Thursday, December 5, 2013

Wannaphe Thaw ၏ စာစုများ (၁)

မိတ်ဆွေ တစ်ချို့(ရင်းနှီသူရော မရင်းနှီးသူရော) မကြေနပ် သူ တချို့ ကလည်း မေးကြတယ် ။ မင်းတို့ DSA ဆင်းတွေ ကို အတိုက်အခံကို မုန်းဖို့ နိုင်ငံရေးပါတီ တွေကိုမုန်းဖို့ ဒေါ်စု ကို ဆန့် ကျင် ဖို့ သင်တန်းမှာ သင်ပေးလိုက်သလား မင်းတို့ အားလုံးတစ်လေသံတည်း ထွက် နေတယ်လို့ ပြောကြပါတယ်။ DSA မှာ နိုင်ငံရေး အကြောင်းလည်းသူ့ဘာသာသူ အချိန်တောင် မလောက်လို့ မသင်နိုင်ပါ။ ဒေါ်စုကို ဆန့်ကျင်ရန်လည်းမသင်ပါ ဒေါ်စု အကြောင်းတောင် ပြောပြရန်အချိန်မရှိပါ။ စစ်ပညာစာပေ ပညာတွဲသင်ရလို့ ညအိပ် ချိန်တောင်သိပ်မရအောင် သင်ရပါတယ် သုံးနှစ်သမားတွေပို ပင်ပန်းပါတယ် ။ ကျွန်တော် တို့တုန်းကလေးနှစ်ဖြစ်လို့သင်ရိုး ကုန် ဘာသာရပ် အစုံ အထူးပြုမေဂျာ မရှိ ရောသင်ခဲ့ရလို့ ဘာသာရပ်တိုင်းကိုတီး မိခေါက်မိ ရှိပေမယ့် သုံးနှစ်သမားတွေက မေဂျာဘာသာ ထပ်ခွဲတော့ ပို အချိန်လု ရမယ်ထင်ပါတယ်။ အရာရှိဖြစ်ပြီးရင်တော့ တက်ရတဲ့သင်တန်းတွေ ပုံမှန်သင်တန်းတွေ မှာလည်း နိုင်ငံရေးကို သီးခြားမသင်ပေမယ့် နိုင်ငံ သမိုင်းကြောင်းတွေ သင်ရင်းတစွန်းတစပါ တတ်ပါတယ်။ ဒါပေမယ့် ကာယကံရှင်က အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်လို့ ကိုယ်ပိုင်စဉ်းစားခြင့်ချိန်နိုင်ရန် အချက် အလက်သာသင်ပါတယ် ။မုန်းတီးဆန့်ကျင် စေသောသုံးသပ်ချက်များမပါဝင်ပါ။ တချို့သော အဆင့်မြင့် သင်တန်းတွေမှာ အုပ်ချုပ်ရေးအမြင်ရှိစေရန် နှင့် ခေါင်း ဆောင်မှု ပညာရပ်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တယားအား နား လည်စေရန် ၀န်ကြီးဌာနအသီးသီးက (သမတရုံးအပါအ၀င်) ညွှန်ချုပ် (သို့ ) ရုံးအဖွဲ့ မှုးများက မိမိတို့ ၀န်ကြီးဌာနများ၏ ဖွဲစည်းပုံ လုပ်ငန်းတာဝန် လုပ်ပိုင်ခွင့် လုပ်ငန်း လည်ပတ်ပုံ ဌာန အချင်းချိတ်ဆက်ဆောင်ရွက်ပုံများကို စာရွက်စာတမ်း အ ထောက်အထားများ ဗီဒီယို ဆလိုက်များ လေ့လာရေးအစီအစဉ်များဖြင့်ပို့ ချသင် ကြား ပေးပြီး နိုင်ငံတော်အကြီးအကဲ ၀န်ကြီးဌာန အကြီးအကဲများ ဌာန အကြီးအကဲ များ၏ အမြင်မျိုး ၀င်ရောက်ခံစား တက်စေရန် လနှင့် ချီသင်ကြားပေးပါတယ်။ အထူးသဖြင့် နိင်ငံခြားပညာ တော်သင်သွား မည့်သူများကိုလည်းမိမိ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ တိုင်းပြည်အခြေအနေ များနိုင်ငံတကာတွင်ရှင်းလင်း ပြောကြား နိုင်ရန် နိုင်ငံတကာနှင့် မိမိတိုင်းပြည်အကြား ကွာဟမှုများလေ့လာနိုင်စေရန် သင်ကြားပေးပါတယ်။ တကယ်တော့ DSA တက်လာသူတိုင်း ၀င်လာတုန်းက တိုင်းပြည်ချစ်စိတ်နှင့် ၀င်လာသူမရှိပါဘူး ၁၆နှစ် ၁၇နှစ်သား အရွယ်တွေ မိဘ မောင်နှမ နှင့် ရည်းစား ကိုပဲ ချစ်တတ်မှာပါ။ တိုင်းပြည်ဆို တာဘယ်သိမှာလည်း ရည်ရွယ်ချက်ကလည်း မျိုးစုံပေါ့ ယူနီဖေါင်းကြိုက်လို့ ဘွဲ့ရ ရင်အလုပ်သေ ချာလို့ စော်ကြည် လို့ စသဖြင့်ပေါ့ ဒါပေမယ့် အထဲရောက်တဲ့အခါမှာ မတူတာတွေ အသာဖယ်ထား တူတာတွေစုလိုက် ပြီးညှိပေးလိုက်တော့ တသွေးတစ်သံတစ်မိန့် ဖြစ်ပြီး တိုင်းပြည်ကိုကာကွယ်ရ မှာငါ့ တာဝန်ဆိုတာကို ရိုက်ထည့်ပေးလိုက်တယ်။ တပ်ကထွက်သွားရင်ေ တာင် တာဝန် ရှိသေး တယ်လို့ ခံစားရအောင်လုပ်ပေးလိုက်တယ်။ ကျွန်တော်တို့ ကို ဗိုလ်လောင်း အသိ အမှတ်ပြုပြီး တပ်သားသစ်အဖြစ်ကတိ သစ္စာခံ ယူတဲ့နေ့ မှာ နိုင်ငံတော်အလံ ကို လက်နှင့်ထိရတယ် သစ္စာ ဆိုရတယ် ဒီအချိန်မှာ ကြက်သီးမွေးညှင်းလူတိုင်းထပြီ တကယ်ကို နိုင်ငံတော်ကပေးအပ်သော တာဝန်ကို အချိန်နေရာမရွေး လမ်ခရီးပုံစံမ ရွေး အသက်ကို စွန်ပြီး လုပ်ဆောင်ပါမယ် ဆိုတဲ့ ကတိ ကို တည်ချင်စိတ်တွေ ဖြစ်လာ ရတယ်။ဒီအချိန်ကစ တိုင်းပြည် ချစ်တယ် ဆိုတာဘာလည်း သိ သွားတာပါ။ DSAဆင်းမှမဟုတ်ပါဘူး စစ်သားမှန်ရင်ဒီစိတ် ၀င်သွားတာပဲ သစ္စာဖေါက် စစ်ပြေးတွေကိုတော့ တွက်ကပ်ပြီးလာမပြောပါနဲ့ စစ်တပ်ကို သစ္စာဖေါက် ကတည်း ကစစ်သားအဖြစ်ကိုဆုံးရှုံးသွားပါပြီ စစ်တပ်ထဲကထွက်တဲ့သူ ဆေးကျလို့ အထုတ်ခံ ရသူတွေ ထက်ကို စစ်ပြေးကနိုမ့်ပါတယ်။ စစ်တပ်မကောင်းလို့ပြေးပါတယ်ဆင်ခြေ ပေးလဲ ဆင်ခြေ အဖြစ်ကျန်ခဲ့မှာပါ သစ္စာဆိုထားပြီးမတည် သူမို့ပါ။ ဒီတော့စစ်သားတိုင်းဟာ တိုင်းပြည်ရန်သူမှန်ရင် ခြေမှုန်းရမယ်ပဲ မှတ်ပါတယ်။ သင်္ချာမှာ အစုသဘောတရား(Sets Theory) ရှိပါတယ် အမျိုးတူတွေကိုအစုအဖွဲ လုပ်ပြီးတွက်ချက်တာပါ။ အရည်အသွေး အရ ပမာဏ အရ တန်ဖိုး အရ အမျိုး အမျိုးခွဲ သတ်မှတ်ကြပါတယ်။လူ လို့ ပြောရင် ဒါဘုံ အစုပါ ဒီကမှ မိန်းမယောက်ျား ထပ်ခွဲတော့ အစုနှစ်ခုဖြစ်တယ် ပိန်သူဝသူထပ်ခွဲတော့ အစုတွေထပ်ကွဲပါတယ်။ တိုင်းပြည်ကိုနှောက်ယှက်ဖျက်စီး မယ့် သူဖြစ်နေရင် အစုသဘောတရား အရ အခြား သော ဘုံအစုတွေ မှာမိမိနှင့် အစုတူပါစေ ( လူမျိုးတူ ဘာသာတူ ဆွေမျိုးသားခြင်း) ဘယ်လိုဖြစ်နေနေ စစ်သားများ၏ စိတ်မှာ ဆန့်ကျင်ဖက် အဖြစ် (သို့ ) ရန်သူလို့ ထင်မှတ်ခံရမှာဖြစ်ပါတယ်။ တိုင်းပြည်ရန်သူလို့ သတ်မှတ်တာမှားယွင်း သတ်မှတ် နိုင်တာပေါ့ လို့ပြောစရာရှိပါတယ် မှားယွင်းဖို့ နည်းပါတယ်။ ဘာကြောင့်လည်းဆို တော့ တွေး ခေါ်မျှော်မြင်တတ်အောင် အတန်းပညာ အတွေ့ အကြုံတွေ သင် ပေးထား သလို အထက်မှာဖေါ်ပြခဲ့သော သာမန်ပုဂ္ဂိုလ် များ(ဦးစီးအရာရှိ အဆင့်) ပင်မသိနိုင်သော နိုင်ငံတော်အဆင့် အချက်အလက်အတွေး အခေါ်အယူအဆတွေ လေ့လာ သင်ယူ ခွင့်ရထားသည့်အတွက် လွဲလည်းနည်းနည်းပါ။ ရန်သူမိတ်ဆွေ ခွဲတတ် လို့ ဖြစ်နေ ရတာပါလို့ ပဲပြောပြချင်ပါတယ်။စစ်သားများ အငြိမ်စား များကို စည်းရုံးဖို့ တိုင်းပြည်ရန်သူ ဖြစ်နေသောအစု ထဲက ထွက်လိုက်ပါ စစ်သားများနှင့် အစုတူကာ ပေါင်းလို့ သင်းလို့ ရနိုင်ပါတယ်ခင်ဗျား။
https://www.facebook.com/wunnaphe.thaw

