Friday, February 28, 2014

Real Intake Flag


Saturday, February 22, 2014

ဆင်စီးမြင်းရံ (ဗိုလ်တစ်ထောင်ဘုရား ရန်ကုန်မြို့)


၁၃ နှစ်သားတစ်ယောက်ရဲ့အမေ့ရင်ခွင် တမ်းချင်း

၂၅၊ ၅၊ ၁၉၉၈ ပျိုမြစ်တဲ့ ၁၈ နှစ်အရွယ်မှာ
မွေးမိခင်ရင်ခွင်ကနေခွဲခွာလို့ ဘဝရပ်တည်
ချက် မှာတန်ဖိုးရှိတဲ့လူ တစ်ယောက်ဖြစ်အောင် ဆုံးမသွန်သင်လမ်းညွှန်လေ့ကျင့်
ပေးမယ့် ကျွေးမိခင် ရဲ့ရင်ခွင်ကို (43th Intake) ဆိုတဲ့နာမည်တံဆိပ်နဲ့ ရဲဘော်
ရဲဘက် သူငယ်ချင်းကောင်း ၄၂၆ ယောက်နဲ့
အတူခိုလှူံခွင့်ရတဲ့နေ့ လေးပေါ့ ။

နွေးတစ်ခါ အေးတစ်လှည့် နဲ့အမေ့ရင်ခွင်ထဲ
ကနေ့ရက်တိုင်းဟာ ပြန်မတွေးမိပေမယ့် အမြဲလွမ်း မိပါတယ်အမေ။

အမေကသားတို့ကို နော်၊ရင့်၊ဇေ၊ဆန်း၊ကျန်၊
ဆင်၊မြ၊ဓု ဆိုပြီး အရောင် ၈ မျိုးခွဲ ပြီးထားခဲ့ပေမယ့် သားတိုအားလုံးကို အရောင်အသွေးတစ်ခုတည်းဖြစ်အောင် အမေလေ့ကျင်ပေးခဲ့တယ်နော်။

အဲ့ဒီအရောင်ကတော့ အမေ့ရဲ ဂုဏ်နဲ့ အမေပေးခဲ့တဲ့ အမည်နာမလေးကိုမထိခိုက်အောင်ထိမ်းသိမ်းလိုတဲ့စိတ်နဲ့ကျရာတာဝန်
ကိုကျေပြွန်အောင်ထမ်းဆောင်ကြတာပါပဲ
အမေ။

တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို
သားဆိုးလေးတွေရှိပေမယ့် ကျန်တဲ့သား
တွေကြောင့် အမေဖြေသာနိုင်ပါစေ။

၁၃ နှစ်တာကာလအတွင်း အမေရဲ့သင်ကြားမှူကိုအခြေခံလက်တွေ့ဘဝအတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး နေရာအလိုက်
မှာအတိုင်းအတာတစ်ခုထိအောင်မြင်နေကြ
တာဟာအမေ့ရဲ့ကျေးဇူးတွေပါပဲ။

အမေကတော့ပျိုးဥယျာဉ်တစ်ခုတည်းကနေ
ပြုစုပျိုးထောင်လိုက်ပေမယ့် အကြောင်းကြောင်းကြောင့် ဝတ်မှူံကူးပြီးအရောင်ပြာင်း
သွားသူတွေ နဲ့အဖိတ်အစင်လေးတွေတော့
ရှိပါတယ်အမေ။

ဒါပေမယ့် ဘယ်ဘဝရောက်ရောက် ဖြောက်ဖျက် မရဘဲရင်မှာလက်ခံထားတာ (၄၃)ယောက်မြောက်အမေ့ရဲ့သားပါပဲအမေ။

