စစ်တက္ကသိုလ်မှာ တစ်ပတ်စဉ်ထဲအတူတက်၊စားလည်းအ တူ၊သွားလည်းအတူ၊ပျော်စရာရှိ လည်းအတူ၊ ခံစရာရှိလည်းအတူခံ...ဒီလို သူငယ်ချင်းမျိုး....
တစ်ယောက်ကပျော်ပျော်နေတတ်ပြီးဘာကိုမှ ရင်ထဲ၊ခေါင်းထဲမထားတတ်သူ၊တစ်ယောက်ကတော့
လေးလေးနက်နက်ချင့်ချင့်ချိန်ချိန်နဲ့အေးအေးဆေးဆေးသမား. ..ဒီလိုနဲ့ ကျောင်းဆင်းပြီး အရာရှိပေါက်စ
ဘဝ တာဝန်ကျတော့လည်း တစ်တပ်တည်းအတူတူ၊အဲ့ဒိအချိန်ကာလကလည်း ရှမ်းပြည်နယ်မှာဗကပ
အောက်ပိုင်းမှာက KNU နဲ့ပွဲကြီးပွဲကောင်းတွေ နွှဲနေတဲ့ကာလ...တပ်ကအနားရတယ် လို့ကိုမရှိပေ။အပေါ်
တက်အောက်ဆင်းနဲ့စစ်ဆင်ရေးပြီးစစ်ဆင်ရေးကာလ....
အရာရှိပေါက်စသူငယ်ချင်းနှစ် ယောက်လည်း ငယ်ငယ်ရွယ်ရွယ်တက်တက်ကြွကွ ဆိုတော့ သေမြေကြီး
ရှင်ရွှေထီး၊ရဲဘော်မသေ၊သေသော်ငရဲမလား စိတ်ဓါတ်တွေနဲ့ မိဘသံယောဇဉ်ကလွဲပြီးတော့ဘာသံယော
ဇဉ်မှမရှိ စစ်မြေပြင်ဒီတလင်းမှာ ပျော်ပျေည်ကြီးစစ်ခင်းနေတာေ ပါ့ဗျာ......
ဒီလိုနဲ့နှစ်အနည်းငယ်ကြာလာေ တာ့ အေးဆေးနေတတ်တဲ့သူငယ်ချင်းတစ်ယောက် အိမ်ထောင်ကျပါလေ
ရောဗျာ..ကျပြီးလို့မှမကြာသေးဘူး စစ်ဆင်ရေးထွက်ရမယ်ဖြစ်လာတယ် ။အိမ်ထောင်ကကျပြီးကာစ၊ချစ်ဇ နီး
လေးနဲ့ဝအောင်မနေရသေးခင် စစ်ဆင်ရေးဆိုတော့ သူ့အနေနဲ့ နဂိုလိုတက်တက်ကြွကြွ မရှိတာတော့အမှန်
ဒီလိုနဲ့...စိတ်ညစ်စရာတွေရင်ဖွင့်ဖို့ စဉ်းစားလိုက်တော့ သူငယ်ချင်းအရင်းခေါက်ခေါက်ကို သွားသတိရတယ်
ကောက်ခါငင်ခါပဲ..လူပြိုအရာရှိရိပ်သာကို ထွက်ခဲ့ပါတော့တယ်.........
ARMY RUM ထုတ်ပေးတဲ့ရက်ဖြစ်လို့..ထုံးစံအတိုင်း ရိပ်သာမှာဝိုင်းကကောင်းနေပြီ...သူရောက်သွားတော့
အတော်လေး အရှိန်ရနေကြပြီ....
"ဟာ!!သူငယ်ချင်း..လာထိုင်.. တစ်ခွက်တစ်ဖလား???"
"ဟူးးးးတော်ပါပြီကွာ"
"ဟ!!မင်းမျက်နှာကြီးက ဘာဖြစ်နေတာတုန်းဟ..မအီမသာနဲ့ "
"မိန်းမကရခါစကွာ..စစ်ဆင်ရေး ထွက်ရမယ်ဆိုလို့ညစ်နေတာ"
"ဒီတခေါက် ငါတစ်ခုခုဖြစ်ရင်ငါ့မိန်းမပူပူနွေးနွေး မုဆိုးမဖြစ်မှာကွ"
"စိတ်ထဲမှာလည်းတစ်မျိုးကြီး ခံစားရလို့ပါ"
"ဟားဟားဟား ဘာများလည်းလို့ကွာ..ဒီအတွက် မပူနဲ့၊ငါ့မှာ အဆောင်ကောင်းကောင်းရှိတယ်"
"ယုံယုံကြည်ကြည်သာချ..မင်းဘာမှမဖြစ်စေရဘူး..အာမခံတယ်"
"ဟာ!!တကယ်လား??အားကိုးပါတယ် ဆရာရယ်..လုပ်ပါအုံး"
"အဲ့ဒါကြောင့်လားမသိဘူး တိုက်ပွဲမှာဆို မင်းဘီလူးစီးသလိုတွယ်နေတာ ဘာမှမဖြစ်ဘူးနော်"
"ဟဲဟဲ ဒါပေါ့ ဒါပေါ့"
ပြောပြောဆိုဆိုသူ့အခန်းဘက်သို့ဒယိမ်းဒယိုင်နဲ့ထသွားပြီး ပြန်လာတွှဲအခါ လက်ထဲမှာက
ကာဘိုင်ကျည်ဆံခွံလေးတစ်ခု၊ထိပ်ကကတ္တရာနှင့်ပိတ်လျက်....