Thursday, October 31, 2013

ရုပ်ဆိုး၏ စာစုများ ၁

         DSA ကျောင်းတော်ကြီးမှာ ပထမှနှစ်ကို Servant of DSA လို့ခေါ်တယ် ။ DSA ရဲ့အစေအပါးတွေပေါ့ ။ ကိုယ်နေတဲ့ တပ်ခွဲလိုက် မှာ မြက်ပေါက် ၊ မြေတူး ၊ ပန်းစိုက် က စပြီး အိမ်သာဆေး ၊ ကြမ်းတိုက် အောက်ခြေသိမ်းအားလုံးလုပ်ရတယ် ။ ပူပူ ၊ အိုက်အိုက် တိုက်ပုံစတစ် ကြယ်သီးပြည့်တပ် ။ အမိုးအောက်က လွတ်တာနဲ့ လက်ရင်ဘက် ကပ်ပြီးပြေး ။ ရေချိုးရင် ၅ မိနစ် ၊ ထမင်းစားရင် ငါးမိနစ် နဲ့ အမြဲတမ်း အိပ်ယာထ ခရာမှုတ်တဲ့ အချိန်ကနေ မီးပိတ်ချိန်ခရာမှုတ်တဲ့ချိန်ထိ မနားရဘူး ။
နားနေရင်လည်း တွေ့ တဲ့ စီနီယာ က အလုပ်တစ်ခုခုပေးထားတတ်တယ် ။ ကိုယ်လာခဲ့တဲ့ အသိုင်းအဝိုင်း ကဘယ်လိုအဆင့် အတန်းကဖြစ်ပါစေ ..DSA ပထမနှစ်မှာခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်ကြရတယ် ။ အဲဒီခေတ် ကာလ က တိုင်းမှူးသားတွေ ၊ တပ်မမှူးသားတွေလည်း ကျုပ်တို့နဲ့ အတူ အိမ်သာဆေးရတယ် ။
ကြမ်းတိုက်ရတယ် ။ ဂျွမ်းထိုးခိုင်း ရင်လိုက်ထိုးရတယ် ။

