
တပ်မတော်သားတို့သည် နေ့စဉ် သစ္စာလေးချက်ကိုဆို၍ အဓိဌာန်ပြုနေကြသော ယောက်ျားမြတ်များဖြစ်ကြရာ တပ်မတော်အပ်ါသစ္စာမဖောက် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာမဖောက် ထာဝစဉ် သစ္စာစောင့်သိလျက် သမိုင်းဥဒါန်းတွင်ရစ်အောင် တာဝန်ကျေနိုင်ကြပါသည်။
(အသက်စွန့်ကိုယ်လက်အင်္ဂါ စွန့်၍သစ္စာစောင့် သိခဲ့လေပီးသော အဘလေးနှင့် ကျဆုံးခဲ့ပီးသော တပ်မတော် သားအပေါင်းဆိုလျှင်မူ အဖိုးကုဋေကုဋာ မက တန်ဖိုးထိုက်တန်လှသော သားကောင်းရတနာများ ပေသည်။)
(လမ်းမတော် ဖိုးတုတ်)
---------------------------------------------------------------------------------------
“ စွန့်လွှတ်ခြင်းတို့၏ တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ် ”
=====================================
အပြောလွယ်တဲ့ ငြိမ်းချမ်းရေး ....
အဲဒီ့ငြိမ်းချမ်းရေးကြီးရဖို့ ပေးလိုက်ရတဲ့ အသက်တွေ ခန္ဓာတွေ ......
ငြိမ်းချမ်းရေးအတွက် မုဆိုးမဖြစ်ခဲ့ရသူတွေ ....
ငြိမ်းချမ်းရေးအတွက် ဖခင်မဲ့ခဲ့ရတဲ့ ကလေးငယ်တွေ .....

ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက စစ်မြေပြင်မှာ တကယ်ရင်ဆိုင်နေရတဲ့ စစ်သားတွေဆိုတာကို မမေ့ပါနဲ့။
အာဇာနည်သူရဲကောင်းတို့ရဲ့ မိခင်တို့ ဇနီးတို့ဆိုတဲ့ ဘွဲ့တွေကို မည်သည့်ပုခက်လွှဲသော လက်တွေမှ မပိုင်ဆိုင်ချင်ကြပါဘူး ။ ....
ဘယ်မိခင်တွေ ဘယ်မိန်းမတွေကမှလည်း သူတို့သားတွေနဲ့ လင်ယောကျာင်္းတွေကို စစ်မြေပြင်ရှိရာဆီကို မလွှတ်ချင်ကြပါဘူး ။ ....
အာဇာနည်သူရဲကောင်းတို့ရဲ့ မိခင်ဆိုတဲ့ ဘွဲ့ကို သားရဲ့အသက်သွေးနဲ့ရင်းပြီးမှ မပိုင်ဆိုင်ချင်ကြပါဘူး ။ ....
အာဇာနည် သူရဲကောင်းတို့ရဲ့ ဇနီးဆိုတဲ့ဘွဲ့ကိုလည်း လင်ယောက်ျားရဲ့ အသက်နဲ့ ရင်းပြီးမှ မပိုင်ဆိုင်ချင်ကြပါဘူး ။
မတတ်သာကြလွန်းလို့ပါ။
ကောင်းရာသုဂတိရောက်ပါစေ ညီငယ် ... လေးစားလျက်
(ခွန်သီဟသစ်)
------------------------------------------------------------------------------------

Friday, March 21, 2014

စက်ရုပ်တွေ မျက်ရည်ကျတဲ့နေ့



ကျတော်တို့  ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်အသီးသီးမှာ ဘွဲ့ နှင်းသဘင်ကျင်းပတဲ့နေ့ တွေ ကျောင်းပြီးလို့ နှုတ်ဆက်ပွဲလုပ်တဲ့နေ့ တွေစာမေးပွဲပြီးတဲ့နေ့ တွေအစရှိသည်ဖြင့် အသီးသီးရှိကြလိမ့်မယ်။ အဲဒီ အဲဒီနေ့ တွေမှာကျောင်းနေဘက်သူငယ်ချင်းတွေဟာ ဘွဲ့ ရလို့ ပျော်ကြတာတစ်မျိုး၊ ကျောင်းပြီးလို့ ပျော်ကြတာတစ်မျိုး နဲ့ အသီးသီးပျော်ရွှင်နေကြလိမ့်မယ်။ ဒါပေမယ့် အတူတူကျောင်းတက်ပြီး ပေါင်းဖော်လာတဲ့သူငယ်ချင်းတွေနဲ့ ခွဲကြရတော့ ၀မ်းနည်းကြတာလည်းရှိကြလိမ့်မယ်။ သူငယ်ချင်းသံယောဇဉ် ဆိုတာကလည်း ခိုင်မာတာပဲလေ။ ဒါပေမယ့် ကိုယ့်ထက်နှစ်ကြီးတဲ့ သူတွေ စီနီယာကျောင်းသားတွေ ဘွဲ့ ရတဲ့အချိန် ၊ ကျောင်းပြီးတဲ့အချိန်ကို ကြည့်ပြီး ၀မ်းနည်း ၀မ်းသာ နဲ့ ငိုကြတဲ့ တက္ကသိုလ်တော့ အနည်းအကျဉ်းပဲရှိလိမ့်မယ်လို့ ကျတော် ထင်မိပါတယ်။

" စစ်............တက္ကသိုလ်..........."