ဖေဖော်ဝါရီ(၂၂)ရက်နေ့ ကိုတော့ Intake
Day သတ်မှတ်ပြီး ကောင်းမှူ့ကုသိုလ် ပြုခဲ့တာ ၁၃ ကြိမ်တိုင်ခဲ့ကြပြီပေါ့။

https://www.facebook.com/myo.thura.3110

နေပြည်တော် Intake Day အလှူတော် ၂၀၁၄







၂၂ရက်စနေနေ့(ယနေ့)တွင် ၁၃နှစ်မြောက်နှစ်ပတ်လည်မနက်ပိုင်းအစီအစဉ်အား (ညပိုင်းမသိ :P) ရတနာစံပရိယတ္တိစာသင်တိုက်တွင် ကျဆုံးသွားသော သူငယ်ချင်းများအားရည်စူး၍ သံဃာတော်၉၃ပါးအား ဆွမ်းကပ်ခြင်း၊ ၀တ္ထုငွေကပ်လှူပူဇြော်ခင်း၊ အုတ်တံတိုင်း ၂ကန့် လှူဒါန်းခြင်းများကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။ တက်ရောက်လာသောသူငယ်ချင်းများ၊ မတက်ရောက်နိုင်သော်လည်း အလှူငွေထည့်ဝင်သောသူငယ်ချင်းများ၊ ကျန်ရှိနေသောသူငယ်ချင်းများ အားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။ အားလုံးသာဓုခေါ်နိုင်ကြပါစေ။ ပိုနေသော အလှူငွေများအားလုံး၊ ထပ်မံထည့်ဝင်သောအလှူငွေများကိုလည်း Intake Fund တွင်ထည့်သွင်းသွားပါမည်။ (အလှူငွေများအတွက် အကြံဥာဏ်များ ပေးနိုင်ပါသည်။) အလှူငွေများစာရင်းအား ထပ်မံဖော်ပြပေးပါမည်။

Friday, February 21, 2014

မြ၀တီ ၄၃ နောင်တော်များနှင့် ၄၄ နယ်ကျော်ပြေးပွဲ


မြ၀တီ ဘောလုံးအသင်း ၄၃ ၄၄ ၄၅


ဝဲမှယာ--နောက်တန်း- အောင်သူရ၊ မျိုးရာဇာ၊ ၄၅၊၄၄၊၄၅၊ ဗက အောင်နီ၊ ညီညီဦး၊၄၄၊ကျော်ဇေယျ၊ ဇော်လှိုင်ထွန်း၊၄၅၊ ကျော်သီဟ
ဝဲမှယာ-ရှေ့တန်း-နေလှိုင်ဦး၊ နိုင်လွင်၊ စရန်နိုင်အောင်၊ ၄၅၊ကောင်းမြတ်၊၄၅၊ ၄၄၊ ၄၅၊ ထွန်းလင်းအောင်

အလှူနှိုးဆော်စာ


Tuesday, February 11, 2014

လွမ်းမိပါ သည် အမေ့ဆီ

https://www.facebook.com/khonsisnyein

Monday, February 10, 2014

အောင်ဆန်းခန်းမ ၊ အောင်ဆန်းရုပ်တု နှင့် အောင်ဆန်းအပေါ်ထားတဲ့စိတ်ထား


အောင်ဆန်းခန်းမ ၊ အောင်ဆန်းရုပ်တု နှင့် အောင်ဆန်းအပေါ်ထားတဲ့စိတ်ထား
========================
ဟိုတနေ့ က ဆရာမောင်သာချို (ဂျက် - ကွမ်းခြံကုန်း) ရဲ့ စာပေဟောပြောပွဲလေးပြန်နားထောင်ဖြစ်တယ် ။
အရာဝထ္ထုတိုင်းမှာ Value တစ်မျိုးဆီ ရှိ တယ် တဲ့ ။ အဲဒါတွေကတော့
(၁)အသုံးချတန်ဖိုး
(၂)ဖလှယ်ရတန်ဖိုး
(၃)မြတ်နိုးမှုတန်ဖိုး
တို့ပါတဲ့ ။
ဆိုပါတော့ ...
ထမင်းဆိုရင် အသုံးချတန်ဖိုးပေါ့ ။ ဘာလို့ လဲ ။ ထမင်းကိုစားလို့ရတယ်။
ပိုက်ဆံ ဆိုရင် ဖလှယ်ရတန်ဖိုးပေါ့ ။ ဘာလို့လဲဆိုတော့ ။ ပိုက်ဆံ နဲ့ အဝတ်စားလိုရင်အဝတ် စား ၊ နေစရာလိုရင်နေစရာ ၊ စားစရာလိုရင်စားစရာ အားလုံး ကို ဝယ်လို့ရတယ် ။ ပိုက်ဆံ နဲ့ ဖလှယ်လို့ရတယ် ။
နောက် Sentimental Value လို့ခေါ်တဲ့ မြတ်နိုးမှု တန်ဖိုးဆိုတာကတော့ ။ အသုံးချလို့လည်းရချင်မှရမယ် ၊ ဖလှယ်လို့လည်းရချင်မှ ရမယ် ။ ဒါပေမဲ့ အဲဒီအရာဝထ္ထုလေးပေါ် မှာ ထားတဲ့ စိတ် ၊ ခံစားမှု အလေးအနက်ပေါ်မှာ မူတည်ပြီး တန်ဖိုးကြီးမှုတွေ ပစ္စည်းလေးရဲ့ တန်ဖိုး က ရှိနေတာမျိုးပေါ့ ။ ဥပမာ ... အဖေ ၊ အမေ ဓာတ်ပုံလေးတွေ ။ သူငယ်ချင်းတွေပေးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေ ။ ချစ်သူပေးထားတဲ့ စာအဟောင်းလေးတွေ မျိုးပေါ့ ။