           ဒုတိယ နှစ်ကိုတော့ Problems of DSA လို့ ခေါ်တယ် ။ DSA ရဲ့ ပြဿနာကောင်လေးတွေပေါ့ ။ အထက်မှာ နောက်ဆုံးနှစ်ရှိတယ် ၊ အောက်မှာ ပထမနှစ်ရှိတယ် ။ ကိုယ်ပိုင် သင်ခန်းစာတွေ ၊ ကိုယ်ပိုင်လေ့ကျင့်ရေးတွေအပြင် ကျောင်းမှ တိုက်ရိုက်ညွှန်ကြားသောကိစ္စ ၊ နောက်ဆုံးနှစ်သမားများ က ညွှန်ကြားသောကိစ္စ တွေကို ပထမ နှစ် တွေကို ဦးစီးပြီးအကောင်ထည်ဖော်ကြရတယ်။
အဲဒီအခါ ဗြူရိုကရေစီယန္တရားတွေမှာေ တွ့ ရတတ်တဲ့ အထက်က Pressure နဲ့ အောက် ပြန်လာတဲ့ resistance တွေ ကို ကြုံကြရတယ် ။ အဲဒီ ၂ ခုကြားမှာ Buffer အနေနဲ့stepအနေနဲ့အကောင်းဆုံး စွမ်းဆောင်နိုင်သူတွေဟာအထက်နဲ့ အောက်ကိုအဆင်ပြေစေတယ် ။ လုပ်ငန်းတာဝန်တွေကိုလည်း Time Scale နဲ့ အတူ ပြီးမြောက်အောင်မြင်စေတယ် ။ ဒါပေမဲ့ ဒုတိယ နှစ်သမား ဟာ အမြဲလိုလို အလုပ်များနေတတ်တယ် ။ အလုပ်များ ခြင်းနဲ့ အတူ အမှား များခြင်း လည်း တွဲပါတယ် ။ ပထမ နှစ်က ကိုယ့်ကိုယ်ကို ပဲ တာဝန်ခံရပေမဲ့ ဒုတိယနှစ်မှာတော့ ကိုယ့်အောက်က ဂျူနီယာကိုပါ တာဝန်ခံရတယ် ။ ကိုယ်တိုင်မှားယွင်းမှု အတွက်အပြစ်တွေရှိသလို ၊ ကိုယ့်လက်အောက်က ဂျူနီယာတွေ အမှားအတွက်လည်းအပြစ် ရှိ နေပြန်တယ် ။ ဒုတိယနှစ်တွေ ပြဿနာ မရှိတဲ့နေ့ ဆိုတာ ရွှေထက်ရှားတဲ့ နေ့ ပါပဲ ။

         နောက်ဆုံးနှစ် ကိုတော့ God of DSA လို့ ခေါ်တယ် ။ DSA ရဲ့ အရှင်သခင်တွေပေါ့ ။ ကိုယ့်ပိုင်သင်ရိုး ၊ ကိုယ်ပိုင် သင်ခန်းစာတွေ အပြင် ...ကျောင်းကကျင်းပတဲ့ တပ်ခွဲလိုက်ပြိုင်ပွဲတွေမှာ ကိုယ့်တပ်ခွဲ က လူတွေကို ဦးဆောင်ပြီး train လုပ်ပေးရတယ် ။ ဦးဆောင်မှု ပေးကြရတယ် ။ နောက်ဆုံးနှစ် တွေရဲ့ ဦးဆောင် မှုပေါ် မူတည်ပြီး တပ်ခွဲမှာရှိတဲ့ ဂျူနီယာတွေရဲ့ စိတ်နေစိတ်ထား ၊ ဘဝတန်းဖိုးပြောင်းလဲ မှု တွေဟာ တစိတ်တစ်ပိုင်း မှီတည်နေတယ် ။ သက်ဆိုင်ရာတပ်ရင်းရုံး ရဲ့ ညွှန်ကြားချက်တွေကို ကိုယ့်တပ်ခွဲကိုဦးစီးပြီးဘယ်လို အကောင်ထည်ဖော်မလဲဆိုတော့ authority တွေ ကို ပိုင်ဆိုင်ကြတယ် ။ အောက်ခြေသိမ်း ကိစ္စတွေ ကိုယ်တိုင် လုပ်စရာမလိုတော့ဘူး ။ သို့ပေမဲ့ တပ်ခွဲ တစ်ခွဲ မှာရှိတဲ့ ဒုတိယနှစ် ၊ ပထမနှစ် အားလုံး ကိုတာဝန်ခံရတယ် ။
ဂျူနီယာတွေရဲ့ မိသားစုအဆင်မပြေ လို့ သင်တန်းကာလမှာ သိမ်ငယ်နေတာကအစ
အားပေးနှစ်သိမ့်တာ ၊ ညီအစ်ကိုတွေစုပြီး ကူညီထောက်ပံ့ တာမျိုးတွေလုပ်ရတယ် ။
ကိုယ့် လက်အောက်မှာရှိတဲ့ ဂျူနီယာတွေ စာမေးပွဲကျတာ ၊ စည်းကမ်းဖောက်ဖျက်တာ ဟာ ကိုယ်တိုင်အပြစ်ပေးခံရခြင်း မဟုတ်သည့်တိုင်နောက်ဆုံးနှစ်သမားတွေအတွက်သိပ်ရှက်စရာကောင်းတဲ့ကိစ္စတွေဖြစ်ပါတယ် ။ DSA ရဲ့အရှင်သခင်တွေဖြစ်တဲ့ အတွက်တော်ရုံကိစ္စ ဆို အရာရှိတွေ က ထိန်းသိမ်းတာနည်းပါတယ် ။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြရတယ် ။ ကိုယ် စည်းကမ်းဖောက်ဖျက်လို့ ဂျူနီယာတွေရှေ့မှာ အပြစ်ပေးခံရ တာ ဟာ သိပ်ရှက်စရာကောင်းတဲ့ ကိစ္စပါ ။

           ဒါဟာ DSA ရဲ့ စီနီယာ ၊ ဂျူနီယာစစ်စတန်ဖြစ်ပါတယ် ။ တချို့ သောသူတွေ ဟာ ဒီစနစ် ကိုနားမလည်ပါဘူး ။ အမိန့် နဲ့ လိုက်နာ ဆိုတာကို လက်မခံနိုင်ပါဘူး ။
သူတို့ အမြင်မှာ စစ်သား ဆိုတာ ပရော်ဖက်ရှင်နယ် ဖြစ်တယ် ။ ကိုယ်ပိုင်သင်ရိုးတွေ ၊ လေ့ကျင့် မှုတွေ ကို နည်းပြတွေ နဲ့ စနစ်တကျ လေ့ကျင့် .. ကိုယ့်ဘက်ကလည်း ဒင်ဒင်မြည်အောင်လေ့ကျင့် ကိုယ်မှန်တယ်ထင်ရင် စီနီယာမို့ သည်းခံဖို့ မလိုသလို ၊ ဂျူနီယာမို့ အားနာဖို့လည်းမလို ဘူးဆိုတာမျိုးတွေ ပြောပါတယ် ။ သူတို့ ပြောတာ လည်း မှန်သင့်သလောက်မှန်ကန်ပါလိမ့်မယ် ။ ဒါပေမဲ့ စစ်သား ဟာ တခြား ပရော်ဖက်ရှင်နယ်တွေလို ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့ ဘူးဆိုတဲ့ ပရော်ဖက်ရှင်နယ်မဟုတ်ပါဘူး ။ မိမိတစ်ကိုယ်တည်း ရပ်တည်ရတဲ့ အလုပ်အကိုင်မဟုတ်ပါဘူး ။ team work နဲ့ သွားရပါတယ် ။ အစုအဖွဲ့ နဲ့ရပ်တည် လုပ်ကိုင်ရတဲ့ ပရော်ဖက်ရှင်နယ်ဖြစ်ပါတယ် ။