"ကျောင်းဆင်းတပ်ရင်းအား.............................."

"အလေးးးးးးးးးးးးးးးးးးးးးးးးးးးး ပြု "

နောက်ရံဗိုလ်လောင်းတပ်ရင်းရဲ့ စစ်ရေးပြမှုးထံမှ ဟိန်းထွက်လာတဲ့ အမိန့် သံအောက်မှာ ကျတော်တို့ တွေ သေနတ်ဒင်ကို ဖြောင်းကနဲ မည်အောင်ရိုက် သေနတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နောင်တော်ကျောင်းဆင်းတပ်ရင်းကိုအလေးပြုလိုက်ကြတယ်။

အော်လန်ဆိုင်းတေးသွားကို နိုင်ငံတော်စစ်တီးဝိုင်းကတီးတယ် ။ ထွက်ပေါ်လာတဲ့တေးသွားအောက်မှာ အနှေးလျောက်နဲ့ တစ်ရွေ့ ရွေ့ ကွင်းထဲကထွက်ခွါနေတဲ့ နောင်တော် ကျောင်းဆင်းတပ်ရင်းကို ကျတော်တို့ အလေးပြုလျက်ကြည့်နေရတဲ့ ခံစားမှု .......။

အံကိုတင်းတင်းကြိတ်ထားပါလျက်နဲ့  မျက်လုံးထောင့်က ထွက်ကျလာတဲ့ မျက်ရည်ကထိန်းမရခဲ့ဘူး။
ဟုတ်တယ် ပွဲကြည့်စဉ်ပေါ်ကသူတို့ သင်ပေးလိုက်လို့ ဗိုလ်ဖြစ်သွားတဲ့သူတို့ တပည့်တွေကိုကြည့် ရင်းဝမ်းသာပီတိဖြစ်နေတဲ့နည်းပြတွေ။ သူတို့ သားတွေ အတွက်ဂုဏ်ယူဝမ်းသာနေတဲ့မိဘတွေ ဆရာတွေ ။အားလုံးရဲ့ ပြုံးပျော်မှုတွေနဲ့ ပြည့်လျှံနေတဲ့အချိန် မှာ နောင်တော်တပ်ရင်းကို အလေးပြုလျက် မျက်ရည်ကျနေတဲ့ နောက်ရံတပ်ရင်းဆိုတဲ့ ညီငယ်တွေ စစ်ရေးပြကွင်းထဲမှာရပ်နေတာကို ဘယ်သူမှသတိမပြုမိကြဘူး။ ဟုတ်ပါတယ် ကျတော်တို့ က အရံပဲလေ။

နောက်ရံတပ်ရင်းထွက်ခွာချိန်မှာတော့ စစ်ရေးပြကွင်းထဲမှာ ကင်မရာမန်း ကလွဲပြီးဘယ်သူမှ
မရှိတော့ပါဘူး။ နောက်ရံတပ်ရင်းရဲ့ စစ်သီချင်းသံကဟိန်းနေတယ်။

♫ ♪နောင်တော်စစ်သည်များတို့ တိုင်းပြည်အတွက်အလုပ်လုပ်နှင့်ကြ
နောင်တော်စစ်သည်များတို့ တိုင်းပြည်အတွက်ပေးဆပ်နှင့်ကြ
ပေးအပ်တဲ့တာဝန်တွေကိုကျေပြွန်စွာထမ်းဆောင်ကြ
ရဲစိတ်မာန်ချီ စစ်သွေးကြွကြွ
အမိစစ်တက္ကသိုလ်မြေမှ ဆည်းပူးခဲ့တဲ့ပညာများ
တိကျစွာအသုံးချလို့ လုံ့ လ ၀ရိယ ရှိကြ
တာဝန်ကျရာတပ်သီးသီးကို ခရီးဆက်ရာမှာ
တို့ တစ်တွေကိုသတိရဘို့ မလို 
တိုင်းပြည်ကိုသာအဆတန်ဘိုးကာကွယ်ကြ.....♫  ♪