"ရော့ သူငယ်ချင်း!ဒီထဲမှာဂါထာရေးထားတဲ့စာရွက်ပါတယ်"
"မင်းလုံးဝဖွင့်မကြည့်နဲ့.. ကြိုးနဲ့ဖောက်ပြီး လည်ပင်းမှာဆွဲထား၊ယုံယုံကြည်ကြည်သာကိုင်..
ဘာမှမဖြစ်စေရဘူး အာမခံတယ်..ဟဲဟဲ"
"ကျေးဇူးပါသူငယ်ချင်းရာ..ကျေးဇူးပါ"ပြောရင်းတရိုတသေ၊လက်နှစ်ဘက်ဖြင့်ယူပြီးအိပ်ကပ် ထဲ
ထည့်ခဲ့ပါတော့တယ်.......
အဲ့ဒိလိုနဲ့ တိုက်ပွဲတွေအလီလီတိုက်၊အောင်ပွဲတွေရ..ဒီအဆောင်လေးအစွမ်းလို့ပိုမိုယုံကြည်ကာ
ပေးလိုက်တဲ့သူငယ်ချင်းကိုလည်းကျေးဇူးတွေတင်၊သူများကြို ပရပြောရတာလည်းအမော..ကံတရား
ကြောင့်လား၊အဆောင်ကြောင့်လားမသိသေမဲ့ဘေးနဲ့ပွတ်ခါသီကာလွဲခဲ့တာအခါခါ..ဒါကြောင့်လည်း
အဆောင်ကိုပိုမိုယုံကြည်သက်ဝ င်လာခဲ့ပါတယ်.......
အဲ.......တစ်နေ့
ရာထူးတွေဘာတွေတက်၊တပ်တွေလည်းပြောင်းခဲ့ရတော့ ဝေးခဲ့တဲ့သူငယ်ချင်းနဲ့တစ်ေ နရာမှာပြန်ဆုံပါလေ
ရောဗျာ...
"ဟာ...ဟေ့ကောင်ကြီးနေကောင်း လား?"
"ဟာ..သူငယ်ချင်းကောင်းပ..မင်းပေးတဲ့အဆောင်ကြောင့်နေကော င်းကျန်းမာလုပ်တိုင်းဖြစ်နေ တယ်ကွ"
"ကောင်းကွာ"စပ်ဖြဲဖြဲနဲ့ဖြေ တယ်..
"ဒါနဲ့နေပါအုံး သူများတွေလည်းပေးလို့ရအောင် မင်းပေးတဲ့ဂါထာကဘာတုန်းကွ?ငါလည်းမင်းကမကြည့်နဲ့
ဆိုလို့မကြည့်ခဲ့ဘူး၊ခုကြည့်လို့ရမလား?စွမ်းချက်ကတော့က မ်းကုန်ပဲမောင်ရေ့"
"ဟီးဟီး ကြည့်လေ"ဧည့်ခံထာသောစားစရာများကို တနင့်တပိုးစားရင်းကဖြေတယ်..
ဒီလိုနဲ့လည်ပင်းက ဆွဲကြိုးလေးကို တရိုတသေနဲ့ဖြုတ်..ကတ္တရာလေးကိုဘောပင်ထိပ်နဲ့ထိုးခွာပြီး မှောက်ချ
လိုက်တော့ ဝါကျင့်ကျင့် မညီမညာ ဗလာစာရွက်စုတ်လိပ်လေး.....တ ရိုတသေနဲ့ဖြန့်လိုက်တော့ရေထားတဲ့ဂါထာက
""ချသာချ!!မင်းသေရင်မင်းမိန်းမငါယူမယ်""တဲ့...မအေနှမတွေ စုံသွားပါတောတယ်ဗျာ...
"မင်းကွာငါကအဟုတ်မှတ်လို့ဆိုတော့..တစ်ယောက်က ဟီးးငါလည်းမူနေတော့ထင်ရာရေး ပေလိုက်တာတဲ့"
ကောင်းရော......
(အဖြစ်မှန်လေးပါ၊ခုတော့သူတို့လည်းတိုင်းပြည်မှာကြီးလေး တဲ့တာဝန်တွေထမ်းဆောင်နေကြပါ ပြီ၊
အိမ်မငိုက်အောင်ဟာသပြောတတ်တဲ့အဘကျောင်းအုပ်ကြီးသို့အမှ တ်တရ....)