အဲဒီ Value သုံးမျိုးထဲ မှာ မှ ... Sentimental Value ဆိုတဲ့ မြတ်နိုး မှု တန်ဖိုးကို လူသားတွေ သာ ပိုင်ဆိုင်ကြ တယ်လို့ ဆိုတယ် ။ လူသားတွေမှာ နှလုံးရည်တန်ဖိုးမြင့် လေလေ မြတ်နိုးမှု တန်ဖိုး ကိုပိုထားတတ်လေလေ တဲ့ ။

နောက် Value ဆိုတာနဲ့ ပက်သက်ပြီးတော့လည်း ။ လူတစ်ယောက်နဲ့ တစ်ယောက် ၊ ပတ်ဝန်းကျင်တစ်ခုနဲ့ တစ်ခု ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ၊ နိုင်ငံတစ်ခုနဲ့တစ်ခု လက်ခံ ပုံချင်း မတူညီသလို ၊ ယူဆပုံ ၊ ဖော်ပြပုံချင်းလည်းမတူညီကြဘူး ။ ဥပမာ အရှေ့တိုင်းတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုး စံသတ်မှတ်မှုတွေ ကွာဟ နေသလိုမျိုးပေါ့။

ကျွန်တော်တို့ မြန်မာတွေရဲ့ ဘုံ Sentimental Value ကို ပြ ပါ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်မယ်ထင်တယ် ။ သို့ပေမဲ့ မြတ်နိုးမှု ပုံစံ ချင်းတော့ လူတစ်ယောက်နဲ့ တစ်ယောက် တူမယ်မထင်ဘူး ။ လက်ခံပုံချင်းလည်းတူမယ်မထင်ဘူး ။ ဖော်ပြပုံချင်လည်းတူမယ်မထင်ဘူး ။

ငယ်ငယ်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ " ရဲဘော်တို့ ...အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး ..အခု စစ်မြေပြင်ကို ထွက်ရမယ် ..ဆင်းရဲမယ် ..ငတ်မယ်
.. အခက်အခဲတွေနဲ့ ရင် ဆိုင်ကြရမယ် ..ဗမာပီပီ ဗမာ့သွေးကို ပြကြပါ.." ဆိုတဲ့ စကားလေးတွေ ကြား ပြီး စိတ်ကြွ ခဲ့ရဖူးတယ် ။ စာအုပ်ထဲမှာ ပါတဲ့ ဗိုလ်ချုအောင်ဆန်းမြင်းစီး ပုံကို မတူမချင်း ထိုင် ဆွဲ ခဲ့ဖူးတယ် ။ ငယ်ငယ် သူများတွေ ကိုယ့် ကို ... နဂါး နဂါး (နားကားလို့) ခေါ်ရင် စိတ်ဆိုးရမဲ့ အစား သိပ်သဘောကျတာ ။
ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ကလည်းနားကားတယ်လို့ မြင်တာကိုး ။ ဆံပင်ညှပ်ရင်လည်း ဗိုလ်ချုပ်ကေ မှ ညှပ်ချင်တယ် ။ ကတုံးဆံထောက် ကိုယ့်ဆံပင်လေးကို စမ်းရင်း မောက်နေတဲ့ ငယ်ထိပ်လေးကို ပွတ် ကြည့်ပြီး အကျေနပ်ကြီးကျေနပ်ခဲ့ ဖူးတယ် ။