သီချင်းစာသားက အားနဲ့ မာန်နဲ့ ဆိုနေတဲ့ကျတော်တို့ ကို ငိုသံပါစေခဲ့တယ်။

သူတို့ ဟာကျတော်တို့ ရဲ့ လက်ဦးဆရာဆိုလည်းမမှားဘူး။ မိဘရင်ကခွဲထွက်လာတဲ့ လူမမယ်အရွယ်ကို အနုနည်းနဲ့ တစ်ဖုံ အကြမ်းနည်းနဲ့ တစ်မျိုး အနီးကပ်သွန်သင်ခဲ့တဲ့ကျောင်းသားတွေ ဖြစ်သလို အစ်ကိုတွေ လည်းဖြစ်တယ်။ စစ်တက္ကသိုလ်မှာ ကျတော်တို့ အပြစ်အမျိုးမျိုးလုပ်မိခဲ့ကြတယ်။ သူတို့ ကလည်း အပြစ်အမျိုးမျိုးပေးခဲ့ကြတယ်။ ဒါပေမယ့်သူတို့ မကြိုက်ဆုံးက ငိုတဲ့အပြစ်ပဲ ။ကျတော်တို့  ငိုရင်သူတို့ တအားစိတ်ဆိုးတယ်။ မျက်ရည်ဆိုတာ ကျရှုံးခြင်းရဲ့ နမိတ်လို့ သူတို
့ကသင်ပြတယ်။ လောကဓံကိုအံကြိတ်တတ်အောင်သူတို့ စံနမူနာပြပေးခဲ့ကြတယ်။ ကျတော်တို့  ခိုးခိုးပြီးငိုတယ် ။သူတို့ ကလည်း ဒီဘ၀ကတက်လာတာမို့  မိအောင်ဖမ်းတယ်။ ဒီနေ့ ကျတော်တို့ ငိုနေတာကိုရောသူတို့ သိကြလား။ သူတို့ မသိချင်ယောင်ဆောင်သွားခဲ့တယ်လို့ ကျတော် ထင်တယ်။

ကျတော်မှတ်မိသေးတယ်။ ကျတော်တို့ ကပထမနှစ် ၊ ကျတော့် ဂါဒီယံ နောက်ဆုံးနှစ် ကျောင်းဆင်းတော့ ကျောင်းဆင်းပြီးနောက်တစ်နေ့ မှာသူတာဝန်ကျတဲ့မိခင်တပ်ကိုသွားဘို့  ယာဉ်တန်းဆီကိုကျတော်တို့ လိုက်ပို့ တယ်။ယာဉ်တန်းနားရောက်တော့ အရာရှိဆောင်းဦးထုပ် ပိကပ်ကိုဆောင်းထားတဲ့ပခုံးပေါ်ကအပွင့်တစ်ပွင့်နဲ့  စမတ်သိပ်ကြတဲ့ ကျတော်တို့ ဂါဒီယံကို အလေးပြုလျက်နှုတ်ဆက်တယ်။ သူက ကျတော်တို့ ပထမနှစ် ဂါဒီယံသုံးယောက်စလုံးကို ခေါင်းလေးတွေပြန်ပုတ်ပြီး လိမ်လိမ်မာမာနေခဲ့ကြကွာလို့ ပြန်ပြောတယ်။ ကျတော်တို့ အားလုံး ရှိုက်သံတွေနဲ့ ပါ။ယာဉ်တန်းဆီကိုတစ်ဖြေးဖြေးလမ်းလျှောက်သွားတဲ့ သူ့ ကို ကျတော်လှမ်းအော်တယ်

"အစ်ကိုကြီး....."

သူတစ်ချက်မှပြန်မလှည့်ကြည့်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတာလဲကျတော်တို့ မသိဘူး။

ဟုတ်လိမ့်မယ်။ စစ်တက္ကသိုလ်ဗိုလ်လောင်းတိုင်း အဲဒီနေ့ ကိုကျော်ဖြတ်ဘူးကြလိမ့်မယ်။ ကျတော်တို့ ဂါဒီယံအုပ်ရဲ့ ဘေးမှာကျတော့်သူငယ်ချင်းသုံးယောက် သူတို့ ဂါဒီယံ ဒုဗိုလ်ကို ထိုင်ကန်တော့နေတာလဲကျတော်တို့ မြင်ခဲ့ရတယ်။ သူတို့ ဟာတစ်နှစ်ကြီးတစ်နှစ်ငယ်တွေချည်းပဲ။ ဒါပေမယ့်သူတို့ တစ်ဦးချင်းပေါ်ထားတဲ့သစ္စာတရား မေတ္တာတရားက ဘာနဲ့ မှလဲမရဘူး။

ကျတော်ပထမနှစ်တုံးက ကျတော့်ဂါဒီယံကိုလှမ်းခေါ်တော့ သူဘာလို့ လှည့်မကြည့်ခဲ့သလဲဆိုတာ ကျတော်သိခွင့်ရခဲ့တယ်။ အဲဒါကကျတော်ကျောင်းဆင်းတဲ့နေ့ ။ ကျတော်ရဲ့ ဂျူနီယာနှစ်ယောက် ကျတော့်ကိုယာဉ်တန်းဆီလိုက်အပို့ သူတို့ ကိုကျတော်တစ်ချက်မှလှည့်မကြည့်ခဲ့ဘူး။ ဘယ်လှည့်ကြည့်လို့ ရမလဲဗျာ။ သူတို့ သိပ်လေးစားပါတယ်ဆိုတဲ့ သူတို့ စီနီယာကျတော်က မျက်လုံးမှာမျက်ရည်တွေနဲ့ ကိုးးးးးး။ ကျတော်အဲလောက်တော့သိက္ခာရှိပါသေးတယ်။ သူတို့ ငိုတိုင်းကျတော် စိတ်ဆိုးမာန်ဆိုးနဲ့ အပြစ်ပေးခဲ့တာ။ ကျတော်ကသူတို့ ရှေ့ ငိုလို့ ဘယ်ဖြစ်မလဲ။

