သင်ပေါင်းရိုးရှည် ခိုင်မြောက်ဆည်၍ အမည်ခေါ်မှန်း နိမိတ်ပန်းနှင့်
လန်းလန်းရောက်အောင် လှထွတ်ခေါင်ကို ကြေးမောင်ယူချေ ဆက်ပို့လေတော့
ဆောင်းနွေပြန်ကာ အတာနှစ်ဦး လတန်ခူးကို ပိုက်ကျူးရွှေရင် ရဝေခွင်ဝယ်
နွှဲလျှင်လမည် မှာသည်ယုယ ခြွေခွန်းသလည်း များလှမဝေး ခေါ်မေးရုံသာ တောင်လက်ျာက
ရန်းကာမှန်းဆ ချိန်ရပ်ရွေပေါင်း ခနွေညောင်းသည်
ရှင်နှောင်းမျိုးမည် မြင့်တကား
မိုးဒေ၀ါ ရိုက်ခတ်ဆော်ကျူး ၀ဿန်ဦးမှာ
ပူဆွေးရင်နစ် နောင့်မှာ မဖြေသာ
ဆယ်ကျော်သက်က ကြင်ဖက်ရတာ ရွှေရင်သိမ်းသစ် မြနှစ်သူဇာ
စည်းကြက်တောင် ချည်နှောင်ထုံး တုဖက်မမြင်ပါ
ငယ်ကျွမ်းဆွေ ရမ်းရော်မိသည် နောင့်သည်းရင်မှာ
လွမ်းဓာတ်ခံပြင်း တင်းမခံသာ
ရွှေစင်ရည်ပြောင်း ထပ်အောင်းနွဲ့လျ မိုးသူဇာ
မရွှင်မောင့်မှာ လွမ်းရက်ကြာ ဖြေရေးခက်လေတာ
မြောက်လေပြည် ချမ်းတုံစွေ့ စစ်ဓလေ့မရှောင်သာ
တိုင်းပြည်နဲ့ကွာ ချစ်ရာဖော်နည်း တစ်ယောက်ဝေး မျှော်ငေးလို့သာ
တိမ်ရပ်တိမ်ခွေ ထွေထွေရော်ရူး လေထုဆင်လာ
မြောင်လ စခန်းဗွေမှာ တောင်ကျစမ်းရေဖြာ
နှင်းမိုးစွေထန် အမှန်ဖြစ်ရေး
ဘုရားရှင် ဂူထွတ်ကိုလ ညီညွတ်လို့ ပူဇော်ကာသာ
ဖြေစက်မရွှင်ကျွမ်း တမ်းတကာ လွမ်းငွေ့တွေဖြာ

တေးရေး-မင်းယုနိုင်
No comments:
Post a Comment