အသက်လေးနည်းနည်းကြီးလာတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးတွေ ဖတ် တော့ အပြောအဆို အနေထိုင် ၊ ပုံပန်းသဏ္ဍန်တင် မက စိတ်ဓာတ်တွေ ပါ သိလာရတယ် ။ ရိုးသားမှုတွေ ၊ အပင်ပန်းဆင်းရဲခံနိုင်မှုတွေ ၊ သတ္တိရှိမှုတွေ ၊ အမှန်တရားမြတ်နိုးမှုတွေ ၊ အမျှော်မြင်ကြီးမှုတွေ ၊ တိုင်းပြည်နဲ့လူမျိုးပေါ် ထားတဲ့ စိတ်စေတနာကို ခံစားသိရှိလာရတယ် ။

စစ်သားရယ်လို့ ဖြစ်လာတော့ ... "အထက်ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ .. အနီးစပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ ၊ ရဲဘော်တို့ နဲ့ တူတူ ကျွန်ူပ်ကိုယ်တိုင် ချီတက်မယ် " ဆိုတဲ့ စကားက စိတ်အာရုံမှာ လာစွဲ စေတယ် ။
နှစ်ငယ် ဗိုလ်လောင်းဘဝမှ ဘယ်အရာတွေပဲလာလာ ၊ မလုပ်နိုင်ပါဘူး လို့ တစ်ခွန်း မထွက်ခဲ့ဘူး ။ နှစ်ကြီး ဗိုလ်လောင်းဖြစ်လာတော့ လည်း follow me လို့ မခေါ် နိုင်သေးရင်တောင် ... Do as I do ဖြစ်အောင် အတတ်နိုင်ဆုံးကျင့်ကြံခဲ့တယ်။
အနိမ့်ဆုံး အဆင့် ... တာဝန်ကျဗိုလ်လောင်းဖြစ်လို့ ဂျူနီယာတွေ ဝတ်စား ဆင်ယဉ်မှု စစ်ဆေးရရင် ကိုယ့်ဖိနပ်နဲ့ တိုက်စစ်တယ် ၊ ကိုယ့် အဆင့်တံဆိတ်တွေ ၊ ကိုယ့်အဝတ်စားတွေ နဲ့ တိုက်စစ်တယ် ။

အကဲဒမစ်ဆောင်တွေ သွားပြီဆိုရင် စစ်သီချင်းတွေ ဆိုရတယ် ။ ခုလိုဆောင်းတွင်း မနက်စောစော ဆိုရင် " အာဇာနည်သွေးတွေ အရိုးကြေ ကြေ ... တို့ ပြည် ၊ တို့မြေ ..ခေတ်ဆွေးကိုပြောင်းပြန် ...ခေတ်သစ်ကိုစီမံ ...လွတ်လပ်ဖို့ စိတ်ကြံ ... ညီစေနော် တို့ရဲဘော် ...ချီတက်ကြစို့ တူပျော်ပျော် ... ဘယ်ညာ ..ဘယ်ညာ ...မြန်မာပြည်ငါတို့ပြည် ...ခင်ခင် မင် မင် အမျိုးကိုစောင့်ရှောက် " ဆိုပြီး ဝမ်းခေါင်းကိုညှစ် အော်လိုက်ရချိန်ဆိုရင် ...ပါးစပ် က ထွက်တဲ့ အာငွေ့ ဝါးဝါးလေးတွေ ထဲမှာ ... မြန်မာ့ အာဇာနည်ခေါင်းဆောင်တွေ ဘယ်လောက် အရိုးကျေကျေ အရေခမ်းခမ်း လုပ်ခဲ့ရလဲဆိုတဲ့ ပုံရိပ်တွေ ဝိုးတဝါး ပြန်မြင်ယောင်လို့ရတယ် ။