ဒါတွေဟာဘာကြောင့်လဲ...။ ဒီအချိန်အိပ် ဒီအချိန်စား ဒီအချိန်မှာနား ဒီအချိန်မှာစာကျက် ဒီအချိန်မှာ အပြစ်ပေး ဒီအချိန်မှာအပြစ်ခံ ဆိုတဲ့ အချိန်ဇယားတစ်ခုအောက်မှာ သံပတ်ပေးထားတဲ့ ၁၇ နှစ် ၁၈ နှစ်ဆိုတဲ့ယောက်ကျားတွေ။ ခံစားချက်ဆိုတာဘာမှန်းမသိတဲ့ စက်ရုပ်လိုလူသားတွေ။ တပ်ပြင်ထွက်ရင် ရီစရာကိုမရီတတ် ငိုစရာကိုမငိုတတ် မျက်နှာထားတင်းတင်းနဲ့ လက်သီးကိုကျစ် နေအောင်ဆုပ်ပြီး မြို့ ထဲလမ်းလျှောက်တဲ့ သံပတ်ရုပ်တွေ သူတို့ အားလုံးဘာကြောင့်ဒီနေ့ မှာ မျက်ရည်ကျလဲ။ ကျတော်တို့ ငိုတာမဟုတ်ဘူးဗျမျက်ရည်ကျတာ။ ထိန်းထားရက်နဲ့ ကျတာ ။ ဒါကဘာကြောင့်လဲ...။

ကျတော်ကတော့ အဲဒီဆောင်ပုဒ်လေးကိုသတိရလိုက်တယ်

(ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသေး မေတ္တာတရား သံယောဇဉ်တရား သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်။)

ဟုတ်တယ်....အဲဒီနေ့ က

( စက်ရုပ်တွေမျက်ရည်ကျတဲ့နေ့ )

ထူးဝေ

https://www.facebook.com/htoo.wai.948?ref=ts&fref=ts မှ ကူးယူဖော်ပြပါသည်။

Friday, February 28, 2014

Real Intake Flag


Saturday, February 22, 2014

ဆင်စီးမြင်းရံ (ဗိုလ်တစ်ထောင်ဘုရား ရန်ကုန်မြို့)


၁၃ နှစ်သားတစ်ယောက်ရဲ့အမေ့ရင်ခွင် တမ်းချင်း

၂၅၊ ၅၊ ၁၉၉၈ ပျိုမြစ်တဲ့ ၁၈ နှစ်အရွယ်မှာ
မွေးမိခင်ရင်ခွင်ကနေခွဲခွာလို့ ဘဝရပ်တည်
ချက် မှာတန်ဖိုးရှိတဲ့လူ တစ်ယောက်ဖြစ်အောင် ဆုံးမသွန်သင်လမ်းညွှန်လေ့ကျင့်
ပေးမယ့် ကျွေးမိခင် ရဲ့ရင်ခွင်ကို (43th Intake) ဆိုတဲ့နာမည်တံဆိပ်နဲ့ ရဲဘော်
ရဲဘက် သူငယ်ချင်းကောင်း ၄၂၆ ယောက်နဲ့
အတူခိုလှူံခွင့်ရတဲ့နေ့ လေးပေါ့ ။

နွေးတစ်ခါ အေးတစ်လှည့် နဲ့အမေ့ရင်ခွင်ထဲ
ကနေ့ရက်တိုင်းဟာ ပြန်မတွေးမိပေမယ့် အမြဲလွမ်း မိပါတယ်အမေ။

အမေကသားတို့ကို နော်၊ရင့်၊ဇေ၊ဆန်း၊ကျန်၊
ဆင်၊မြ၊ဓု ဆိုပြီး အရောင် ၈ မျိုးခွဲ ပြီးထားခဲ့ပေမယ့် သားတိုအားလုံးကို အရောင်အသွေးတစ်ခုတည်းဖြစ်အောင် အမေလေ့ကျင်ပေးခဲ့တယ်နော်။

အဲ့ဒီအရောင်ကတော့ အမေ့ရဲ ဂုဏ်နဲ့ အမေပေးခဲ့တဲ့ အမည်နာမလေးကိုမထိခိုက်အောင်ထိမ်းသိမ်းလိုတဲ့စိတ်နဲ့ကျရာတာဝန်
ကိုကျေပြွန်အောင်ထမ်းဆောင်ကြတာပါပဲ
အမေ။

တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို
သားဆိုးလေးတွေရှိပေမယ့် ကျန်တဲ့သား
တွေကြောင့် အမေဖြေသာနိုင်ပါစေ။

၁၃ နှစ်တာကာလအတွင်း အမေရဲ့သင်ကြားမှူကိုအခြေခံလက်တွေ့ဘဝအတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး နေရာအလိုက်
မှာအတိုင်းအတာတစ်ခုထိအောင်မြင်နေကြ
တာဟာအမေ့ရဲ့ကျေးဇူးတွေပါပဲ။