— တစ်ယောက်ကပျော်ပျော်နေတတ်ပြ
လေးလေးနက်နက်ချင့်ချင့်ချိန
ဘဝ တာဝန်ကျတော့လည်း တစ်တပ်တည်းအတူတူ၊အဲ့ဒိအချိန
အောက်ပိုင်းမှာက KNU နဲ့ပွဲကြီးပွဲကောင်းတွေ နွှဲနေတဲ့ကာလ...တပ်ကအနားရတယ်
တက်အောက်ဆင်းနဲ့စစ်ဆင်ရေးပြ
အရာရှိပေါက်စသူငယ်ချင်းနှစ်
ရှင်ရွှေထီး၊ရဲဘော်မသေ၊သေသော
ဇဉ်မှမရှိ စစ်မြေပြင်ဒီတလင်းမှာ ပျော်ပျေည်ကြီးစစ်ခင်းနေတာေ
ဒီလိုနဲ့နှစ်အနည်းငယ်ကြာလာေ
ရောဗျာ..ကျပြီးလို့မှမကြာသေ
လေးနဲ့ဝအောင်မနေရသေးခင် စစ်ဆင်ရေးဆိုတော့ သူ့အနေနဲ့ နဂိုလိုတက်တက်ကြွကြွ မရှိတာတော့အမှန်
ဒီလိုနဲ့...စိတ်ညစ်စရာတွေရင
ကောက်ခါငင်ခါပဲ..လူပြိုအရာရ
ARMY RUM ထုတ်ပေးတဲ့ရက်ဖြစ်လို့..ထုံ
အတော်လေး အရှိန်ရနေကြပြီ....
"ဟာ!!သူငယ်ချင်း..လာထိုင်..
"ဟူးးးးတော်ပါပြီကွာ"
"ဟ!!မင်းမျက်နှာကြီးက ဘာဖြစ်နေတာတုန်းဟ..မအီမသာနဲ
"မိန်းမကရခါစကွာ..စစ်ဆင်ရေး
"ဒီတခေါက် ငါတစ်ခုခုဖြစ်ရင်ငါ့မိန်းမပ
"စိတ်ထဲမှာလည်းတစ်မျိုးကြီး
"ဟားဟားဟား ဘာများလည်းလို့ကွာ..ဒီအတွက်
"ယုံယုံကြည်ကြည်သာချ..မင်းဘ
"ဟာ!!တကယ်လား??အားကိုးပါတယ်
"အဲ့ဒါကြောင့်လားမသိဘူး တိုက်ပွဲမှာဆို မင်းဘီလူးစီးသလိုတွယ်နေတာ ဘာမှမဖြစ်ဘူးနော်"
"ဟဲဟဲ ဒါပေါ့ ဒါပေါ့"
ပြောပြောဆိုဆိုသူ့အခန်းဘက်သ
ကာဘိုင်ကျည်ဆံခွံလေးတစ်ခု၊ထ
"ရော့ သူငယ်ချင်း!ဒီထဲမှာဂါထာရေးထ
"မင်းလုံးဝဖွင့်မကြည့်နဲ့..
ဘာမှမဖြစ်စေရဘူး အာမခံတယ်..ဟဲဟဲ"
"ကျေးဇူးပါသူငယ်ချင်းရာ..ကေ
ထည့်ခဲ့ပါတော့တယ်.......
အဲ့ဒိလိုနဲ့ တိုက်ပွဲတွေအလီလီတိုက်၊အောင
ပေးလိုက်တဲ့သူငယ်ချင်းကိုလည
ကြောင့်လား၊အဆောင်ကြောင့်လာ
အဆောင်ကိုပိုမိုယုံကြည်သက်ဝ
အဲ.......တစ်နေ့
ရာထူးတွေဘာတွေတက်၊တပ်တွေလည်
ရောဗျာ...
"ဟာ...ဟေ့ကောင်ကြီးနေကောင်း
"ဟာ..သူငယ်ချင်းကောင်းပ..မင
"ကောင်းကွာ"စပ်ဖြဲဖြဲနဲ့ဖြေ
"ဒါနဲ့နေပါအုံး သူများတွေလည်းပေးလို့ရအောင်
ဆိုလို့မကြည့်ခဲ့ဘူး၊ခုကြည့
"ဟီးဟီး ကြည့်လေ"ဧည့်ခံထာသောစားစရာမ
ဒီလိုနဲ့လည်ပင်းက ဆွဲကြိုးလေးကို တရိုတသေနဲ့ဖြုတ်..ကတ္တရာလေးက
လိုက်တော့ ဝါကျင့်ကျင့် မညီမညာ ဗလာစာရွက်စုတ်လိပ်လေး.....တ
""ချသာချ!!မင်းသေရင်မင်းမိန
"မင်းကွာငါကအဟုတ်မှတ်လို့ဆိ
ကောင်းရော......
(အဖြစ်မှန်လေးပါ၊ခုတော့သူတိ
အိမ်မငိုက်အောင်ဟာသပြောတတ်တ

No comments:
Post a Comment