          ဒါတွေပြောလို့ DSA မှာရော ၊ DSA ကကျောင်းဆင်းပြီး မှာရော အုပ်ချုပ်ရေး အမှားအယွင်းတွေ ၊ အထက်အောက်ဆက်ဆံရေးမှားယွင်းမှုတွေ ၊ ကိုယ်ကျင့်သိက္ခာအမှားယွင်းတွေ မရှိဘူးလားဆို တော့ ရှိပါတယ် ။ ဘာလို့လဲဆိုတော့ စက်ရုံထုတ်ကုန်မဟုတ်တဲ့ လူသားတွေ မို့ပါပဲ ။
"ကြီးမြတ်သောပုဂ္ဂိုလ်ဆိုတာသူရဲ့ကလေးလေးဘဝက နှလုံးသားကိုမဆုံးရှုံးသေးတဲ့သူဖြစ်တယ်" ဆိုတဲ့ တရုတ်တွေးခေါ် ပညာရှင် Mencius ရဲ့စကားလိုပါပဲ ...
ဘရိန်းဝှက်ရှ်လုပ်ခံရတယ် ၊ ရိုက်သွင်းခံရတယ် ဘယ်လိုပဲ ပြောကြပါစေ .... ကျောင်းတော်က နှလုံးသား တွေ မဆုံးရှုံးသမျှ ... မှန်ကန်သောစစ်သား ၊ အောင်မြင်သော စစ်ခေါင်းဆောင်တွေ မလွဲမသေ ဖြစ်နေကြဦးမှာပါ ။

(ရုပ်ဆိုး၏ Facebook စာစု)