အမေကတော့ပျိုးဥယျာဉ်တစ်ခုတည်းကနေ
ပြုစုပျိုးထောင်လိုက်ပေမယ့် အကြောင်းကြောင်းကြောင့် ဝတ်မှူံကူးပြီးအရောင်ပြာင်း
သွားသူတွေ နဲ့အဖိတ်အစင်လေးတွေတော့
ရှိပါတယ်အမေ။

ဒါပေမယ့် ဘယ်ဘဝရောက်ရောက် ဖြောက်ဖျက် မရဘဲရင်မှာလက်ခံထားတာ (၄၃)ယောက်မြောက်အမေ့ရဲ့သားပါပဲအမေ။

ဖေဖော်ဝါရီ(၂၂)ရက်နေ့ ကိုတော့ Intake
Day သတ်မှတ်ပြီး ကောင်းမှူ့ကုသိုလ် ပြုခဲ့တာ ၁၃ ကြိမ်တိုင်ခဲ့ကြပြီပေါ့။

https://www.facebook.com/myo.thura.3110

နေပြည်တော် Intake Day အလှူတော် ၂၀၁၄







၂၂ရက်စနေနေ့(ယနေ့)တွင် ၁၃နှစ်မြောက်နှစ်ပတ်လည်မနက်ပိုင်းအစီအစဉ်အား (ညပိုင်းမသိ :P) ရတနာစံပရိယတ္တိစာသင်တိုက်တွင် ကျဆုံးသွားသော သူငယ်ချင်းများအားရည်စူး၍ သံဃာတော်၉၃ပါးအား ဆွမ်းကပ်ခြင်း၊ ၀တ္ထုငွေကပ်လှူပူဇြော်ခင်း၊ အုတ်တံတိုင်း ၂ကန့် လှူဒါန်းခြင်းများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။ တက်ရောက်လာသောသူငယ်ချင်းများ၊ မတက်ရောက်နိုင်သော်လည်း အလှူငွေထည့်ဝင်သောသူငယ်ချင်းများ၊ ကျန်ရှိနေသောသူငယ်ချင်းများ အားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။ အားလုံးသာဓုခေါ်နိုင်ကြပါစေ။ ပိုနေသော အလှူငွေများအားလုံး၊ ထပ်မံထည့်ဝင်သောအလှူငွေများကိုလည်း Intake Fund တွင်ထည့်သွင်းသွားပါမည်။ (အလှူငွေများအတွက် အကြံဥာဏ်များ ပေးနိုင်ပါသည်။) အလှူငွေများစာရင်းအား ထပ်မံဖော်ပြပေးပါမည်။

Friday, February 21, 2014

မြ၀တီ ၄၃ နောင်တော်များနှင့် ၄၄ နယ်ကျော်ပြေးပွဲ


မြ၀တီ ဘောလုံးအသင်း ၄၃ ၄၄ ၄၅


ဝဲမှယာ--နောက်တန်း- အောင်သူရ၊ မျိုးရာဇာ၊ ၄၅၊၄၄၊၄၅၊ ဗက အောင်နီ၊ ညီညီဦး၊၄၄၊ကျော်ဇေယျ၊ ဇော်လှိုင်ထွန်း၊၄၅၊ ကျော်သီဟ
ဝဲမှယာ-ရှေ့တန်း-နေလှိုင်ဦး၊ နိုင်လွင်၊ စရန်နိုင်အောင်၊ ၄၅၊ကောင်းမြတ်၊၄၅၊ ၄၄၊ ၄၅၊ ထွန်းလင်းအောင်

အလှူနှိုးဆော်စာ


Tuesday, February 11, 2014

လွမ်းမိပါ သည် အမေ့ဆီ

https://www.facebook.com/khonsisnyein

Monday, February 10, 2014

အောင်ဆန်းခန်းမ ၊ အောင်ဆန်းရုပ်တု နှင့် အောင်ဆန်းအပေါ်ထားတဲ့စိတ်ထား


အောင်ဆန်းခန်းမ ၊ အောင်ဆန်းရုပ်တု နှင့် အောင်ဆန်းအပေါ်ထားတဲ့စိတ်ထား
========================
ဟိုတနေ့ က ဆရာမောင်သာချို (ဂျက် - ကွမ်းခြံကုန်း) ရဲ့ စာပေဟောပြောပွဲလေးပြန်နားထောင်ဖြစ်တယ် ။
အရာဝထ္ထုတိုင်းမှာ Value တစ်မျိုးဆီ ရှိ တယ် တဲ့ ။ အဲဒါတွေကတော့
(၁)အသုံးချတန်ဖိုး
(၂)ဖလှယ်ရတန်ဖိုး
(၃)မြတ်နိုးမှုတန်ဖိုး
တို့ပါတဲ့ ။
ဆိုပါတော့ ...
ထမင်းဆိုရင် အသုံးချတန်ဖိုးပေါ့ ။ ဘာလို့ လဲ ။ ထမင်းကိုစားလို့ရတယ်။
ပိုက်ဆံ ဆိုရင် ဖလှယ်ရတန်ဖိုးပေါ့ ။ ဘာလို့လဲဆိုတော့ ။ ပိုက်ဆံ နဲ့ အဝတ်စားလိုရင်အဝတ် စား ၊ နေစရာလိုရင်နေစရာ ၊ စားစရာလိုရင်စားစရာ အားလုံး ကို ဝယ်လို့ရတယ် ။ ပိုက်ဆံ နဲ့ ဖလှယ်လို့ရတယ် ။
နောက် Sentimental Value လို့ခေါ်တဲ့ မြတ်နိုးမှု တန်ဖိုးဆိုတာကတော့ ။ အသုံးချလို့လည်းရချင်မှရမယ် ၊ ဖလှယ်လို့လည်းရချင်မှ ရမယ် ။ ဒါပေမဲ့ အဲဒီအရာဝထ္ထုလေးပေါ် မှာ ထားတဲ့ စိတ် ၊ ခံစားမှု အလေးအနက်ပေါ်မှာ မူတည်ပြီး တန်ဖိုးကြီးမှုတွေ ပစ္စည်းလေးရဲ့ တန်ဖိုး က ရှိနေတာမျိုးပေါ့ ။ ဥပမာ ... အဖေ ၊ အမေ ဓာတ်ပုံလေးတွေ ။ သူငယ်ချင်းတွေပေးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေ ။ ချစ်သူပေးထားတဲ့ စာအဟောင်းလေးတွေ မျိုးပေါ့ ။