မိုးတွေ ရွာ နေချိန်ဆိုရင် ... " မိုးတွေ က လည်း မစဲ ဘဲ ရွာနေတယ် ..သူတို့အလောင်းကောင်အကာကွယ်ပြုလို့ ငါတို့တက်ရတယ် ...တို့ဗိုလ်က ဓားဆွဲလို့ ရှေ့က တက်ပါတယ် ... ဘယ်မှာ ကြောက်စိတ်ရှိမလဲ ..ငါတို့စစ်သားရယ်" လို့ အော် လိုက်ရရင် ... ကျား ...တခဲ ခဲ နဲ့ ဓားဆွဲ ပြီး တက်နေတဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်တွေ ကို စိတ်အာရုံမှာ မြင်ကြည့်လို့ရ နေတယ် ။ အဲဒီချိန်ဆိုရင် မေမြို့ မိုးအေး စိမ့်စိမ့် ကြားမှာ ... ကြက်သီးနွေးနွေးလေးတွေ ကိုယ်စီ နဲ့ ။

မှတ်မှတ် ရရ ...ကျောင်းဆင်း စစ်ရေးပြကျင့် ချိန်ဆိုရင် ... စစ်တက္ကသိုလ် ဘုရင့်နောင်တပ်ရင်းမှာ အရပ် ၅ ပေ ၂ ကိုင်တဲ့ ဓား တစ်လက်ပဲရှိတယ် ။ Squad Leader ဓားကိုင်အဖြစ် ထွက်ကြရသူတွေ ဟာ အများအားဖြင့် ၅ ပေ ၆ ၊ ၅ ပေ ၇ တော့ရှိတတ်ကြတယ် ။ ဒီထက်မြင့်သူတွေများပါတယ် ။ ဒါပေမဲ့ ဓားကိုယ်ပိုင် မရခင် ဆိုရင် ... ၅ ပေ ၂ ဓားလေး ကို ကျွန်တော်တို့ ပြေးပြေး ဦးတတ်တယ် ။ စစ်ရေးပြဓား ဆို ပေမဲ့ အဲဒီဓါးလေး က ဗိုလ်ချုပ်ကိုင်တဲ့ ဂျပန်ဓားလို ခပ်ကော့ကော့လေး ၊ အရွယ်အစား ကလည်း အဲဒီ ဓားလောက်ပဲရှိတယ် ။

နောက်ကျောင်းဆင်းတော့ ဖာပွန် ဘက် ရှေ့တန်းထွက်တယ် ။ စစ်သုံးမြေပုံပေါ် က ကွန်တို မျဉ်းတွေကို ကျွန်တော်က မျက်စိထဲ တန်းမမြင်နိုင်ဘူး ။ အဲဒီတော့ ၆ လုံးပေးဖို့ မြေပုံမူမှန်ချတာ ၊ သံအိုက်အိမ်မြှောက်သုံးတာ ကတစ်ပိုင်း ။ ကျွန်တော်ရောက်တဲ့ နေရာ က ထူးခြားနေတဲ့ ပတ်ဝန်းကျင်အတော်များများကို ခဲပန်းချီ ယူလေ့ရှိတယ် ။ ကျွန်တော့် ဘာသာ ဆွဲ ရင် နှေးတယ် ။ အဲဒီတော့ ကျွန်တော့် ရဲဘော်တွေ ထဲ ဘယ်သူ ပုံ ဆွဲတတ်လဲဆိုတော့ တစ်ယောက်ထွက်လာတယ် ။ ပြီးတော့ မင်းဆွဲ တတ်လား ဆိုတော့ ... နုတ်ဘုတ်လေးထုတ်ပြတယ် ။ ဗိုလ်ချုပ်ပုံတွေ အနေထားအမျိုးမျိုး ကို ရှိတ် ချယ်ထားတဲ့ ပုံတွေ နုတ်ဘုတ်လေး နဲ့ အပြည့်ပါ ပဲ ။