Saturday, June 15, 2013

Monday, February 25, 2013

အပတ်စဉ်ကိုယ်စားပြုအလံတော် သို့မဟုတ် Intake Flag

စစ်တက္ကသိုလ်မှာ Intake Flag တပ်တဲ့ ဓလေ့ထုံးစံ ဘယ်တုန်းက စခဲ့တယ် မသိပေမယ့် ကျွန်တော်တို့ ပထမနှစ်မှာ အဲသည်ဓလေ့ ရှိနေပြီး နောက်ပိုင်းမှာလည်း ဆက်လက် ထိန်းသိမ်းထားကြသလားဆိုတာတော့ မသေချာပါဘူး။ Intake Flagဆိုတာ ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းတပ်ခွဲက ကိုင်ဆောင်ရတဲ့ အလံဖြစ်ပြီး ပုံစံတော့ အနီရောင်အောက်ခံ ဘယ်ဘက်အပေါ်ထောင့်မှာ စစ်တက္ကသိုလ် အလံ နဲ့ ညာဘက် အောက်ထောင့်မှာတော့ ကျောင်းဆင်းအပတ်စဉ်နံပါတ်ကို မြန်မာလို ရေးထားပါတယ်။ အဲသည် အလံတော် ပုံစံတူ ငါးလက်မ သုံးလက်မလောက် ရှိတဲ့ ဖိုင်ဘာပလတ်စတစ် ပြားလေးကို ရင်ထိုးသဖွယ် ဝတ်ဆင်ကြတဲ့ ဓလေ့ကို ပြောခြင်းဖြစ်ပါတယ်။ အဲသည်အလံကို လူနည်းတဲ့ အပတ်စဉ်တွေတုန်းက တစ်ပတ်စဉ်လုံးမှာ တစ်ခုတည်း ထားပြီး အလှည့်ကျ ဝတ်ဆင်ကြပေမယ့် ဗိုလ်ကောင်းတို့ အပတ်စဉ်မှာတော့ တပ်ရင်း နှစ်ခုမှာ အလံတော် နှစ်ခုထားပြီး တစ်ပြိုင်တည်း နှစ်ခု ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းအပတ်စဉ်က ဗိုလ်လောင်းတွေ အလှည့်ကျ ဝတ်ဆင်ကြတာဖြစ်လို့ ဘယ်လိုစနစ်နဲ့ အလှည့်ကို သတ်မှတ်သလဲ ပြောပြပါ့မယ်။
         ဗိုလ်ကောင်းတို့ အပတ်စဉ်က ဗိုလ်လောင်း လေးရာကျော်ရှိတာမို့ တပ်ရင်းနှစ်ခု ခွဲလိုက်တဲ့အခါ တပ်ရင်းတစ်ရင်း လူနှစ်ရာကျော်ပါတယ်။ အဲသည် လူနှစ်ရာမှာ တပ်ရင်းအလိုက် ဗျူဟာနံပါတ်လို့ခေါ်တဲ့ နာမည်ကို  မြန်မာအက္ခရာစဉ်အတိုင်း နံပါတ်တပ်ထားတာ ရှိပါတယ်။ တပ်ရင်းတစ်ရင်းစီမှာ ဗျူဟာနံပါတ် တစ်ကနေ နှစ်ရာကျော် ရှိသလောက်ထိ နံပါတ်တွေ ကိုယ်စီ ရှိကြပါတယ်။ ကျောင်းဆင်းပွဲလုပ်ဖို့ ရက်ကို ခန့်မှန်းလို့ ရပြီဆိုတာနဲ့ Intake Flag ကို စတင် ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းဖို့ ရက်ငါးဆယ် လိုတဲ့နေ့မှာ ဗျူဟာနံပါတ် ၅၀ တပ်ထားတဲ့ ဗိုလ်လောင်းက Intake Flag ကို ဝတ်ဆင်ခွင့်ရပါတယ်။ နောက်နေ့မှာ ကျောင်းဆင်းဖို့ ၄၉ ရက်လိုတဲ့ နေ့မို့ ဗျူဟာနံပါတ် ၄၉ တပ်ထားတဲ့ ဗိုလ်လောင်းကို လွှဲပေးရပါတယ်။ အဲသည်လို လွှဲတာက ရော့အင့် မင်းတပ်တော့ ဆိုပြီး လွှဲပေးတာမျိုး မဟုတ်ဘဲနဲ့ စစ်ရေးပြနဲ့ စနစ်တကျ လွှဲပေးရတာပါ။
         ရုံးဖွင့်ရက်မနက် တန်းပေါင်းစီ ရှိတဲ့ နေ့တွေမှာ မနက်ပိုင်း စစ်ရေးပြ အစီအစဉ်တွေ အပြီးမှာ လုပ်လေ့ရှိပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ တပ်ပြင်ထွက်ဖို့ တန်းစီရင်း လုပ်လေ့ရှိပါတယ်။ ကျောင်းတွင်းမှာ မရှိဘဲ တပ်ပြင်လေ့ကျင့်ခန်း ရှိရင်လည်း လေ့ကျင့်ခန်းလုပ်တဲ့ တောတွင်းတစ်နေရာမှာပဲ ဖြစ်ဖြစ် စစ်ရေးပြနဲ့ အလံကို လွှဲလေ့ရှိပါတယ်။ တပ်ပြင်လေ့ကျင့်ခန်းမှာ တပ်တဲ့ အလံက ဒီဇိုင်းတစ်မျိုးပါ။
  Intake Flag ဝတ်ဆင်ခွင့်ရတဲ့နေ့မှာ ဝတ်ဆင်ထားတဲ့ ဗိုလ်လောင်းဟာ ဗိုလ်လောင်းတွေ အားလုံးရဲ့ အထွတ်အထိပ် အလေးအမြတ်ပြုတာ ခံရပါတယ်။ ဗိုလ်လောင်းအချင်းချင်း ရာထူးခန့်အပ် အုပ်ချုပ်စနစ်ရှိတဲ့ စစ်တက္ကသိုလ်မှာ Intake Flag တပ်ထားတဲ့သူဟာ အားလုံးထက် မြင့်မားတဲ့ အလေးဂရုပြုမှုကို ရပါတယ်။ ဗိုလ်လောင်းတပ်ရင်းမှူး၊ ဗိုလ်လောင်း တပ်ရင်းတာဝန်မှူး၊ ဗိုလ်လောင်းတပ်ခွဲမှူး စတဲ့ ခန့်အပ်တာဝန်ပေးခံထားရတဲ့ အရာရှိဗိုလ်လောင်းတွေ အားလုံးထက် Intake Flag တပ်ထားတဲ့ ဗိုလ်လောင်းက ပိုအဆင့်မြင့်ပါတယ်။ စားရိပ်သာထဲမှာပဲ ဖြစ်ဖြစ်၊ မြို့ထဲက စားသောက်ဆိုင်ထဲမှာပဲ ဖြစ်ဖြစ် Intake Flag ဝင်လာရင် အားလုံးက သတ်မှတ်ထားတဲ့ စည်းကမ်းများအတိုင်း အလေးအမြတ် ပြုကြရပါတယ်။
        Intake Flag ဝတ်ဆင်ခွင့်ရတဲ့ ဗိုလ်လောင်းဟာ အဲသည်နေ့မှာ သူငယ်ချင်းတွေနဲ့ ညီငယ်တွေကို တတ်နိုင်သလောက် ကျွေးမွေးတဲ့အလေ့ ရှိပါတယ်။ ဗိုလ်လောင်းတွေ ငွေကုန်ကြေးကျ များမှာစိုးလို့ မကျွေးရလို့ စည်းကမ်းထုတ်ဖူးတာတွေလည်း ရှိပါတယ်။
         ဗိုလ်ကောင်းတို့ အပတ်စဉ်က ၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်မှာ ကျောင်းဆင်းပွဲ လုပ်တာမို့ ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ဗျူဟာနံပါတ် ၄၃ ဗိုလ်လောင်းက Intake Flag ဝတ်ဆင်ရပါတယ်။ အဲဒါကို အစွဲပြုပြီး Intake Flag ၄၃ တပ်တဲ့၊ ကျောင်းဆင်းဖို့ ၄၃ ရက်အလို ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကို စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ရဲ့ ကျောင်းဆင်းအထိမ်းအမှတ်နေ့ Intake Day အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကုသိုလ်ကောင်းမှုများပြုကြပါတယ်။ သေဆုံး ကျဆုံးတဲ့ သူငယ်ချင်းများကို အမျှအတန်းများ  ပေးဝေကြပါတယ်။ သူငယ်ချင်းတွေ စုနိုင်သလောက် စုစည်းတွေ့ဆုံကြပြီး အပတ်စဉ်ရဲ့ စည်းလုံးညီညွတ်ရေး အချင်းချင်း ကူညီရိုင်းပင်း နိုင်ရေးအတွက် နှစ်စဉ် စုစည်းတိုင်ပင် ဆွေးနွေးကြပါတယ်။
         အရင်အပတ်စဉ်တွေက နောင်တော်တွေ သူတို့ရဲ့ Intake Flag တွေကို ဘယ်လို စီမံခဲ့ကြတယ် မသိပေမယ့် ဗိုလ်ကောင်းတို့ အပတ်စဉ် ၄၃ အလံတော်ကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာ ထည့်သွင်းပူဇော်ထားပါတယ်။ နောင်နှစ်တွေမှာ ကျောင်းဆင်းလာတဲ့ ညီငယ်တွေလည်း သူတို့ Intake Flag ကို ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာပဲ ပူဇော်ထားတာကို တွေ့ရပါတယ်။