အဲဒီ Value သုံးမျိုးထဲ မှာ မှ ... Sentimental Value ဆိုတဲ့ မြတ်နိုး မှု တန်ဖိုးကို လူသားတွေ သာ ပိုင်ဆိုင်ကြ တယ်လို့ ဆိုတယ် ။ လူသားတွေမှာ နှလုံးရည်တန်ဖိုးမြင့် လေလေ မြတ်နိုးမှု တန်ဖိုး ကိုပိုထားတတ်လေလေ တဲ့ ။

နောက် Value ဆိုတာနဲ့ ပက်သက်ပြီးတော့လည်း ။ လူတစ်ယောက်နဲ့ တစ်ယောက် ၊ ပတ်ဝန်းကျင်တစ်ခုနဲ့ တစ်ခု ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ၊ နိုင်ငံတစ်ခုနဲ့တစ်ခု လက်ခံ ပုံချင်း မတူညီသလို ၊ ယူဆပုံ ၊ ဖော်ပြပုံချင်းလည်းမတူညီကြဘူး ။ ဥပမာ အရှေ့တိုင်းတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုး စံသတ်မှတ်မှုတွေ ကွာဟ နေသလိုမျိုးပေါ့။

ကျွန်တော်တို့ မြန်မာတွေရဲ့ ဘုံ Sentimental Value ကို ပြ ပါ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်မယ်ထင်တယ် ။ သို့ပေမဲ့ မြတ်နိုးမှု ပုံစံ ချင်းတော့ လူတစ်ယောက်နဲ့ တစ်ယောက် တူမယ်မထင်ဘူး ။ လက်ခံပုံချင်းလည်းတူမယ်မထင်ဘူး ။ ဖော်ပြပုံချင်လည်းတူမယ်မထင်ဘူး ။

ငယ်ငယ်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ " ရဲဘော်တို့ ...အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး ..အခု စစ်မြေပြင်ကို ထွက်ရမယ် ..ဆင်းရဲမယ် ..ငတ်မယ်
.. အခက်အခဲတွေနဲ့ ရင် ဆိုင်ကြရမယ် ..ဗမာပီပီ ဗမာ့သွေးကို ပြကြပါ.." ဆိုတဲ့ စကားလေးတွေ ကြား ပြီး စိတ်ကြွ ခဲ့ရဖူးတယ် ။ စာအုပ်ထဲမှာ ပါတဲ့ ဗိုလ်ချုအောင်ဆန်းမြင်းစီး ပုံကို မတူမချင်း ထိုင် ဆွဲ ခဲ့ဖူးတယ် ။ ငယ်ငယ် သူများတွေ ကိုယ့် ကို ... နဂါး နဂါး (နားကားလို့) ခေါ်ရင် စိတ်ဆိုးရမဲ့ အစား သိပ်သဘောကျတာ ။
ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ကလည်းနားကားတယ်လို့ မြင်တာကိုး ။ ဆံပင်ညှပ်ရင်လည်း ဗိုလ်ချုပ်ကေ မှ ညှပ်ချင်တယ် ။ ကတုံးဆံထောက် ကိုယ့်ဆံပင်လေးကို စမ်းရင်း မောက်နေတဲ့ ငယ်ထိပ်လေးကို ပွတ် ကြည့်ပြီး အကျေနပ်ကြီးကျေနပ်ခဲ့ ဖူးတယ် ။

အသက်လေးနည်းနည်းကြီးလာတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးတွေ ဖတ် တော့ အပြောအဆို အနေထိုင် ၊ ပုံပန်းသဏ္ဍန်တင် မက စိတ်ဓာတ်တွေ ပါ သိလာရတယ် ။ ရိုးသားမှုတွေ ၊ အပင်ပန်းဆင်းရဲခံနိုင်မှုတွေ ၊ သတ္တိရှိမှုတွေ ၊ အမှန်တရားမြတ်နိုးမှုတွေ ၊ အမျှော်မြင်ကြီးမှုတွေ ၊ တိုင်းပြည်နဲ့လူမျိုးပေါ် ထားတဲ့ စိတ်စေတနာကို ခံစားသိရှိလာရတယ် ။