ကျွန်တော် ဆိုလိုတာ က Value ချင်းတူရင်တောင် ယူဆပုံချင်းမတူကြဘူး ၊ ဖော်ပြပုံချင်း မတူကြဘူး ဆိုတာကိုပါ ။ ကျွန်တော့် အမြင် မြတ်နိုးစွာ ဆိုတဲ့ ကြိယာဝိသေသန က နေရာ အမှန်ချဖို့တော့ လိုတယ်ထင်တယ် ။ သနပ်ခါး ဟာ မျက်နှာမှာလိမ်းခြယ်ထားရင် မြတ်နိုးရာရောက်တယ် ။ ဖိနပ်မှာ သွား လိမ်းရင်တော့ ဖိနပ်ရဲ့ အလှ ပျက်စေသလို ၊ သနပ်ခါပေါ်မှာထားတဲ့ မြတ်နိုးမှု တန်ဖိုးလည်းမတက်စေဘူး ။ ဘုရားဟာ ဘုရားစင်မှု ၊ ဘုရားခန်းမှာ ရှိနေတာ လေးမြတ်ရာရောက်စေတယ် ၊ အနှိပ်ခန်းမှာ ၊ သန့်စင်ခန်းမှာ သွားထားရင် အဲဒါဟာ မြတ်နိုးတာ မဟုတ်ဘူးလို့ ပဲ ကျွန်တော်ယူဆတယ် ။ ဒါကြောင့် ... ဗိုလ်ချုပ် ပုံရင်ဘက်ချိတ်ပြီး ကိုလိုချင်တာတောင်းတာမျိုး ၊ ဝဘ်ဆိုဒ်မှာ ဗိုလ်ချုပ်ပုံတင်ပြီး သူများဆဲတာမျိုး ၊ အကောင့်မှာ ဗိုလ်ချုပ်ပုံတင်ပြီး ဖွန်ကြောင်နေတာမျိုး ၊ ချစ်လှပါချည်ရဲ့ ဆိုပြီး မြေကြီး မှာ ပုံပြီး ရောင်းစားတာ မျိုး ၊ စတေကာအင်းကျီ ဝတ်ပြီး ဆန္ဒပြတာမျိုး ဘယ်သောအခါ မှ လုပ်မှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ အဲဒါ ကျွန်တော်တို့ Value မဟုတ်လို့ပါပဲ။

အဲလိုတွေ မလုပ်လို့ .... လူကြားမှာ ချစ်လိုက်တာ ချစ်လိုက်တာ မအော်လို့ ... စစ်တပ်ကြီး က ဗိုလ်ချုပ်ကိုချောင်ထိုးထားတယ် လို့ ပြော ကြတယ် ။ ဟုတ်ကဲ့ ... ချောင်ထိုးထားပါတယ် ။ ဘယ်ဘက် အိပ်ကပ်ရဲ့ အောက်က ... ခပ်နက်နက် ချောင်တစ်ခုမှာပါ ။

(ရုပ်ဆိုး)
Photo - စစ်တက္ကသိုလ် Main တစ်နေရာမှ အောင်ဆန်းခန်းမ ၊ ဗိုလ်ချုပ် နှင့် ဗိုလ်လောင်းများ

Friday, February 7, 2014

သူငယ်ချင်းနှစ်ယောက်..