ntake Flag (သို့မဟုတ်) စစ်တက္ကသိုလ်၏ အစဉ်လာကောင်းတစ်ခု
---------------------------------------------------------------------
Intake Flag ဆိုတာကတော့ စစ်တက္ကသိုလ်ရဲ့ဗိုလ်လောင်းအမှတ်စဉ် တစ်ခုကို ကိုယ်စားပြုသော အလံငယ်လေးတစ်ခုပါပဲ။ တပ်မတော်သားတိုင်းဟာ မိမိနိုင်ငံရဲ့ အလံကို လေးစားချစ်ကြတယ်ဆိုတာ မလွဲသော အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ...ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ဗိုလ်လောင်းတိုင်းဟာလည်း မိမိတို့တက်ရောက်ခဲ့တဲ့ တက္ကသိုလ် မိမိတို့ တက်ရောက်ခဲ့တဲ့ အမှတ်စဉ်ကို တန်ဖိုးထား လေးစားချစ်မြတ်နိုးကြပါတယ်။
ကျွန်တော်အခု တင်ပြရေးသားချင်တာကတော့ စစ်တက္ကသိုလ်မှာရှိတဲ့ Intake Flag တပ်ဆင်ခြင်းဆိုတဲ့ အစဉ်လာကောင်းတစ်ခုပါပဲ။ Intake Flag ကို ဘယ်လိုဗိုလ်လောင်းတွေ တပ်ဆင်ခွင့်ရသလဲဆိုရင်တော့ ကျောင်းဆင်းမည့် အပါတ်စဉ်ဖြစ်တဲ့ နောက်ဆုံးနှစ်ဗိုလ်လောင်းတွေသာ တပ်ဆင်ခွင့်ရရှိတာဖြစ်ပါတယ်။ ယခင်ကတော့ ဗိုလ်လောင်းအင်အားနည်းပါးတဲ့အတွက် Intake Flag ကို နောက်ဆုံးနှစ်တစ်ပါတ်စဉ်လုံး အလှည့်ကျတပ်ဆင်ရပါတယ်။ နောက်ပိုင်း ဗိုလ်လောင်းအင်အားများတဲ့အချိန်မှာ
ကျောင်းဆင်းရန် ရက် (၁၀၀) အလိုရောက်မှ ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းပွဲနေ့ထိ အလှည့်ကျတပ်ဆင်ရတာဖြစ်ပါတယ်။
နောက်ဆုံးနှစ် ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းမယ့်နေ့အထိ တစ်ရက်ကို တစ်ယောက် အလှည့်ကျတာဝန်ယူကာ Intake Flag ကို ရင်ဘတ်မှာ တပ်ဆင်ရတာဖြစ်ပါတယ်။
Intak Flag တပ်ဆင်မယ့် ဗိုလ်လောင်းအယောက် (၁၀၀) ကိုရွေးချယ်တဲ့နေရာမှာ သင်တန်းအရည်အချင်း Position များအလိုက် ရွေးချယ်တာမဟုတ်ပါဘူး။ ဗိုလ်လောင်း Cadet No အလိုက် အားလုံးကို ခြုံငုံ၍ တပ်ဆင်စေတာဖြစ်ပါတယ်။ အယောက် (၁၀၀ )ဖြစ်တဲ့အတွက်
ဗိုလ်လောင်းနံပါတ် ရှေ့ဆုံး အယောက် (၅၀) နှင့် နောက်ဆုံးအ ယောက် (၅၀) ကို ရွေးချယ်တပ်ဆင်စေတာ များပါတယ်။
စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု အတတ်ပညာတွေကို လေ့ကျင့်သင်ကြားပေးတဲ့နေရာမှာ စာတွေ့ထက် လက်တွေ့ကို ပိုမိုသင်ကြားစေပါတယ်။
ဗိုလ်လောင်းအချင်းချင်း ခေါင်းဆောင်းမှုကောင်းမွန်စွာ အုပ်ချုပ်တတ်စေဘို့ Senior-Junior System စနစ်ကို ထားရှိပြီး ဗိုလ်လောင်းတာဝန်ကျတွေ ခန့်အပ် အုပ်ချုပ်စေပါတယ်။ ဗိုလ်လောင်းတာဝန်ကျတွေကတော့ သင်တန်းမှာ အဆင့်ကောင်းမွန်တဲ့ သူတွေသာဖြစ်ပါတယ်။
ဗိုလ်လောင်းတပ်စုတစ်စုမှ Position အကောင်းဆုံး နောက်ဆုံးနှစ်ဗိုလ်လောင်းဟာ တပ်စုမှုးဆိုတဲ့ အပွိုင့်မန့်တာဝန်ထမ်းဆောင်ရပါတယ်။ တပ်ခွဲမှာ အဆင့်အကောင်းဆုံးက တပ်ခွဲမှုးဖြစ်ပါတယ်။
ဗိုလ်လောင်းတပ်ရင်းတစ်ရင်းလုံးမှာ အဆင့်အကောင်းဆုံး Final year ဗိုလ်လောင်းကတော့
ဗိုလ်လောင်း တပ်ရင်းမှုးတာဝန်ထမ်းဆောင်ရပါတယ်။ သို့ပေမယ့် ဗိုလ်လောင်းအာားလုံးဟာ ဗိုလ်လောင်းအချင်းချင်းကိုတော့ အလေးမပြုရပါဘူး။
Intake Flag တပ်ဆင်ထားတဲ့ ဗိုလ်လောင်းသည် Random ဖြစ်တဲ့အတွက် ထိုဗိုလ်လောင်းအယောက် (၁၀၀) ထဲမှာ တာဝန်ကျဗိုလ်လောင်း အပွိုင့်မန့်များ ပါဝင်သလို
သာမာန် ဗိုလ်လောင်းများလဲပါဝင်ပါတယ်။ သို့ပေမယ့် မည်သည့်ဗိုလ်လောင်းကပဲ Intake Flag တပ်ဆင်ထားသည်ဖြစ်ပါစေ စစ်တက္ကသိုလ်တစ်ခုလုံးမှာ ရှိတဲ့ ဗိုလ်လောင်းအားလုံးဟာ
Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုရပါတယ်။ သူတို့အလေးပြုတာဟာ ထိုဗိုလ်လောင်းကို မဟုတ်ဘဲ သူ့ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ အလံကို အလေးပြုကြခြင်းသာဖြစ်ပါတယ်။
Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို စစ်တက္ကသိုလ်တစ်ဝှမ်းလုံးမှာ အဆင့်အမြင့်ဆုံးဗိုလ်လောင်းအဖြစ် ဗိုလ်လောင်းအားလုံးက သတ်မှတ်ထားတာဖြစ်ပါတယ်။