စစ်သားရယ်လို့ ဖြစ်လာတော့ ... "အထက်ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ .. အနီးစပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ ၊ ရဲဘော်တို့ နဲ့ တူတူ ကျွန်ူပ်ကိုယ်တိုင် ချီတက်မယ် " ဆိုတဲ့ စကားက စိတ်အာရုံမှာ လာစွဲ စေတယ် ။
နှစ်ငယ် ဗိုလ်လောင်းဘဝမှ ဘယ်အရာတွေပဲလာလာ ၊ မလုပ်နိုင်ပါဘူး လို့ တစ်ခွန်း မထွက်ခဲ့ဘူး ။ နှစ်ကြီး ဗိုလ်လောင်းဖြစ်လာတော့ လည်း follow me လို့ မခေါ် နိုင်သေးရင်တောင် ... Do as I do ဖြစ်အောင် အတတ်နိုင်ဆုံးကျင့်ကြံခဲ့တယ်။
အနိမ့်ဆုံး အဆင့် ... တာဝန်ကျဗိုလ်လောင်းဖြစ်လို့ ဂျူနီယာတွေ ဝတ်စား ဆင်ယဉ်မှု စစ်ဆေးရရင် ကိုယ့်ဖိနပ်နဲ့ တိုက်စစ်တယ် ၊ ကိုယ့် အဆင့်တံဆိတ်တွေ ၊ ကိုယ့်အဝတ်စားတွေ နဲ့ တိုက်စစ်တယ် ။

အကဲဒမစ်ဆောင်တွေ သွားပြီဆိုရင် စစ်သီချင်းတွေ ဆိုရတယ် ။ ခုလိုဆောင်းတွင်း မနက်စောစော ဆိုရင် " အာဇာနည်သွေးတွေ အရိုးကြေ ကြေ ... တို့ ပြည် ၊ တို့မြေ ..ခေတ်ဆွေးကိုပြောင်းပြန် ...ခေတ်သစ်ကိုစီမံ ...လွတ်လပ်ဖို့ စိတ်ကြံ ... ညီစေနော် တို့ရဲဘော် ...ချီတက်ကြစို့ တူပျော်ပျော် ... ဘယ်ညာ ..ဘယ်ညာ ...မြန်မာပြည်ငါတို့ပြည် ...ခင်ခင် မင် မင် အမျိုးကိုစောင့်ရှောက် " ဆိုပြီး ဝမ်းခေါင်းကိုညှစ် အော်လိုက်ရချိန်ဆိုရင် ...ပါးစပ် က ထွက်တဲ့ အာငွေ့ ဝါးဝါးလေးတွေ ထဲမှာ ... မြန်မာ့ အာဇာနည်ခေါင်းဆောင်တွေ ဘယ်လောက် အရိုးကျေကျေ အရေခမ်းခမ်း လုပ်ခဲ့ရလဲဆိုတဲ့ ပုံရိပ်တွေ ဝိုးတဝါး ပြန်မြင်ယောင်လို့ရတယ် ။

မိုးတွေ ရွာ နေချိန်ဆိုရင် ... " မိုးတွေ က လည်း မစဲ ဘဲ ရွာနေတယ် ..သူတို့အလောင်းကောင်အကာကွယ်ပြုလို့ ငါတို့တက်ရတယ် ...တို့ဗိုလ်က ဓားဆွဲလို့ ရှေ့က တက်ပါတယ် ... ဘယ်မှာ ကြောက်စိတ်ရှိမလဲ ..ငါတို့စစ်သားရယ်" လို့ အော် လိုက်ရရင် ... ကျား ...တခဲ ခဲ နဲ့ ဓားဆွဲ ပြီး တက်နေတဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်တွေ ကို စိတ်အာရုံမှာ မြင်ကြည့်လို့ရ နေတယ် ။ အဲဒီချိန်ဆိုရင် မေမြို့ မိုးအေး စိမ့်စိမ့် ကြားမှာ ... ကြက်သီးနွေးနွေးလေးတွေ ကိုယ်စီ နဲ့ ။

မှတ်မှတ် ရရ ...ကျောင်းဆင်း စစ်ရေးပြကျင့် ချိန်ဆိုရင် ... စစ်တက္ကသိုလ် ဘုရင့်နောင်တပ်ရင်းမှာ အရပ် ၅ ပေ ၂ ကိုင်တဲ့ ဓား တစ်လက်ပဲရှိတယ် ။ Squad Leader ဓားကိုင်အဖြစ် ထွက်ကြရသူတွေ ဟာ အများအားဖြင့် ၅ ပေ ၆ ၊ ၅ ပေ ၇ တော့ရှိတတ်ကြတယ် ။ ဒီထက်မြင့်သူတွေများပါတယ် ။ ဒါပေမဲ့ ဓားကိုယ်ပိုင် မရခင် ဆိုရင် ... ၅ ပေ ၂ ဓားလေး ကို ကျွန်တော်တို့ ပြေးပြေး ဦးတတ်တယ် ။ စစ်ရေးပြဓား ဆို ပေမဲ့ အဲဒီဓါးလေး က ဗိုလ်ချုပ်ကိုင်တဲ့ ဂျပန်ဓားလို ခပ်ကော့ကော့လေး ၊ အရွယ်အစား ကလည်း အဲဒီ ဓားလောက်ပဲရှိတယ် ။