          စစ်တက္ကသိုလ်မှာ တစ်ပတ်စဉ်ထဲအတူတက်၊စားလည်းအတူ၊သွားလည်းအတူ၊ပျော်စရာရှိလည်းအတူ၊ ခံစရာရှိလည်းအတူခံ...ဒီလို သူငယ်ချင်းမျိုး....
           တစ်ယောက်ကပျော်ပျော်နေတတ်ပြီးဘာကိုမှ ရင်ထဲ၊ခေါင်းထဲမထားတတ်သူ၊တစ်ယောက်ကတော့
လေးလေးနက်နက်ချင့်ချင့်ချိန်ချိန်နဲ့အေးအေးဆေးဆေးသမား...ဒီလိုနဲ့ ကျောင်းဆင်းပြီး အရာရှိပေါက်စ
ဘဝ တာဝန်ကျတော့လည်း တစ်တပ်တည်းအတူတူ၊အဲ့ဒိအချိန်ကာလကလည်း ရှမ်းပြည်နယ်မှာဗကပ
အောက်ပိုင်းမှာက KNU နဲ့ပွဲကြီးပွဲကောင်းတွေ နွှဲနေတဲ့ကာလ...တပ်ကအနားရတယ်လို့ကိုမရှိပေ။အပေါ်
တက်အောက်ဆင်းနဲ့စစ်ဆင်ရေးပြီးစစ်ဆင်ရေးကာလ....
အရာရှိပေါက်စသူငယ်ချင်းနှစ်ယောက်လည်း ငယ်ငယ်ရွယ်ရွယ်တက်တက်ကြွကွ ဆိုတော့ သေမြေကြီး
ရှင်ရွှေထီး၊ရဲဘော်မသေ၊သေသော်ငရဲမလား စိတ်ဓါတ်တွေနဲ့ မိဘသံယောဇဉ်ကလွဲပြီးတော့ဘာသံယော
ဇဉ်မှမရှိ စစ်မြေပြင်ဒီတလင်းမှာ ပျော်ပျေည်ကြီးစစ်ခင်းနေတာပေါ့ဗျာ......
ဒီလိုနဲ့နှစ်အနည်းငယ်ကြာလာတော့ အေးဆေးနေတတ်တဲ့သူငယ်ချင်းတစ်ယောက် အိမ်ထောင်ကျပါလေ
ရောဗျာ..ကျပြီးလို့မှမကြာသေးဘူး စစ်ဆင်ရေးထွက်ရမယ်ဖြစ်လာတယ်။အိမ်ထောင်ကကျပြီးကာစ၊ချစ်ဇနီး
လေးနဲ့ဝအောင်မနေရသေးခင် စစ်ဆင်ရေးဆိုတော့ သူ့အနေနဲ့ နဂိုလိုတက်တက်ကြွကြွ မရှိတာတော့အမှန်
ဒီလိုနဲ့...စိတ်ညစ်စရာတွေရင်ဖွင့်ဖို့ စဉ်းစားလိုက်တော့ သူငယ်ချင်းအရင်းခေါက်ခေါက်ကို သွားသတိရတယ်
ကောက်ခါငင်ခါပဲ..လူပြိုအရာရှိရိပ်သာကို ထွက်ခဲ့ပါတော့တယ်.........
ARMY RUM ထုတ်ပေးတဲ့ရက်ဖြစ်လို့..ထုံးစံအတိုင်း ရိပ်သာမှာဝိုင်းကကောင်းနေပြီ...သူရောက်သွားတော့
အတော်လေး အရှိန်ရနေကြပြီ....

"ဟာ!!သူငယ်ချင်း..လာထိုင်..တစ်ခွက်တစ်ဖလား???"
"ဟူးးးးတော်ပါပြီကွာ"
"ဟ!!မင်းမျက်နှာကြီးက ဘာဖြစ်နေတာတုန်းဟ..မအီမသာနဲ့"
"မိန်းမကရခါစကွာ..စစ်ဆင်ရေးထွက်ရမယ်ဆိုလို့ညစ်နေတာ"
"ဒီတခေါက် ငါတစ်ခုခုဖြစ်ရင်ငါ့မိန်းမပူပူနွေးနွေး မုဆိုးမဖြစ်မှာကွ"
"စိတ်ထဲမှာလည်းတစ်မျိုးကြီးခံစားရလို့ပါ"
"ဟားဟားဟား ဘာများလည်းလို့ကွာ..ဒီအတွက် မပူနဲ့၊ငါ့မှာ အဆောင်ကောင်းကောင်းရှိတယ်"
"ယုံယုံကြည်ကြည်သာချ..မင်းဘာမှမဖြစ်စေရဘူး..အာမခံတယ်"
"ဟာ!!တကယ်လား??အားကိုးပါတယ်ဆရာရယ်..လုပ်ပါအုံး"
"အဲ့ဒါကြောင့်လားမသိဘူး တိုက်ပွဲမှာဆို မင်းဘီလူးစီးသလိုတွယ်နေတာ ဘာမှမဖြစ်ဘူးနော်"
"ဟဲဟဲ ဒါပေါ့ ဒါပေါ့"
ပြောပြောဆိုဆိုသူ့အခန်းဘက်သို့ဒယိမ်းဒယိုင်နဲ့ထသွားပြီး ပြန်လာတွှဲအခါ လက်ထဲမှာက
ကာဘိုင်ကျည်ဆံခွံလေးတစ်ခု၊ထိပ်ကကတ္တရာနှင့်ပိတ်လျက်....
"ရော့ သူငယ်ချင်း!ဒီထဲမှာဂါထာရေးထားတဲ့စာရွက်ပါတယ်"
"မင်းလုံးဝဖွင့်မကြည့်နဲ့..ကြိုးနဲ့ဖောက်ပြီး လည်ပင်းမှာဆွဲထား၊ယုံယုံကြည်ကြည်သာကိုင်..
ဘာမှမဖြစ်စေရဘူး အာမခံတယ်..ဟဲဟဲ"
"ကျေးဇူးပါသူငယ်ချင်းရာ..ကျေးဇူးပါ"ပြောရင်းတရိုတသေ၊လက်နှစ်ဘက်ဖြင့်ယူပြီးအိပ်ကပ်ထဲ
ထည့်ခဲ့ပါတော့တယ်.......
အဲ့ဒိလိုနဲ့ တိုက်ပွဲတွေအလီလီတိုက်၊အောင်ပွဲတွေရ..ဒီအဆောင်လေးအစွမ်းလို့ပိုမိုယုံကြည်ကာ
ပေးလိုက်တဲ့သူငယ်ချင်းကိုလည်းကျေးဇူးတွေတင်၊သူများကိုပြရပြောရတာလည်းအမော..ကံတရား
ကြောင့်လား၊အဆောင်ကြောင့်လားမသိသေမဲ့ဘေးနဲ့ပွတ်ခါသီကာလွဲခဲ့တာအခါခါ..ဒါကြောင့်လည်
အဆောင်ကိုပိုမိုယုံကြည်သက်ဝင်လာခဲ့ပါတယ်.......