နံနက် တန်းပေါင်းစီချိန်မှာ သာမာန်အားဖြင့် ဗိုလ်လောင်းတပ်ရေးက ဗိုလ်လောင်းတပ်ရင်းမှုးကို တန်းအပ်၍ နိုင်ငံတော်အလံကို အလေးပြုကာ သစ္စာဆိုကြရပါတယ်။ ဒါပေမယ့် Intake Flag တပ်ဆင်ချိန်ရောက်လာရင်တော့ ဗိုလ်လောင်းတပ်ရင်းမှုးကပါ Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုတန်းအပ်ပြီးမှ Intake Flag တပ်ဆင်သူဗိုလ်လောင်း၏ အမိန့်ဖြင့်
ဆက်လက်လုပ်ဆောင်ရတာဖြစ်ပါတယ်။
သို့ပေမယ့် Intake Flag ဗိုလ်လောင်းဟာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ၀င်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။ သက်ဆိုင်ရာ အုပ်ချုပ်မှုကိစ္စတွေကို ဗိုလ်လောင်း တာဝန်ကျများကသာ လုပ်ဆောင်ပါတယ်။ Intake Flag တပ်ဆင်သူ ဗိုလ်လောင်းအား Respect သဘောဖြင့်သာ ဆက်ဆံကြတာဖြစ်ပါတယ်။ Intake Flag တပ်ဆင်သူဗိုလ်လောင်းဟာ သာမာန် Plane Cadet ဖြစ်နေခဲ့လျှင်တောင် ဗိုလ်လောင်းတပ်ရင်း တစ်ရင်းလုံးအား ခရာမှု၍ တန်းစီလျှင် အားလုံးက လေးစားမှုဖြင့် တန်းစီကြရပါတယ်။
ဗိုလ်လောင်းတွေဟာ စာပေပညာသင်ဘို့အတွက် သက်ဆိုင်ရာ ဗိုလ်လောင်းတပ်ရင်းများမှတဆင့်
စာပေဌာနသို့ စစ်ကြောင်းပုံဖြင့် စစ်တီးဝိုင်းဖြင့် ချီတက်ကြပါတယ်။ ထိုသို့ချီတက်ရာမှာ ထိပ်ဆုံးက နိုင်ငံတော်အလံကိုင် ဗိုလ်လောင်းက ချီတက်ပြီး နောက်ကနေ ဗိုလ်လောင်းတပ်ရင်းမှုးက ချီတက်ပါတယ်။ အဲဒီနောက်ကမှ တပ်ခွဲများက အစဉ်လိုက်ချီတက်ကြတာပါ။ Intake Flag တပ်ဆင်ချိန်မှာတော့ Intake Flag ဗိုလ်လောင်းဟာ အားလုံးရဲ့ ထိပ်ဆုံးကနေချီတက်ရတာဖြစ်ပါတယ်။
ဗိုလ်လောင်းများ စာပေပညာသင်ကြားရာနေရာသို့လည်းကောင်း၊ အိပ်ဆောင်များသို့လည်းကောင်း၊ စားရိပ်သာများသို့လည်းကောင်း Intake Flag ဗိုလ်လောင်းဝင်ရောက်လာရင် အားလုံး ရှေ့ကြည့်အနေထားနှင့် နေပြီး လေးစားမှုကိုပြသကြပါတယ်။
Intake Flag လဲလှယ်သည့်အချိန်ကတော့ နံနက် တန်းပေါင်းစီချိန်ဖြစ်ပါတယ်။ လဲလှယ်မည့်ဗိုလ်လောင်းနှစ်ဦးဟာ အလံလဲရန်ထွက်ဟု ဆိုသည်နှင့် စစ်တီးဝိုင်းမှ တီးမှုတ်သော စစ်သီချင်းသံဖြင့် တပ်ရင်းအရှေ့ကိုထွက်ကာ ဗိုလ်လောင်းတပ်ရင်းမှုး၏ ရှေ့မှောက်တွင် လဲလှယ်ရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်လောင်းတပ်ရင်းမှုးက ထိုဗိုလ်လောင်းနှစ်ယောက်အား အလေးပြု၍ Intake Flag ကိုလဲလှယ်စေပါတယ်။
Intake Flag တပ်ဆင်ရန် အလှည့်ကျတဲ့ ဗိုလ်လောင်းကတော့ ထိုနေ့မှာ
သူရဲ့ရှိစုမဲ့လစာနဲ့ တပ်ရင်းတစ်ရင်းလုံးကို မုန့်ကျွေးပါတယ်။ အားလုံးကလဲ ညနေ တန်းပေါင်းစီ တန်းဖြုတ်ရင် သူနေတဲ့ အခန်းကိုသွားပြီး ဂုဏ်ယူနှုတ်ဆက်စကားပြောကြားကြပြီး ပျော်ပျော်ပါးပါး မုန့်စားကြပါတယ်။ ထိုနေ့မှာတော့ Intake Flag တပ်ဆင်သူကိုသာမကဘဲ သူ့ရဲ့ ဂျူနီယာ ဂါဒီယံ ဗိုလ်လောင်းတွေကိုပါ အားလုံးက လေးစားမှုပြုကြတာဟာ အစဉ်လာကောင်းတစ်ခုပါ။
Intake Flag တပ်ဆင်သူတွေထဲမှာမှ ဗိုလ်လောင်းတစ်ယောက်ကို လေးစားဂုဏ်ယူကြပါသေးတယ်။ သူကတော့ အပါတ်စဉ်အတွက် ကံထူးသူဟုဆိုနိုင်ပါတယ်။
ဥပမာ အပါတ်စဉ် ၄၆ ဆိုပါဆို့။ ၄င်းတို့အပါတ်စဉ် ကျောင်းဆင်းရန် ၄၆ ရက်အလိုတွင် Intake Flag တပ်ဆင်ရသူကို တစ်ပါတ်စဉ်လုံးက ၀မ်းသာဂုဏ်ယူစွာဖြင့် လေးစားစွာဆက်ဆံကြတာပါပဲ။
ဒါဟာ အပတ်စဉ်တိုင်းမှာရှိပါတယ်။
ကျောင်းဆင်းပြီးရင်တော့ အပါတ်စဉ်တိုင်းဟာ သူတို့ အပါတ်စဉ် တပ်ဆင်ခဲ့သော Intake Flag ကို ဘုရားမှာဌာပနာကြပါတယ်။ ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်ဘုရားတွင် စစ်တက္ကသိုလ်၏ Intake Flag အားလုံးကို အပါတ်စဉ်လိုက် ဌာပနာထားပါတယ်။
ကျွန်တော့်အနေဖြင့် Intake Flag အကြောင်းကို ယခုလိုဖော်ပြပေးခြင်းဟာ စစ်တက္ကသိုလ်ရဲ့အစဉ်လာကောင်းတွေအားလုံးထဲမှ တစ်ခုကို ဖော်ထုတ်တင်ပြခြင်းဖြစ်ပါတယ်။
ဗိုလ်လောင်းအစစ်အမှန်တို့ရဲ့ ဘ၀အလေ့အထနဲ့ နိုင်ငံတကာ အသိမှတ်ပြုထားသော
စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများအနေဖြင့် မည်ကဲ့သို့လေ့ကျင့်သင်ကြားခဲ့ရသလဲ ဆိုတာကို
သိစေလိုသော ဆန္ဒဖြင့် ရေးသားတင်ပြအပ်ပါတယ်။
ထူးဝေ
(https://www.facebook.com/photo.php?fbid=1003574739669422&set=a.177535202273384.48653.100000507163415&type=1&fref=nf)