နောက်ကျောင်းဆင်းတော့ ဖာပွန် ဘက် ရှေ့တန်းထွက်တယ် ။ စစ်သုံးမြေပုံပေါ် က ကွန်တို မျဉ်းတွေကို ကျွန်တော်က မျက်စိထဲ တန်းမမြင်နိုင်ဘူး ။ အဲဒီတော့ ၆ လုံးပေးဖို့ မြေပုံမူမှန်ချတာ ၊ သံအိုက်အိမ်မြှောက်သုံးတာ ကတစ်ပိုင်း ။ ကျွန်တော်ရောက်တဲ့ နေရာ က ထူးခြားနေတဲ့ ပတ်ဝန်းကျင်အတော်များများကို ခဲပန်းချီ ယူလေ့ရှိတယ် ။ ကျွန်တော့် ဘာသာ ဆွဲ ရင် နှေးတယ် ။ အဲဒီတော့ ကျွန်တော့် ရဲဘော်တွေ ထဲ ဘယ်သူ ပုံ ဆွဲတတ်လဲဆိုတော့ တစ်ယောက်ထွက်လာတယ် ။ ပြီးတော့ မင်းဆွဲ တတ်လား ဆိုတော့ ... နုတ်ဘုတ်လေးထုတ်ပြတယ် ။ ဗိုလ်ချုပ်ပုံတွေ အနေထားအမျိုးမျိုး ကို ရှိတ် ချယ်ထားတဲ့ ပုံတွေ နုတ်ဘုတ်လေး နဲ့ အပြည့်ပါ ပဲ ။

ကျွန်တော် ဆိုလိုတာ က Value ချင်းတူရင်တောင် ယူဆပုံချင်းမတူကြဘူး ၊ ဖော်ပြပုံချင်း မတူကြဘူး ဆိုတာကိုပါ ။ ကျွန်တော့် အမြင် မြတ်နိုးစွာ ဆိုတဲ့ ကြိယာဝိသေသန က နေရာ အမှန်ချဖို့တော့ လိုတယ်ထင်တယ် ။ သနပ်ခါး ဟာ မျက်နှာမှာလိမ်းခြယ်ထားရင် မြတ်နိုးရာရောက်တယ် ။ ဖိနပ်မှာ သွား လိမ်းရင်တော့ ဖိနပ်ရဲ့ အလှ ပျက်စေသလို ၊ သနပ်ခါပေါ်မှာထားတဲ့ မြတ်နိုးမှု တန်ဖိုးလည်းမတက်စေဘူး ။ ဘုရားဟာ ဘုရားစင်မှု ၊ ဘုရားခန်းမှာ ရှိနေတာ လေးမြတ်ရာရောက်စေတယ် ၊ အနှိပ်ခန်းမှာ ၊ သန့်စင်ခန်းမှာ သွားထားရင် အဲဒါဟာ မြတ်နိုးတာ မဟုတ်ဘူးလို့ ပဲ ကျွန်တော်ယူဆတယ် ။ ဒါကြောင့် ... ဗိုလ်ချုပ် ပုံရင်ဘက်ချိတ်ပြီး ကိုလိုချင်တာတောင်းတာမျိုး ၊ ဝဘ်ဆိုဒ်မှာ ဗိုလ်ချုပ်ပုံတင်ပြီး သူများဆဲတာမျိုး ၊ အကောင့်မှာ ဗိုလ်ချုပ်ပုံတင်ပြီး ဖွန်ကြောင်နေတာမျိုး ၊ ချစ်လှပါချည်ရဲ့ ဆိုပြီး မြေကြီး မှာ ပုံပြီး ရောင်းစားတာ မျိုး ၊ စတေကာအင်းကျီ ဝတ်ပြီး ဆန္ဒပြတာမျိုး ဘယ်သောအခါ မှ လုပ်မှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ အဲဒါ ကျွန်တော်တို့ Value မဟုတ်လို့ပါပဲ။

အဲလိုတွေ မလုပ်လို့ .... လူကြားမှာ ချစ်လိုက်တာ ချစ်လိုက်တာ မအော်လို့ ... စစ်တပ်ကြီး က ဗိုလ်ချုပ်ကိုချောင်ထိုးထားတယ် လို့ ပြော ကြတယ် ။ ဟုတ်ကဲ့ ... ချောင်ထိုးထားပါတယ် ။ ဘယ်ဘက် အိပ်ကပ်ရဲ့ အောက်က ... ခပ်နက်နက် ချောင်တစ်ခုမှာပါ ။

(ရုပ်ဆိုး)
Photo - စစ်တက္ကသိုလ် Main တစ်နေရာမှ အောင်ဆန်းခန်းမ ၊ ဗိုလ်ချုပ် နှင့် ဗိုလ်လောင်းများ