အတည်ပြုချက်ထားတဲ့ ပြည်သူ့ အတွက် သားမောင်တို့ မယ်
အထက်ကစေညွှန်သမျှ
အသက်တမျှ ကျေပွန်ရတယ်.
. သွေး အသက်ကို ပေးဆက်ထားတဲ့ စစ်သားအသည်းမှာ
အချစ်တရား နည်းတာမဟုတ်ဘူးကွယ် ယမ်းငွေ့ ဖျာတလင်းမှာ ပန်းမွေ့ ယာခင်းကာ
ရန်စွယ်အဆီးအတားကြား အန္တရာယ်ခရီးသွားဘဝ
လျှောက်လှမ်းရတာတွေ သက်ထား
သိစေချင်ပါတယ်
ကွဲကွာနေသမျှရက်မယ် အသည်းမှာ နေရခက်တယ် ခက်တယ်
ဆွေသက်ပိုင်ရယ် သွေဖျက်ယိုင်လွယ်..
နေရက်နိုင်တယ်လို့  မဆိုနဲ့ လေကွယ်..
(ရင်ဝယ်နွေဘဝ နွမ်းခြောက်တာတွေ.. ပင်လယ်ဝေတမျှ လွမ်းလောက်စရာတွေ..)၂
ရင်မှာသိုသိပ်ခါ တိတ်တိတ်ကလေးဖြေ
လာချင်ရင် အနီးလေး ဆိုကြရသော်လည်း
တာဝန်တွေမပြီးသေးသမျှ ကိုယ်တို့  ဘဝမှာကွယ်..
ကွဲကွာနေသမျှရက်မယ် အသည်းမှာ
နေရခက်တယ် ခက်တယ်
ဆွေသက်ပိုင်ရယ် သွေဖျက်ယိုင်လွယ်..
နေရက်နိုင်တယ်လို့ 
မဆိုနဲ့ လေကွယ်.
No comments:
Post a Comment