Intake Day Ceremony (Yangon)






Intake Day Ceremony ( Naypyidaw)











Thursday, February 21, 2013

Happy Birthday

https://www.facebook.com/zarni.mgmg.92

၂၂-၂-၂၀၁၃

          ၂၂-၂-၂၀၁၃ နေ့ဟာ ကျွန်တော်တို့ အမှတ်စဉ် ၄၃ ဗိုလ်လောင်းသင်တန်း ရဲ့ အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အခြား အပတ်စဉ်များက သူတို့ အပတ်စဉ်နေ့အဖြစ် ကျောင်းဆင်း ပြန်တမ်းဝင် ခန့်အပ်ခံရတဲ့နေ့ကို သတ်မှတ်ကြပေမယ့် ကျွန်တော်တို့ကတော့ ကျောင်းဆင်းဖို့ ၄၃ ရက်အလို၊ ကျောင်းသားဗျူဟာနံပတ် ၄၃ အပတ်စဉ်အလံတော် ဆင်ယင်တဲ့နေ့ကို အပတ်စဉ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာက ကျွန်တော်တို့ အပတ်စဉ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ကျောင်းဆင်း ပြန်တမ်းဝင်အဖြစ် ခန့်အပ်ခံရပြီးနောက် အပတ်စဉ် အထိမ်းအမှတ် အလံတော်ကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင်ဘုရား ဌာပနာတိုက်မှာ သွားရောက် လှူဒါန်းခဲ့တာကလည်း ကျွန်တော်တို့ အပတ်စဉ်က စတင်ပြုလုပ်ခဲ့တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။
    ကျောင်းဆင်းပြီး ပထမဆုံးကျရောက်တဲ့ အပတ်စဉ် အထိမ်းအမှတ်နေ့ကို ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားမှာ ကျင်းပခဲ့ပါတယ်။ ကျင်းပတယ် ဆိုတာထက် ဘုရားမှာ ညနေပိုင်းစုဝေးကြပြီး ကုသိုလ်ကောင်းမှု ပြုကြတာပဲ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ကျွန်တော်တို့ဟာ ဒုတိယဗိုလ်အဆင့်သာ ရှိပါသေးတယ်။ ၄၆၄ ယောက် ကျောင်းဆင်းတဲ့ အထိမ်းအမှတ်နဲ့ ဘုရားကို ဖယောင်းတိုင် ၄၆၄ တိုင် ထွန်းညှိပူဇော်ပြီး အလှူငွေများ လှူဒါန်းခဲ့ပါတယ်။ အဲသည်တိုတောင်းတဲ့ အချိန်အတွင်းမှာတောင်မှ ကျောင်းဆင်းခဲ့တဲ့ အရေအတွက် မပြည့်တော့ပါဘူး။ တစ်ယောက်လျော့နေပါပြီ။
    ဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်း ဖေဖေါ်ဝါရီလ ၂၂ နေ့ ရောက်လုပြီ ဆိုတာနဲ့ ကုသိုလ်ကောင်းမှု ပြုဖို့ ပြင်ကြဆင်ကြ၊ အဲသည်နေ့ဟာ ရုံးဖွင့်ရက်ဖြစ်နေတယ်ဆိုရင် အနီးဆုံး အားလပ်ရက် တစ်ရက်ရက်မှာ ကျင်းပဖို့ အစီအစဉ် ဆွဲကြနဲ့။ ဖေဖော်ဝါရီလ ၂၂ ဟာဆိုရင် ကျွန်တော်တို့တွေရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ကျူးရာ ကုသိုလ်ပြုရာ ဆုံဆည်းကြရာ နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။
    ကျောင်းဆင်းကတည်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ပေါင်း ၁၁ ခါ ကျော်ဖြတ်ခဲ့ပြီးပါပြီ။ လောကဓမ္မတာအရ ကျောင်းအတူဆင်းခဲ့ကြတဲ့ ညီအစ်ကိုတစ်တွေဟာ တစ်နှစ်ပြီး တစ်နှစ် လျော့လျော့လို့သာ လာတာနဲ့အမျှ ညီအစ်ကိုတွေရဲ့ သံယောဇဉ် နဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း တိုးတိုးလို့သာ လာပါတော့တယ်။ ဒီလိုနဲ့ ၄၃ ညီအစ်ကိုတွေဟာ ကုသိုလ် အတူပြုကြ၊ အတူဆုံဆည်း စားသောက်ကြ၊ ဘောလုံးအတူကန်ကြ၊ အားနည်းတဲ့သူကို အားကြီးတဲ့သူက ကူညီထောက်မကြနဲ့ ချီတက်နေရင်း နိုင်ငံတော်နဲ့ တပ်မတော်က အားထားရတဲ့ မိဘပြည်သူတွေကို အလုပ်အကျွေးပြုနိုင်စွမ်းရှိတဲ့ သားကောင်းရတနာတွေ ဖြစ်အောင် အစဉ်ကြိုးစားလျက် ရှိနေကြပါတယ်။

ဒီဘလော့ထဲမှာပဲ ဖော်ပြပြီးသား ကဗျာလေးတစ်ပုဒ်ကို အကြောင်းတိုက်ဆိုင်လို့ ထပ်မံ ဖော်ပြလိုက်ပါတယ်။

တက်လှမ်းချင်း ရသများ
 
ဟိုနေရာဆီ ငါတို့သည်လျှင်
ကိုယ်စီရောက်လာ ဟိုတစ်ခါတည့်
များစွာသောင်းသဲ အားမာန်ခဲ၍
ဆင်နွှဲချီတက် ရှေ့ဆီဆက်ဖို့
အားတက်ဖွယ်ပ မေ့မရ။
ခရီးအစ အတိတ်က။

နောက်များမကြာ သည်နေရာ၌
တစ်ခါပြန်ဆုံ တွေ့ကြတုံသော်
စုံလင်ပြည့်ဝ မတွေ့ရတော့
ဘဝတက်လမ်း တစ်ဆင့်လှမ်းရင်း
သင်ခန်းစာတွေ ရလိုက်ကြ။
ဩော် . . . ဩော် သူတို့ ကျန်ခဲ့ကြ။
လောကဓမ္မ သဘာဝ။

ယခုရောက်လာ ဤနေရာဝယ်
တစ်ခါထပ်မံ ဆုံကြပြန်လည်း
ကျန်ရစ်သူမှာ များလှစွာမို့
တွေ့သာတွေ့ကြ နည်းလွန်းစွတည့်
ဘဝရှေ့ဆက် တစ်ဆင့်တက်ရင်း
ရင့်ကျက်မှုတွေ ရပြန်ကြ။
သူတို့ထပ်မံ ကျန်ခဲ့ကြ။

ဩော် . . .
ခရီးအစ တူထွက်ကြလည်း
လောကလမ်းမှာ မင်း သူ ငါတို့
တစ်ခါပြန်ဆုံ မပြည့်စုံနှင့်
နှစ်ခါပြန်ဆုံ နည်းခဲ့တုံနှင့်
သို့ဆုံကြစဉ် ရှေးယခင်ကို
မြင်ယောင်တွေးတော ရင်ခုန်မောရင်း
နောင်သောအခါ နောင်နေရာ၌
ငါပင်ငါမှ ပါနိုင်စ . . . ဟု
ရခဲ့သံဝေ တွေးမိချေသည်
မြင့်လေခက်လေ လောကလမ်း။
ကိုယ်စီဖြတ်သန်း တို့လျှောက်လှမ်း။ ။
" စစ်တက္ကသိုလ်ကျောင်းဆင်း နောင်ညီများသို့ . . . "
မောင်စိမ်းနောင် (လယ်ဝေး)
ဒုတိယဗိုလ်မှူးကြီး မျိုးထွန်း (ငြိမ်း)
စတသ(၂၇)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )

Wednesday, February 20, 2013

၄၃


၄၃ ဘောလုံးပွဲများ






Naypyidaw FC ဘောလုံးကွင်း





2012 Intake Day (Taungoo)




2013 Intak Day (Naypyidaw)






Monday, February 18, 2013

12th Intake Day