အဲ.......တစ်နေ့
ရာထူးတွေဘာတွေတက်၊တပ်တွေလည်းပြောင်းခဲ့ရတော့ ဝေးခဲ့တဲ့သူငယ်ချင်းနဲ့တစ်နေရာမှာပြန်ဆုံပါလေ
ရောဗျာ...
"ဟာ...ဟေ့ကောင်ကြီးနေကောင်းလား?"
"ဟာ..သူငယ်ချင်းကောင်းပ..မင်းပေးတဲ့အဆောင်ကြောင့်နေကောင်းကျန်းမာလုပ်တိုင်းဖြစ်နေတယ်ကွ"
"ကောင်းကွာ"စပ်ဖြဲဖြဲနဲ့ဖြေတယ်..
"ဒါနဲ့နေပါအုံး သူများတွေလည်းပေးလို့ရအောင်မင်းပေးတဲ့ဂါထာကဘာတုန်းကွ?ငါလည်းမင်းကမကြည့်နဲ့
ဆိုလို့မကြည့်ခဲ့ဘူး၊ခုကြည့်လို့ရမလား?စွမ်းချက်ကတော့ကမ်းကုန်ပဲမောင်ရေ့"
"ဟီးဟီး ကြည့်လေ"ဧည့်ခံထာသောစားစရာများကို တနင့်တပိုးစားရင်းကဖြေတယ်..
ဒီလိုနဲ့လည်ပင်းက ဆွဲကြိုးလေးကို တရိုတသေနဲ့ဖြုတ်..ကတ္တရာလေးကိုဘောပင်ထိပ်နဲ့ထိုးခွာပြီး မှောက်ချ
လိုက်တော့ ဝါကျင့်ကျင့် မညီမညာ ဗလာစာရွက်စုတ်လိပ်လေး.....တရိုတသေနဲ့ဖြန့်လိုက်တော့ရေထားတဲ့ဂါထာက

""ချသာချ!!မင်းသေရင်မင်းမိန်းမငါယူမယ်""တဲ့...မအေနှမတွေ စုံသွားပါတောတယ်ဗျာ...
"မင်းကွာငါကအဟုတ်မှတ်လို့ဆိုတော့..တစ်ယောက်က ဟီးးငါလည်းမူနေတော့ထင်ရာရေးပေလိုက်တာတဲ့"
ကောင်းရော......

(အဖြစ်မှန်လေးပါ၊ခုတော့သူတို့လည်းတိုင်းပြည်မှာကြီးလေးတဲ့တာဝန်တွေထမ်းဆောင်နေကြပါပြီ၊
အိမ်မငိုက်အောင်ဟာသပြောတတ်တဲ့အဘကျောင်းအုပ်ကြီးသို့အမှတ်တရ....)
feeling special with JJ Lin Myat, Myo Nyein Hlaing, Aung Khine Phyo, Nyein Chan Aung, အသင် လူသား, ရင်ခုန်သံ ညီ မျှခြင်း, San Min Tun, အိမ်မက် နတ် သား and လမ်းမတော် ဖိုး တုတ်.